Pages

Pages - Menu

Sunday, August 19, 2012

ရေတပ် တပ်ကြပ် မောင်ညိုနှင့် အဖွဲ့ ဒေသခံ ရခိုင်လူထုများ အပေါ် ဗိုလ်ကျနေ



မြန်မာ့ ရေတပ်မှ တပ်ကြပ်ကြီးနှင့် တပ်ဖွဲ့ဝင်များ ဗိုလ်ကျအနိုင်ခံနေခြင်းကို သက်ဆိုင်ရာမှ အရေးယူပေး
ပါရန် ရိုသေစွာ တင်ပြခြင်း

ကျောက်ဖြူမြို့နှင့် (၃၃) မိုင်ဝေးသော ကလန့်တဲ ကျေးရွာ ပိုင်မြေဧက (၅၀)ခန့်ကို လွန်ခဲ သော(၈) နှစ်ခန့်
မှ စ၍ ကြက်ဆူ စိုက်ရန် မတရား သိမ်ပိုက်ခဲ့ပြီး ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကလန်.တဲ၊ မူရွင်း၊ ကုန်ဘောင်၊ ကင်အုတ်စု၊ ရမ်းဗြဲမြို့နယ် လေးတောင်နယ်နှင့် ဇင်းချောင်းကျေး ရွာအုပ်စုတို့မှ ဒေသခံ ပြည်
သူ များမှာ အမျိုးမျိုး အနိုင်ကျင့်ခြင်းကို ခံခဲ့ရပါသည်။


လွန်ခဲသော(၂)နှစ်ကျော်မှ ၄င်းကြက်ဆူခြင်းကို မြေပဲ စိုက်ရန် အကြောင်းပြချက်ဖြင့် တပ်ဖွဲ. ၀င်များနှင့် တာ
ဝန်ခံ တပ်ကြပ်ကြီး မောင်ညိုတို့မှာ ပတ်ဝန်းကျင် ကျေးရွာများကို ညအချိန် အရက်သေစာ သောက်စားပြီး
ကျေးရွာရှိလူငယ်များကိုအနိုင်ကျ
င်.ရိုက်ပုတ်ခြင်းကျေးရွင်တွင်း
အော်ဟိုက်ဆူပူခြင်း လင်ယောင်္ကျားများ မရှိ
သော အိမ်များကို ညအချိန် ၀င်ရောက်ခြင်း ပြုလုပ်နေသော်လည်း ရေတပ် တပ်ကြပ်ကြီး မောင်ညိုကို
ကြောက်၍ အမှု မတိုင်ဘဲနေကြပါသည်။

ကင်းချောင်းထဲတွင် သွားလာနေကြသော ခရီးသွားစက်လှေများနှင်. ငါးဖမ်းစက်လှေများ ထံမှ မတရားငွေ
နှင့် ဒီဇယ်ဆီများကို ကောက်ခံနေကြပါသည်။ပျက်ကွက်သော
စက်လှေများကိုနည်း စုံနှင့် အနိုင်ကျင့် နေပြီး
 ဒေသခံများ ကို “မင်းတို့ တိုင်ချင်တဲ့နေရာမှာ တိုင်နိုင်တယ်။ ငါမှာ ရေတပ်ဗိုလ်ချုပ် ရှိတယ် စောက်ဂရုမ
စိုက် ဘူး” ဆိုပြီး အနိုင်ကျင့် နေသောကြောင့် ဒေသခံများမှာ သက်ဆိုင်ရာ ရေတပ်ကို အကြိမ်ကြိမ် တိုင်
ကြား သော်လည်း တပ်ကြပ်ကြီး မောင်ညိုနှင့် တပ်ဖွဲ.၀င်များမှာ ယနေ့ အချိန်ထိ ရှိနေကြပါ သောကြောင့်
ဒေသခံ ပြည်သူများမှာ စိုးရိမ်နေကြပါသည်။

ကျောက်ဖြူမြို့မှ ကင်းကူတိုးဆိပ်သို့ ပြေးဆွဲနေသော မော်တော်ယဉ် ကားသမားများနှင့် မကြာ ခဏ စကား
များ ရန်ဖြစ်မှုများ ရှိနေသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုင်ကြားသော်လည်း၎င်းတပ်ကြပ်
ကြီး မောင်ညိုမှာ ဆက်လက်၍ အနိုင်ကျင့် လျှက်ရှိနေသောကြောင့် သမ္မတကြီး ဦသိန်းစိန်နှင်.ကာကွယ်ဦစီး
ချု
ပ် (ရေ)တို့ မှာပြည်သူမျာကိုသနားသောအားဖြင့် ကူညီဆောင်ရွက် ပေးနိုင်ပါရန် တင်ပြလိုက်ခြင်းဖြစ်ပါ
သည်။

ကင်းသား(ကျောက်ဖြူ)

Narinjara Media:

No comments:

Post a Comment