Pages

Pages - Menu

Thursday, August 23, 2012

နျူရီဆာဟင်ကို အငှားခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရ


အာဆင်နယ် အသင်းသည် ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား နျူရီဆာဟင်ကို အငှားခေါ်ယူရန် သ
ဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ အသက်(၂၃)နှစ်ရှိ တူရကီ လက်ရွေးစင်အား ရာသီကုန်ထိ ခေါ်ယူရန်အ
တွက် အာဆင်နယ်က ပေါင်စတာလင် (၂)သန်း ပေးချေရမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ 
သို့သော်လည်း ဆာဟင်ကို ရာသီကုန်တွင် အပြီးသတ် ဝယ်ယူရန် အတွက်မူ အာဆင်နယ် အနေဖြင့်စပိန်
လာလီဂါ ချန်ပီယံ အသင်းနှင့် သီးခြား ညှိနှိုင်းမှုများ ပြုလုပ်ရမည် ဖြစ်သည်။

ဆာဟင်သည် ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့တ်မန်တွင် အထူးအောင်မြင်မှုများ ရရှိခဲ့သည့်နောက် ရီးယဲလ်

သို့ ပြောင်းရွှေ့ခဲ့သော်လည်း ဒဏ်ရာ ပြဿနာများကြောင့် ရုန်းကန်နေခဲ့ရသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အမ်းမရိတ်စ်တွင် ဆာဟင်အနေဖြင့် ပေါ်လွင်စွာ ခြေစွမ်းပြနိုင်ပါက ရာသီကုန်တွင်
ပေါင်စတာလင် (၁၄)သန်းဖြင့် အပြတ်ဝယ်ယူရန် ဆန္ဒရှိနေသည်။ 

အာဆင်နယ်သည် ဘာစီလိုနာသို့ ကင်မရွန်း ကွင်းလယ်လူ အဲလက်စ်ဆောင်းအား ပြောင်းရွှေ့ခွင့် ပေးခဲ့
သည့်နောက် ဆာဟင်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ လီဗာပူးလ် အသင်းကလည်း ဆာဟင်ကိုချိတ်
ဆက်ခဲ့သေးသည့်တိုင် အာဆင်နယ်က ကစားသမားကို လက်ဦးမှုယူ စာချုပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်း
ဟု သိရှိရသည်။

Source: DailyMail

No comments:

Post a Comment