ရန်ကုန်တိုင်း
ဒေသကြီးအစိုးရက လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အပေါ် ပုဒ်မ
၅ဝ၅ (က) (ဂ) နဲ့ တရားစွဲဆိုထားတဲ့ အမှုကို ပုဇွန်ထောင်မြို့နယ် တရားရုံးမှာ
ဒီကနေ့ ကြားနာ စစ်ဆေးခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး- လျှပ်တပြက်ဂျာနယ်ရဲ့ ရေးသားချက်တွေဟာ
တိုင်းပြည်ထဲမှာ လူမျိုးရေးဘာသာရေး
ဆူပူမှုတွေ ဖြစ်ခဲ့တာ၊ ပုဒ်မ ၁၄၄
ထုတ်ပြန်ခဲ့ရတာ မရှိတဲ့အကြောင်း လျှောက်လဲချက် ပေးခဲ့တယ်လို့
ဦးမြတ်
ခိုင်ရဲ့ အကျိုးတော်ဆောင် ရှေ့နေ ဦးဝင်းရွှေက ပြောပါတယ်။
ဒီအမှုကို စွဲချက်တင်သင့် မတင်သင့် ကိစ္စနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၇ ရက်နေ့မှာ ပုဇွန်တောင် တရား

ရုံးက အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မယ်လို့
သိရပါတယ်။
ဦးမြတ်ခိုင်ကို စွဲချက်တင်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက တရားရုံးကို လျှောက်ထား ခဲ့ပေမယ့် ဦးမြတ်ခိုင်ကို စွဲချက် မတင်သင့်ကြောင်းနဲ့ တရားသေ လွှတ်ပေးဖို့ ပြန်လည်တင်ပြထား တယ်လို့ ရှေ့နေ ဦးဝင်းရွှေက ပြောပါတယ်။
သတင်းလွတ်လပ်ခွင့် ကော်မတီဝင် မီဒီယာသမားတွေဟာ Press Freedom စာသားပါ အနက်ရောင်ဦးထုတ် လှုပ်ရှားမှုအဖြစ် ပုဇွန်ထောင်မြို့နယ် တရားရုံးရှေ့ကို ဒီကနေ့ စုဝေး သွားရောက်ခဲ့ကြပြီး ဦးမြတ်ခိုင်ကို အား

ပေးစကား
ပြောခဲ့ကြပါတယ်။
RFA (Burmese)
No comments:
Post a Comment