မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သြဂုတ်လကုန်ပိုင်းမှစ ၍သက်ကြီးအနုပညာသည်(၄၈)ဦးအား လစဉ်ကန်တော့ခံထောက် ပံ့ငွေ
ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။'ဒီလကုန်ကစပြီးတော့ ဦးစီးအမှုဆောင်အသစ် အစည်းအဝေးဆုံးဖြတ်ချက်အရသက်ကြီး
ပညာရှင် (၉)ဦးကို တိုးပြီးတော့ထောက်ပံ့မှာပါ'ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှပြန်ကြားရေးမှူး ဦးအေးကြူလေးကပြောသည်။
အစည်းအရုံးမှ လစဉ်သက်ကြီးပညာရှင် (၄၁)ဦး ကန်တော့ခံထောက်ပံ့ငွေပေးအပ်ခဲ့ရာမှ သက်ကြီး ရုပ်ရှင်ပညာရှင် ဒိုင်ဗင်ဦးတင်
လှနှင့်ဒေါ်မေကြည်သိန်းတို့ နှစ်ဦးကွယ်လွန်ခဲ့ပြီး သက်ကြီးပညာရှင် (၃၉)ဦးသာကျန်ရှိ သည့် အတွက် ယခု (၂ဝ၁၂ခုနှစ်)သြဂုတ်
လကုန်ပိုင်းတွင်သက်ကြီးပညာရှင် (၉)ဦး တိုးမြှင့်ကာ (၄၈)ဦးအား ကန်တော့ခံထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရ
သည်။
'ဒီရုပ်ရှင်အစည်းအရုံးမှာ ကန်တော့ခံမယ့် ရုပ်ရှင်ပညာသည်ကြီးတွေအနေနဲ့ရုပ်ရှင်အစည်း အရုံးမှာပဲ လျှောက်လွှာတင်ရပါ့မယ်။
ပြီးတော့ဦးဇင်ဝိုင်းလက်ထက်မှာ ထောက်ပံ့ငွေကြေးတွေကိုလည်းတိုးမြှင့်ပေးထားပါတယ်'ဟု ပြန်ကြားရေးမှူး ဦးအေးကြူလေး
က ဆက်ပြောသည်။
ရုပ်ရှင်အစည်းအရုံးလက်ထက်တွင် လစဉ်ကန်တော့ခံထောက်ပံ့ငွေကျပ်ငါးထောင်(၅ဝဝဝ)နှင့် နှစ်စဉ်ကန်တော့ခံ ထောက်ပံ့ငွေ
ကျပ် ငါးသောင်း(၅ဝဝဝဝ)ချီးမြှင့်ခဲ့ရာမှ ယခု (၂ဝ၁၁-၂ဝ၁၂ ခုနှစ်)ရုပ်ရှင်အစည်းအရုံးအမှုဆောင်သစ်လက်ထက် ပထမဦးဆုံး
အကြိမ်ပြုလုပ်ခဲ့သောအစည်းအဝေးတွင် လစဉ်ကန်တော့ခံထောက်ပံ့ငွေကျပ် တစ်သောင်း(၁ဝဝဝဝ)နှင့်နှစ်စဉ် ကန်တော့ခံ
ထောက်ပံ့ငွေကျပ် တစ်သိန်း(၁ဝဝဝဝဝ)သို့တိုး ၍ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးမှ လစဉ်ထောက်ပံ့ငွေများအားအသက်(၇၅)နှစ်ရှိ အသက်ကြီးပညာရှင် များအား ပေးအပ်ပြီး နှစ်စဉ်
ကန်တော့ခံသက်ကြီးပညာရှင်များမှာ အသက် (၇ဝ)နှစ် အနည်းဆုံးရှိရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ကျော်ဇင်မန်း(မြစ်မခ)
No comments:
Post a Comment