Pages

Pages - Menu

Friday, August 10, 2012

ကားအမျိုးအစားမရွေးပြင်နိုင်သော ကန်သန်း(၃ဝ)တန်ဖိုးရှိ ကားဝပ်ရှော့တည်ဆောက် မည်



ရန်ကုန်မြို့တွင် အမေရိကန်ဒေါ်လာ သန်း(၃ဝ)ခန့် တန်ဖိုးရှိ မည်သည့်ကားမဆိုပြင်နိုင်သည့် ကားဝပ်ရှော့ကြီးတစ်ခုကိုဂျပန်ကား
ကုမ္ပဏီလီမိတက်က တည်ဆောက် သွားမည်ဖြစ်သည်။

“ သိပ်မကြာခင်အချိန်မှာ အကောင်အထည်ဖော်သွားမယ်။ နေရာကတော့ ဘုရင့်နောင်နား တစ်ဝိုက်မှာဖြစ်မယ်ထင်တယ်။ ကားဝပ်ရှော့တစ်ခု
ထဲမှာတင် ဒေါ်လာသန်း(၃ဝ)လောက် ရင်းနှီးမြှပ်နှံသွားမှာပါ’’ဟု ဂျပန်ကားကုမ္ပဏီလီ မိတက်မှ ဒါရိုက်တာဦးတင်အောင်မြင့်ကပြောသည်။

 အဆိုပါကားဝပ်ရှော့တွင်ကားစက်ပြင်ပစ္စည်းများတပ်ဆင်သွားရာ၍ နောက်ဆုံးပေါ်နည်းပညာများဖြင့် တပ်ဆင်သွားမည်   ဖြစ်သောကြောင့်မည်သည့်နိုင်ငံထုတ်ကားမျိုးမဆို ပြုပြင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

'' အဲဒီ ကားဝပ်ရှော့မှာ နောက်ဆုံးပေါ် အဆင့်မြင့်တွေပေါ့။ ကြိုက်တဲ့နိုင်ငံက ကားတွေအားလုံးကို ပြင်ပေးနိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့်အစစအရာရာ အဆင်ပြေ စိတ်ချနိုင်တယ်''ဟု ဂျပန်ကားကုမ္ပဏီလီမိတက်မှ ဒါရိုက်တာက ဆက်ပြောသည်။

ထိုကားဝပ်ရှော့တွင် ()နှစ်ခန့်ကြာမြင့်သော ဒီပလိုမာသင်တန်း တစ်ခုရှိမည်ဖြစ်ပြီး အဆိုပါ ဒီပလိုမာလက်မှတ်သည်   ပြည်ပနိုင်ငံများသို့ထွက်၍ လုပ်ကိုင်ပါက အဆင်မပြေနိုင်သော်လည်းမိမိနိုင်ငံအတွင်းတွင်  အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်
မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း(၄၅ဝ)ခန့်ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ပြီး ကားဝပ်ရှော့
ကြီးများ၊ကားနှင့်ပတ်သက်သော တက္ကသိုလ်နှင့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍအပါအဝင် ရန်ကုန်မြို့ရှိ ဘတ်စ်ကား လိုင်းများအားအဆင့်မြှင့်တင်ပေးရန် ဘတ်ကားအသစ်များ တင်သွင်းခြင်းတို့ကိုဆက်လက် ဆောင်ရွက် လုပ်ကိုင်သွား
မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

မြစ်မခသတင်း

No comments:

Post a Comment