Pages

Pages - Menu

Friday, July 13, 2012

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ အကြံပြုချက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ငြင်းပယ်

Photo: ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ အကြံပြုချက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) အန်တိုနီယို ဂူတာရက်စ်က (Mr. Antonio Guterres) ငြင်းပယ်လိုက်သည်။ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရိုဟင်ဂျာများကို တာဝန်ယူ နေရာချထားပေးရေးမှာ UNHCR ၏ လုပ်ငန်းတစ်ရပ် မဟုတ်ကြောင်း အန်တိုနီယို ဂူတာရက်စ်က သတင်းထောက်များကို ပြောကြားသည်။

သမ္မတဦးသိန်းစိန်နှင့် အန်တိုနီယို ဂူတာရက်စ်တို့မှာ ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း အန်တိုနီယိုက ယခုကဲ့သို့ လူသိရှင်ကြား ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးခဲ့ရာတွင် သမ္မတဦးသိန်းစိန်က ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ “ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက် စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း” စသဖြင့် ဆွေးနွေးပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Source: 
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် http://www.president-office.gov.mm/briefing-room/daily-news/news1061

AP http://hosted2.ap.org/OREUG/86053d8662944f7698388c63189f97c6/Article_2012-07-12-Myanmar-Sectarian%20Unrest/id-51778cde17e54c2f9db4ce67f6c8b2fb
ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ အကြံပြုချက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) အန်တိုနီယို ဂူတာရက်စ်က (Mr. Antonio Guterres) ငြင်းပယ်လိုက်သည်။
 
 မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရိုဟင်ဂျာများကို တာဝန်ယူ နေရာချထားပေးရေးမှာ UNHCR ၏ လုပ်ငန်းတစ်ရပ် မဟုတ်ကြောင်း အန်တိုနီယို ဂူတာရက်စ်က သတင်းထောက်များကို ပြောကြားသည်။

သမ္မတဦးသိန်းစိန်နှင့် အန်တိုနီယို ဂူတာရက်စ်တို့မှာ ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း အန်တိုနီယိုက ယခုကဲ့သို့ လူသိရှင်ကြား ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးခဲ့ရာတွင် သမ္မတဦးသိန်းစိန်က ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ “ရခိုင်ပြည်နယ်ကို
 လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊
 
 နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက် စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊
 
 တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊
 နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊
 
 UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း” စသဖြင့် ဆွေးနွေးပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်
တွင် ဖော်ပြထားသည်။

Source: နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် http://www.president-office.gov.mm/briefing-room/daily-news/news1061

No comments:

Post a Comment