Pages

Pages - Menu

Tuesday, July 3, 2012

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (unicef)၏ အထူးသံတမန် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံလာမည်


ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (unicef)၏ အထူးသံတမန် ကမ္ဘာကျော် မင်းသား ဂျက်ကီချန်း မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ လွတ်မြောက်လာသည့် ကလေးသူငယ်များကို လာရောက်အားပေးတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။


ဂျက်ကီချန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၄င်း၏ အတွေ့အကြုံများကို မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်း လင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်တွင် ဇူလိုင်ရ ရက်နေ့ ၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာကျော် ကွန်ဖူးမင်းသား ဂျက်ကီချန်းသည် မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ ကာကွယ်တားဆီးရေး တိုက်ဖျက်ရေး လုပ်ငန်းများကို အာပေးမြှင့်တင်ရန်နှင့် လူကုန်ကူးခံရပြီး လွတ်မြောက်လာသည့် ကလေးသူငယ်များကို အားပေးတွေ့ဆုံရန် လာရောက်ခြင်းဖြစ်သည်။


Ref: Yangon Media Group:

No comments:

Post a Comment