ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ အတွင်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့
အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က စုံစမ်းစစ်ဆေးရေး
ကော်မရှင် ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့သမ္မတရုံးကအမိန့်စာ
ထုတ်ပြန်လိုက်ပါတယ်။ ဒီ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ “ဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး
စုံစမ်း စစ်ဆေးဖို့နဲ့ အမျိုးသား အကျိုးစီးပွား တိုးတက်ရေး
အကြံပြုဖို့အတွက်” ရည်ရွယ်ပြီး ဖွဲ့စည်းလိုက်တာ လို့သမ္မတရုံး အင်တာနက်
စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကော်မရှင်ရဲ့ တာဝန်ဟာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်း၊ မတူ ကွဲပြားတဲ့ ဘာသာ အယူဝါဒ၊ လူမျိုးစုတွေ အကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေရေး၊ ပဋိပက္ခအတွင်း သေဆုံးသူ ဒဏ်ရာရသူနဲ့ ပျက်စီးဆုံးရှုံးမှုတွေ စုံစမ်းရေး အပါအဝင် လုပ်ငန်းတာဝန် ၈ ခု ချမှတ်ပေးထားတာကို တွေ့ရပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် သာသာနာရေး ဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမြင့်၊ အတွင်းရေးမှူး အဖြစ် Myanmar Egress အဖွဲ့က ဒေါက်တာ ကျော်ရင်လှိုင် တို့ကို ခန့်အပ် တာဝန်ပေးထားပါတယ်။
ကော်မရှင်မှာ အဖွဲ့ဝင် ၂၅ ဦး ပါဝင်ပြီး အဲဒီအထဲမှာ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ စာရေးဆရာ မောင်ဝံသ၊ အနုပညာရှင် ဦးဇာဂနာ၊ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ

အေးမောင် စတဲ့ ပုဂ္ဂိုလ်တွေအပြင် ဘာသာရေး
နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။
RFA (Burmese)
No comments:
Post a Comment