Pages

Pages - Menu

Wednesday, August 1, 2012

၂ဝ၁၃ ခုနှစ်တွင် အထပ်(၄ဝ)ပါ ကိုရီးယားစတိုင် မြို့ပြအိမ်ယာ စီမံကိန်းများအား မြို့ကြီး(၃)မြို့တွင် တည်ဆောက်မည်



၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဆင့်အမြင့်ဆုံး အထပ်(၄ဝ)ပါ ကိုရီးယားစတိုင် မြို့ပြအိမ်ယာ စီမံကိန်း
များအား မြို့ကြီး(၃)မြို့တွင် ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောက်လုပ်သွားမည် ဖြစ်ကြောင်း ( Father land) ဆောက်လုပ်ရေး ကုမ္ပဏီက ဆိုသည်။

 
ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့များတွင် တည်ဆောက်သွားမည်ဖြစ်ကာ တိုက်အမြင့် အထပ် (၃ဝ)မှ အထပ်(၄ဝ)ထိ ကိုးရီးယားနိုင်ငံ ဟန်ရှင်းကုမ္ပဏီမှ ဆောက်လုပ်ရန်ကမ်းလှမ်းပြီး၊ ၄င်းတို့နှင့် ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ( Father Land)ကုမ္ပဏီလီမိတက်မှ ဥက္ကဌဦးကျော်မြင့်က ပြောသည်။

 မြို့ပြအိမ်ယာစီမံကိန်း တည်ဆောက်ရာတွင် ရုပ်ရှင်ရုံ၊ ကစားကွင်း၊ ဘဏ်၊ ရုံးခန်းနှင့် လူနေအိမ်ခန်း များပါဝင်ပြီး ကိုးရီးယားနိုင်ငံကဲ့သို့ အဆင့်မြင့်တည်ဆောက်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

  အဆိုပါ ကွန်ဒိုများကို အချိန်ကာလဖြင့် ပိုမိုအာမခံနိုင်ရန်၊ ယန္တယားများအသုံးပြုမှုနှင့် ပြည်ပမှ နည်းပညာ ရလာဒ်များ ထွက်ပေါ်စေရန်အတွက် ကိုးရီးယားကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းရခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။
 
'ကျွန်တော်တို့က ပညာရှင်ရယ် ယန္တယားရယ်ပဲ အကူအညီယူမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ (၁၂)ထပ်တိုက်ကို (၂)နှစ်ကြာအောင် ဆောက်တယ်။ သူတို့တွေကအထပ် (၃ဝ)၊ (၄ဝ) ကို တစ်နှစ်နဲ့ အပြီး ဆောက်တယ်။ အဲတော့ ကွန်ဒိုတွေဆောက်တဲ့ပိုင်းမှာသက်တမ်းအားဖြင့်အချိန်ကုန်သက်သာမယ်ဟု ( Father Land)ဥက္ကဌ ဦးကျော်မြင့်က ပြောသည်။
 
မြို့ပြအိမ်ယာစီမံကိန်းအား ရန်ကုန်မြို့တွင် ရန်ကင်းမြို့နယ်နှင့်လမ်းမတော်မြို့နယ်၊ မန္တလေးမြို့တွင်မြို့သစ်
မြေနေရာများနှင့် ပုသိမ်တွင် ဟိုတယ်များ ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အိမ်ယာစီမံကိန်းနှင့်ပတ်သက်၍ ကိုးရီးယားနိုင်ငံသည် အာရှထိပ်တန်းဟု ယုံကြည်သောကြောင့် ဟန်းရှင်း
ကုမ္ပဏီနှင့် ဇူလိုင်လဒုတိယပတ်တွင် စာချုပ်ချုပ်ဆိုကာ အကျိုးတူပူးပေါင်းခဲ့ခြင်းဖြစ် သည်ဟု( Father Land) က သိရသည်။
 
မြန်မာနိုင်ငံတွင် အထက်(၃ဝ)မှ (၄ဝ)အထိ ဆောက်လုပ်မည်ဟုဆိုရာ၌ မြန်မာနိုင်ငံရှိ ဟိုတယ်များ (၂၅)
ထပ် အထိဆောက်လုပ်နေသည်ကို တွေ့ရသည်အတွက် လူနေအိမ်များအား အထပ်မြင့်ဆောက်လုပ်ခွင့်နှင့်
ပတ်သက်၍ အကြောင်းအရင်းအား ဦးစွာရှာဖွေသင့်ကြောင်း စင်္ကာပူနိုင်ငံတွင် အင်ဂျင်နီယာတစ်ဦးအဖြစ်
သွားရောက်လုပ်ကိုင်ခဲ့သူတစ်ဦးက အကြံပြုပြောဆိုခဲ့သည်။
 
'အဲဒါက ဘာလို့ခွင့်မပြုလဲဆိုတာ ရှာဖွေသင့်တယ် တချို့ကိစ္စတွေမှာ ငလျင်ကြောတွေ့မိတာမျိုး အောက်က   မြေသားက   ဖောင်ဒေးရှင်းအတွက်ကို အဆင့်တန်းမမှီတာမျိုး အဲဒါမျိုးတွေဆိုရင်တော့ အထပ်အမြင့်ကြီး
တွေ မဆောက်သင့်ဘူး'ဟု စင်္ကာပူနိုင်တွင် အင်ဂျင်နီယာတစ်ဦးအဖြစ် သွားရောက် လုပ်ကိုင်ခဲ့သူ ဘလော့
ဂါ ကိုနေဘုန်းလတ်က ပြောသည်။


ရွှေ့ပြောင်းနိုင်သောအိမ်ယာစီမံကိန်းများကိုလည်း ဆောက်လုပ်နိုင်ရန်စီစဉ်ထားပြီး မြစ်ဝကျွန်းပေါ် ဒေသ
တွင် ရွှေ့ပြောင်းအိမ်ယာများ အများဆုံးဆောက်လုပ်ရန် ရည်၇ွယ်ထားကြောင်းကိုလည်း (Father Land) မှ သိရှိရသည်။


မြစ်မခသတင်းမီဒီယာ

No comments:

Post a Comment