မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က အလုပ်သမား ခေါင်း
ဆောင် တွေဟာ ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်း
ဆောင်တွရဲ့ ရုံးခန်းကို ဒီကနေ့ ပထမဆုံးအကြိမ် လာရောက် အကူအညီ တောင်းခံခဲ့ပါတယ်။
မိုးထိမိုးမိဒေသက ရွှေတူးဖော်ရေး လုပ်ငန်းခွင်မှာ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေနဲ့ အမျိုးသား ကြီးပွား တိုး
တက်ရေး ကုမ္ပဏီတို့ အကြား ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရ
သတ္တုတွင်း ၀န်ကြီးရဲ့ ဖြေရှင်းမှုကို မကျေနပ်တဲ့ အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို အခုလို အကူအညီ တောင်းခံရတာ ဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောပါတယ်။
"သတ္တုတွင်းဝန်ကြီး ကိုယ်တိုင် ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဖြေရှင်းမပေးတဲ့အ
"သတ္တုတွင်းဝန်ကြီး ကိုယ်တိုင် ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဖြေရှင်းမပေးတဲ့အ
တွက် ၈၈ မျိုးဆက်ကို အခုလို
အကူအညီတောင်းခံရတာ ဖြစ်ပါတယ်။ ကျမတို့က ဒီလိုမှ မရရင် ဆန္ဒပြပြီး
တောင်းမှာပဲ။"
မိုးထိမိုးမိတောင် ရွှေတူးဖော်ရေး လုပ်သားတွေရဲ့
တောင်းဆိုချက်တွေကို မန္တလေးတိုင်း အစိုးရအဖွဲ့က တာ
ဝန်ယူ ဖြေရှင်းပေးတာ
မရှိဘဲ၊ တရားစွဲဖို့သာ အကြံပြုခဲ့တဲ့ အတွက် အလုပ်သမားတွေ အနေနဲ့ ဥပဒေအ
ကြောင်း သိနားလည်မှု၊ အမှု ရင်ဆိုင်ကုန်ကျ စရိတ် စတဲ့ အခက်အခဲတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။
"သာမန်ပြည်သူတွေက ဥပဒေကြောင်းလည်း နားမလည်ကြဘူး။
နောက်ပြီးတော့ တရားစရိတ်ဆိုလည်း မ
တတ်နိုင်ကြဘူးဗျ။ အဲဒီအချက်ကို သူတို့ကောင်းကောင်း သိထားပုံရပါတယ်။".. မင်းကိုနိုင်
(၈၈) မျိုးဆက် ကျောင်းသားတွေအနေနဲ့ အဲဒီအခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးသွားမယ်
လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောပါတယ်။
"သာမန်ပြည်သူတွေက ဥပဒေကြောင်းလည်း နားမလည်ကြဘူး။ နောက်ပြီးတော့ တရားစရိတ်ဆိုလည်း မ
"သာမန်ပြည်သူတွေက ဥပဒေကြောင်းလည်း နားမလည်ကြဘူး။ နောက်ပြီးတော့ တရားစရိတ်ဆိုလည်း မ
တတ်နိုင်ကြဘူးဗျ။ အဲဒီအချက်ကို
သူတို့ကောင်းကောင်း သိထားပုံရပါတယ်။ ဒါကြောင့်မို့လို့ မူလ စာချုပ်ပါ
အချက်အလက်တွေကို ဘာတခုမှ အကောင်အထည် မဖော်တော့ဘဲနဲ့ တရားစွဲရင်လည်း သူတို့
ရင်ဆိုင်မယ်
ဆိုတဲ့ သဘောမျိုး ပြောတာပေါ့။
အဲဒီတော့ ကျွန်တော်တို့က
ပြည်သူတွေ သာမန် အလုပ်သမားတွေရဲ့ ချို့ငှဲ့နေတဲ့ ဥပဒေ အကြောင်းအရာစုံ
သိရှိဖို့ရယ်၊ နောက်ပြီးတော့ တရားစရိတ် တတ်နိုင်ဖို့ရယ်ကို ၀ိုင်းပြီးတော့
စဉ်းစားပေးဖို့ပါပဲ။ မဟုတ်လို့ရှိရင် ဒီဖြစ်ရပ်မျိုးဟာ
တပြည်လုံးအတိုင်းအတာအနေနဲ့ ဆင့်ကဲဆင့်ကဲ ဖြစ်လာမယ်ဆိုလို့ရှိရင်
အင်မတန်လည်း နစ်နာတယ်။ ဒါကြောင့်မို့လို့ အရင်ဆုံးပေါ်လာတဲ့ ကိစ္စတွေကို
ကျွန်တော်တို့က အခြေခံကျတဲ့ ပြည်သူတွေ
ဘက်က ၀ိုင်းကြည့်ပေးရပါလိမ့်မယ်။ "
မိုးထိမိုးမိရွှေလုပ်သားတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ များ
မိုးထိမိုးမိရွှေလုပ်သားတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ များ
မကြာခင်က ရန်ကုန်မြို့
အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရုံးကို တင်ပြထားတယ်လို့လည်း
သိရပါတယ်။
ကုမ္ပဏီဘက်ကတော့ အလုပ်သမားတွေ ပြောတဲ့အချက် (၆) ချက်လုံးကို ဖောက်ဖျက်မှု မရှိဘူးဆိုပြီး ပြီးခဲ့တဲ့
ကုမ္ပဏီဘက်ကတော့ အလုပ်သမားတွေ ပြောတဲ့အချက် (၆) ချက်လုံးကို ဖောက်ဖျက်မှု မရှိဘူးဆိုပြီး ပြီးခဲ့တဲ့
သီတင်းပတ် စနေ့နေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောကြားခဲ့ပါတယ်။
RFA (Burmese)
No comments:
Post a Comment