Pages

Pages - Menu

Sunday, August 19, 2012

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရိုးမြို့မှာ တောင်ကျချောင်းရေတွေကြာင့်ရေကြီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရိုးမြို့မှာ မိုး အဆက်မပြတ်သည်းထန်ပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့
တောင်ကျချောင်းရေတွေကြာင့်ရေကြီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါတယ်။ဒီကနေ့ နေအိမ်တွေ ပြိုကျမှုတွေ၊ ရေစီးနဲ့မျှောပါပျောက်ဆုံး နေသူတွေ ရှိတယ်လို့ ရေဘေးဒုက္ခသည်
တွေကို လိုက်လံကူညီပေးနေတဲ့ ကိုထွန်းနိုင်က RFA ကို ပြောပါတယ်။


ရေကြီးမှုကြောင့် နေအိမ်တွေထဲ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ကလေးငယ်တွေ ကို စစ်တပ်၊ ရဲ စတဲ့အာ
ဏာပိုင် တွေက ကယ်ဆယ်ရေးတွေ  ဆောင်ရွက်နေတာ မြင်တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါ
တယ်။

ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေတဲ့ အေဒီချောင်းနံဘေးက ရပ်ကွက် (၁)၊ရပ်ကွက် (၉)နဲ့ (၁၀)တို့မှာကူ
ညီကယ်ဆယ်ရေးလုပ်ငန်းတွေ အဓိက လုပ်ဆောင်နေပြီး၊ ဒုက္ခသည် စခန်း ၃ ခုကိုလည်း အရေးပေါ် 
ဖွင့်လှစ် ထားရတယ်လို့ သိရပါတယ်။
 
RFA (Burmese)

No comments:

Post a Comment