Pages

Pages - Menu

Wednesday, August 29, 2012

ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား

Photo
ဓာတ်ပုံ - ကိုဇေ
ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူ
အင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိ
သော လူအများကို ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
 ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်း
နှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲ
ဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူအင်အားအဖွဲ့သည် အမှတ် ၁၅ ရပ်ကွက် ၊ မြစ်ကိုင်းရပ် လက်ပံကန်ချောင်တွင်နေထိုင်သောလူအ
ချို့ဖြစ်ပြီး ယခင်ကလည်းယခုလိုဖြစ်ရပ်ကဲ့သို့ပင် ရမ်းကားဖျက်ဆီးမှုလုပ်ရပ်များ လုပ်ဆောင်ခဲ့မှုမှတ်တမ်း
များရှိကြောင်း၊ 
 
၎င်းတို့သည် အနီးအနားရပ်ကွက်များသို့ဝင်ရောက်ပြီး ဥပဒေမဲ့အုပ်စုဖွဲ့ရမ်းကားခြင်းများကိုဆောင်ရွက်လျှက်
ရှိနေခြင်းကြောင့် အဆိုပါရပ်ကွက်များတွင်နေထိုင်ကြသော ဒေသခံမြို့သူမြို့သားများ၏ လုံခြုံရေးအခြေအ
နေမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း၊ တာဝန်ရှိသူများမှ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်
ရွက်မှုပြုလုပ်ရန်လိုအပ်လျှက်ရှိကြောင်း ယင်းဒေသခံများကပြောသည်။

ပေါ်ပြုလာမြန်မာ


No comments:

Post a Comment