မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်နဲ့ လျော်ညီတဲ့ သတင်းလွတ်လပ်ခွင့်
ရရှိအောင် ဆန္ဒပြတောင်းဆိုဖို့အတွက် သတင်းမီဒီယာသမားတွေစုပေါင်းပြီး လာမယ့်
အင်္ဂါနေ့မှာ ခွင့်ပြုချက် လျှောက်ထားမယ်လို့ သတင်း လွတ်
လပ်ခွင့် ကော်မတီက မနေ့က ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန် မြို့တော်ခန်းမအနီးမှာ ဆန္ဒပြဖို့ စီစဉ်ထားပြီး၊
ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ဆန္ဒပြခွင့်
လျှောက်ထားမှာဖြစ်တယ်လို့ သတင်းလွတ်လပ်ခွင့်ကော်တီရဲ့ ပြန်ကြားရေးတာဝန်ခံ
ဦးဇော်သက်ထွေးက RFA ကို ပြောပါတယ်။
သတင်းလွတ်လပ်ခွင့်ကော်မတီဝင် သတင်းထောက်တွေဟာ ရှေ့သီတင်းပတ်ဗုဒ္ဓဟူးနေ့မှာ စာနယ်ဇင်း လွတ်လပ်ခွင့်-Press Freedom စာသားပါ အမည်းရောင်ဦးထုတ်တွေကို ရန်ကုန်မြို့မှာ ဖြန့်ဝေသွားမှာဖြစ်ပြီး၊ သြဂုတ်လ (၂၃) ရက်နဲ့ (၂၄) ရက်နေ့တွေမှာလည်း The Voice ဂျာနယ်နဲ့ လျပ်တပြတ်ဂျာနယ်တွေ အမှုရင်

ဆိုင်နေရတဲ့ တရားရုံးရှေ့တွေကို
Press Freedom စာသားပါ အမည်းရောင်ဦးထုပ်နဲ့ အမည်းရောင်
တီရှပ်
အင်္ကျီတွေကိုဝတ်ဆင်ပြီး သွားရောက်သတင်းယူကြမယ်လို့လည်း သိရပါတယ်။
RFA (Burmese)
No comments:
Post a Comment