၂၀၁၁ ခုနှစ် ကျောင်းသား တပ်မတော် ၂၃ နှစ်ပြည့် အခန်းအနားတွင် ABSDF မြောက်ပိုင်းကျောင်းသား အဖွဲ့နှင့် ကေအိုင်အို အဖွဲ့ဝင်များကို အတူတွေ့ရစဉ် |
ဒီကနေ့ ညနေ အချိန်က လက်ဂျားယန်အနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြန်မာပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ တ
တပ်စွဲထားတာဖြစ်ပါတယ်။
အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းကျောင်းသားအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးပုံကိုမြောက်ပိုင်းကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက ခုလို

ပြောပြပါတယ်။
"ခလရ ၄၀ ဆင်းလာတာ အဲဒါကြောင့် ကျနော်တို့ဆီကဟာနဲ့ ထိပ်တိုက်တွေ့ကြတာပေါ့။ ဒါပေမဲ့ အခြေအနေကတော့သူတို့ကတော့
ပြန်ဆုတ်သွားတဲ့ အနေအထား ၅နာရီခွဲကျော်ကျော်လောက်ကနေဖြစ်တာ။ တိုက်ပွဲကြီးတော့ မဟုတ်ပေမဲ့ လက်ဂျားယန်မှာ ထိုင်တဲ့ ခလရ ၄၀ လေ သူတို့ရိက္ခာပြတ်တယ်လေ။ ရိက္ခာလာပို့တဲ့အဖွဲ့တွေကို ကြိုမဲ့သဘောရှိတယ်။ အဲဒီအခါမှာ ကျနော်တို့စောင့်နေတဲ့

ကျောင်းသားရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့တာ။ ဒါပေမဲ့ အခြေအနေက ဘယ်လိုလာအုံးမလဲမသိဘူး။ ဆက်ဖြစ်ပွါးနေတာ"
ကျောင်းသားတပ်မတော်က အင်အား ၅၀ ကျော်လောက်ရှိပြီး ကေအိုင်အေ တပ်တွေနဲ့ ပူးတွဲ နေရာယူထားတယ်လို့လည်း သိရပါ

တယ်။
လဂျားယန်တောင်ကုန်းဟာ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးပြီး၂၀၁၁ ဇွန်လမှာ ကေအိုင်အေနဲ့ တိုက်ပွဲ စဖြစ်ကတည်း

က အစိုးရတပ်က အခိုင်အမာ တပ်စွဲထားတာ ဖြစ်ပါတယ်။အခုလို ရိက္ခာပို့လာတိုင်း ကေအိုင်အေနဲ့ ကျောင်းသားတပ်ဖွဲ့တွေနဲ့ အမြဲ
လိုလို တိုက်ပွဲဖြစ်နေတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့လက အဲဒီတိုက်ပွဲမှာ ကျောင်းသားတပ်ဖွဲ့က တစ်ဦးကျဆုံးသွားတယ်လို့ သိရပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေလည်း နေ့တိုင်းလို တိုက်ပွဲဖြစ်နေပြီး ဒီနေ့ဆိုရင် ပန်ဝါဒေသ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ ဒေသ၊ တပ်မဟာ ၃နဲ့ ဗဟိုဌာနချုပ် ဒေသအတွင်း တပ်မဟာ ၅ ဒေသရှိ နမ့်ဆန်ယန် ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကိုလဆိုင်းက ပြောပါတယ်။

RFA (Burmese)
No comments:
Post a Comment