ပြီးခဲ့တဲ့သြဂုတ်လ(၈)ရက်နေ့ကပြုလုပ်ခဲ့တဲ့ စစ်တွေဆိပ်ကမ်းတည်ဆောက်ရေး အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်ရေး ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုမျိုးဇော်ထွန်းနဲ့ မိမိတို့ ၂ ဦးကို Essar ကုမ္ပဏီက ဒီကနေ့ အလုပ်က ထုတ်ပ
ကို လကုန်ပြီးပြီးချင်း ထုတ်မပေးဘဲ အလုပ်သမားတာဝန်ခံတွေက အလုပ်သမားတွေကို (၁၅)ကျပ်အတိုးနှုန်းနဲ့ငွေတိုးချေးစားနေ
ခဲ့ကြောင်း နဲ့ မူရင်းလစာတွေကို လကုန်ပြီး နောက်လ (၁၈)ရက် ဝန်းကျင်လောက်ကျမှ ထုတ်ပေးလေ့ရှိကြောင်း သိရပါတယ်။ လစာပေးတဲ့အခါမှာ ရာထူးချင်း၊ အလုပ်လုပ်ရပုံချင်းတူပေမယ့် လစာငွေက ကုမ္ပဏီလူကြီးပိုင်းရဲ့ သဘောဆန္ဒအလျောက် သုံးဆလောက်ကွာဟမှု ရှိတယ်လို့လည်း ကိုထွန်းသိန်းကပြောပါတယ်။
ဒါ့အပြင် အဲဒီလုပ်ခလစာတွေကိုလည်း Eassar ကုမ္ပဏီက လစဉ် ၆ ရာခိုင်နှုန်းဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေကဆိုပါ
တယ်။
ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းဟာ မြန်မာ-အိန္ဒိယ ဆက်သွယ်မယ့် ကုန်သွယ်ရေးလမ်းကြောင်းသစ်မှာ အချက်အချာချာတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၂၀) အကုန်အကျခံတည်ဆောက်နေတာ ဖြစ်ပြီး လက်ရှိမှာ လုပ်ငန်း ၄၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီလို့ဆိုပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

No comments:
Post a Comment