Pages

Pages - Menu

Thursday, August 30, 2012

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ပတ်စ်ပို့ဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလာခွင့် ပြန်လည် ဖွင့်လှစ်

 
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့် နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်သွားလာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့ က  ပြန်လည် ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
အခြေအနေ တည်ငြိမ်စပြုလာသည့် အတွက် မြန်မာ နစကနှင့် တက်က နက် အခြေစိုက် ဘီဂျီဘီ အမှတ်(၄၂) တပ်ဖွဲ့တို့မှ ဆွေးနွေး ညှိနှိုင်းချက် အရ နှစ်နိုင်ငံ ပတ်စ်ပို့ဖြင့် သွားလာခွင့် ပြုထားသော နယ်စပ်ဂိတ် ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
 
စတင်ဖွင့်လှစ်ခဲ့သည်နံနက်ပိုင်း၁၀နာရီမှစတင်ပြီးဘင်္ဂလာဒေခ်ျ့ တက်ကနက် မြို့မှနေ မြန်မာနိုင်ငံ မောင်
တောသို့ခရီးသွားသူဘင်္ဂလားဒေ့ခ်ျနိုင်ငံသား၃၆ဦးရှိခဲ့ပြီးမြန်မာနိုင်ငံမောင်တောဘက်ကနေ ဘင်္ဂလာဒေခ်ျ့
ဘက်သို့  ၀င်ရောက်လာသူ ခရီးသည် ၄၉ဦး ရှိကြောင်း သိရသည်။
 
အ၀င်အထွက် ပြုလုပ်သူ အားလုံးမှာ နှစ်ဘက်နိုင်ငံက ထုတ်ပေးထားသော ပတ်စ်ပို့များကို အသုံးပြု သွားလာခဲ့ကြသည်ဟု ဆိုသည်။
 
နှစ်နိုင်ငံ စီးပွားရေးအရ ကူးလူးဆက်သွယ်နေသည့် နယ်စပ်ဂိတ်ကို ကာလာတာရှည်စွာ ပိတ်ထားရသည့် အတွက် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အခွန်ဘဏ္ဍာဝင်ငွေမှာ အကြီးအကျယ် နစ်နာမှုဖြစ်ခဲ့ရဟု သိရသည်။
 
အလားတူ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အထူးသဖြင့် ရခိုင်ပြည်ဘက်မှ စီးပွားရေး သမားများ အတွက် အလွန်တရာ ဆုံးရှုံးနစ်မှုရှိခဲ့ပြီး တချို့ စီးပွားရေးသမားများမှာ နာလန်မ ထူနိုင်အောင် အထိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်လှစ်ထားသော်လည်း နှစ်နိုင်ငံ စီးပွားရေးသမားများ အကြား ယုံကြည်ချက် တည်ဆောက်မှုအပိုင်းတွင်အားနည်းနေသေးသဖြင့်ကုန်တင်သင်္ဘောများဝင်ထွက်သွားလာမှု မရှိသလောက်
 ဖြစ်နေသေးသည်ဟု တက်ကနက် မြို့မှ နယ်စပ်ကုန်သည် တဦးက ပြောသည်။
 
“နေ့ချင်းပြန် ပတ်စ်ပို့နဲ့ ဟိုဘက်ဒီဘက် သွားလာခွင့်ကိုတော့  မနေ့က စတင်ပြီး ပြန်ဖွင့်လှစ် ပေးလိုက်တဲ့ အတွက်ခရီးသည်တွေသွားနေကြတာတွေ့ရပါတယ်။ဒါပေမဲ့အရင်ကလိုကုန်တင်သင်္ဘောတွေ၊ ဆန်ဘုတ်
တွေ၊ သစ်ဘုတ်တွေ အရောက် အပေါက် သိပ်မရှိဘူး။ 
 
အဓိကတော့ ယုံကြည်မှုအပိုင်းမှာ တစ်ဘက်နဲ့ တစ်ဘက် တော်တော် အားနည်းနေတဲ့ အတွက် ဖြစ်တယ်လို့ ယူဆပါတယ်”ဟုပြောသည်။သို့သော်လည်းနယ်စပ်ကုန်သွယ်ရေး အခြေအနေ ပုံမှန် ဖြစ်လာမည်ကို အများ
က လိုလား မျှော်လင့်ေ နကြသည်ဟု သိရသည်။
 
 
နယ်စပ်သတင်း

No comments:

Post a Comment