Pages

Pages - Menu

Saturday, July 7, 2012

UNICEF သံတမန် နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်း ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိလာ


ဂျက်ကီချန်း ရန်ကုန်မြို့ ကို ရောက်ရှိလာ UNICEF သံတမန် နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် ယနေ့နံနက် ၁၁ နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်ရှိ ရွှေကျင်ဓမ္မရုံတွင် ရတနာ့မေတ္တာအဖွဲ့မှ စောင့်ရှောက်ထားသော ကလေးငယ်များ၊ အဖွဲ့တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် တွေ့ဆုံခဲ့သည်။


 မိနစ် ၄၀ ၀န်းကျင် တွေ့ဆုံပြီးနောက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကုန်သည်ကြီးများဟိုတယ်သို့ ခေတ္တအနားယူရန် ပြန်လည်ထွက်ခွာသွားသည်။ ဂျက်ကီချန်းသည် ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ ဆီဒိုးနားဟိုတယ်မှ တံတားဦးလေဆိပ်သို့ ထွက်ခွာပြီး မန္တလေးမှ ရန်ကုန်သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။




 
 ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day News Journal 

No comments:

Post a Comment