Pages

Pages - Menu

Thursday, August 30, 2012

ဦးအောင်သောင်း တပည့် မှ မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေ သိန်းထောင်ကျော် အလွဲသုံးစားလုပ်


ပြီးခဲ့သည့် ၂၀၁၀နိုဝင်ဘာရွေးကောက်ပွဲတွင်မန္တလေးတိုင်းဒေသကြီးပြည်ထောင်စု ကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီ
ကိုဗဟိုမှရံပုံငွေကျပ်သိန်းသုံးသောင်းကျော်ချထားပေးရာ စာရင်းမှန်ကန်စွာမပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ်ပြထား ကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ကျပ်သိန်းနှစ်သောင်းကျော် ကွာဟမှုကြောင့် မန္တလေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီတာဝန်ခံ စက်မှုဝန်ကြီး ဟောင်း ဦးအောင်သောင်းမှ စိတ်ဆိုးဒေါသထွက်ပြီးဘဏ်စာအုပ်များသိမ်းသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
တပ်မတော်အစိုးလက်ထက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရှိ စီပွားရေးလုပ်ငန်းများကိုအသင်း
အနေဖြင့် လုပ်ကိုင်ခဲ့ကြောင်း ပါတီအဖြစ် အသွင်ပြောင်းပြီးနောက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စီပွားရေးလုပ်
ငန်းအဖြစ် အမည်ခံကာ  လုပ်ကိုင်စေကြောင်း ဦးအောင်သောင်းအနေဖြင့် အသင်းအမည်မခံဘဲ နယူးဒေလီ စက်သုံးဆီဆိုင်များဖွင့်ကာ အယ်ပိုင်း ဒေါက်တာစိုင်းစံထွန်းကို လုပ်ကိုင်စေကြောင်း ထိပ်သီးစီးပွားရေးလုပ်
ငန်းရှင်တစ်ဦးက ပြောကြားသည်။


Mandalay News:

No comments:

Post a Comment