Pages

Pages - Menu

Thursday, August 30, 2012

လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး


မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအာ
လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။

လျှပ်စစ်ဓါတ်အား ဖြန့်ဝေသည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီသို့ ယခုလို လုပ်ကိုင်ခွင့်ပြုခြင်း မှာ မြန်မာနိုင်
ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်း က မဇ္ဈိမကို ပြောသည်။ လုပ်ကိုင်ခွင့် ရရှိသွားသူမှာ မန္တလေး အခြေစိုက် ပစိဖိတ် အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်သည်။

“လျှပ်စစ် ဓါတ်အားကို ပုံမှန်နဲ့ ဗို့အားအပြည့် ဖြန့်ဝေနိုင်ဖို့ လောလောဆယ် 315 KTA ဗို့အားရှိ ထရန်စဖော်မာ ၂၂ လုံး ထပ်တပ်ဆင်
ဖို့ စီစဉ်နေတယ်” ဟု ဒေါ်အေးအေးမင်း က ဆိုသည်။

လျှပ်စစ်ဓါတ်အားခကို ယခင်အတိုင်း အိမ်သုံး တယူနစ်လျှင် ၃၅ ကျပ်နှုန်းနှင့် လုပ်ငန်းသုံး တယူနစ်ကို ၇၅ ကျပ်နှုန်းဖြင့်သာ ဆက်
လက်ကောက်ခံသွားမည်ဖြစ်သည်။

ရန်ကုန်(မဇ္ဈိမ)



No comments:

Post a Comment