Pages

Pages - Menu

Thursday, August 2, 2012

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ဖွဲ့စည်း


သြဂုတ်လ(၁)ရက်နေ့ ညနေပိုင်းက တော်ဝင်နှင်းဆီစာသောက်ဆိုင်တွင် သတင်းမီဒီယာသမားများတွေ့


ဆုံဆွေးနွေးကြပြီးနောက် သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း


သိရသည်။



 ထို့နောက် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။




ယင်းထုတ်ပြန်ချက်တွင် အချက်(၇)ချက်ပါရှိပြီး၊ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ကြသည်။

(၁) ပိတ်ပင်ခံထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်၊ လျှပ်တစ်ပြက် တို့ကို ချက်ချင်း





ပြန်လည်ထုတ်ဝေခွင့်ပေးရန်။




(၂) ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊





 မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်။




(၃) ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း
ဖျက်





သိမ်းပေးရန်။




(၄) သတင်းမီဒီယာများအပေါ် အရေးယူမှုများကို ထပ်မံဆောင်ရွက်ခြင်း မပြုရန်။






(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုများကို အစိုးရက ဥပဒေကြောင်းအရ 





တရားစွဲဆိုမှုများကို ချက်ချင်းရပ်ဆိုင်းရန်။




(၆) မီဒီယာသမားများ၏ သဘောဆန္ဒမပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို 
လက်





ခံပါ။




(၇) လက်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာများအား နိုင်ငံတော်၏ 



တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်။



ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ သတင်းမီဒီယာသမား တစ်ရာခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။







Popular Myanmar Media:

No comments:

Post a Comment