Pages

Pages - Menu

Sunday, July 15, 2012

လှိုင်သာယာမြို့နယ်ရှိ ကလေး၊လူကြီး ၈၆ ဦးအစာအဆိပ်သင့်ခဲ့


လှိုင်သာယာမြို့နယ်ရှိ မြို့နယ်ဆေးရုံသို့ ဇူလိုင်လ ၁၄ ရက်နေ့ ညနေတွင်  ဒိုင်စုကျေးရွာမှ လူဦးရေ 

၈၆ဦးခန့်အစာသင့်ပြီး ရောက်ရှိလာခဲ့သော်လည်း ယခုအခါစိုးရိမ်ဖွယ်မရှိကြောင်း 

မြို့နယ်ကျန်းမာရေးမှူးကပြောသည်။


“ကျမတို့ဆီကို အော့အန်တယ်ဆိုပြီးရောက်လာတယ် စိုးရိမ်စရာမလိုတော့ပြင်ပ လူနာအနေနဲ့ပဲ 

ထားပါတယ်”ဟု လှိုင်သာယာမြို့နယ် မြို့နယ်ကျန်းမာရေးမှူးကပြောသည်။


ဆေးရုံသို့ရောက်သူများသည် ကလေးများပိုမိုများပြားပြီး လူကြီးအနည်းငယ်သာပါဝင်ကြောင်း အဆိုပါ 

ကလေးများသည် ၂၀၀၇ နောက်ပိုင်းနာဂစ်ပြီးချိန်မှစ၍  ပရဟိတလုပ်ဆောင်သော ဒေါ်လှလှဝင်းအိမ်တွင် 

စနေ တနင်္ဂနွေ အပတ်နေ့ပြီး ဆရာမ စာသင်ပေးခဲ့ကြောင်း သိရသည်။



“ဒီကလေးတွေကမိဘလဲ ချို့တဲ့ကြတော့ အန်တီက စာသင်ပေးတယ် အလှူရှင်တွေရှိတော့ 

လာလှူကြတယ် အန်တွကကျွေးတယ် ဒီလိုတော့ ဒီတခါမှမဖြစ်ဘူးပါဘူး ဒါပထမဆံးပါပဲ ဒီအလှူရှင်ကလဲ

 လာလှူနေတာ ၃ နှစ်လောက်ရှိပါပြီ”ဟု ပရဟိတဂေဟာမှ ဒေါ်လှလှဝင်းကပြောသည်။



ပရဟိတဂေဟာမှ ကလေးငယ်များစားသုံးရန်ကြက်ဥချဉ်ဟင်းနှင့် ဂေါ်ဖီကြော်အထုတ် 

(၁၂၀)ကိုလာရောက်ပို့ဆောင်သွားရာ အဆိုပါ ဟင်းများကို နေ့လည် ၁၁ နာရီစားသုံးကာ 

ညနေ၃နာရီခန့်တွင် အော့အန်ပြီး လှိုင်သာယာမြို့နယ်ဆေးရုံသို့ရောက်ရှိခဲ့သည်။



“မနေ့ နေကလဲပူတယ် ချဉ်ဟင်းကအချဉ်ပေါက်သွားလဲပါမယ် ပါဆယ်ထုတ်ကမသန့်တာလဲဖြစ်နိုင်တယ် 

တခြားစိုးရိမ်စရာမရှိပါဘူး အခတ်မသင့်လို့ဖြစ်တာပါ ဒီလိုရာသီမှာလတ်ဆတ် 

အစားစာကိုပဲစားသုံးသင့်ပါတယ်”ဟု မြို့နယ်ကျန်းမားရေးမှူးကပြောသည်။



ယခုကာလတွင်စေတနာအမှားမဖြစ်စေချင်တဲ့အတွက် အလှူရှင်တွေလာရောက်လှူဒါန်းခြင်းကို

 ခေတ္တလက်မခံသေးကြောင်း ဒေါ်လှလှဝင်းကဆိုသည်။


“ကျတော်တို့ နေ့လည် ၁၁ နာရီလောက်မှာ စားတယ် ပြီးတော့ ညနေ ၄ 


နာရီလောက်မှာရင်ထဲမှာပူပြီးအန်တာနဲ့ ကျတော်တို့ဆေးခန်းသွားခဲ့တယ် ဒီမနက်တော့ 


သက်သာလို့ပြန်ဆင်းလာတာပါ အခုတော့ကောင်းသွားပါပြီ”ဟု အစာအဆိပ်သင့်ခဲ့သူ 


 မောင်ကျော်ထွန်းကပြောသည်။




အလှူရှင်သည် ၇ မိုင်တွင်နေကြောင်း အဆိုပါ ပရဟိတဂေဟာတွင် 


အမြဲတမ်းလာလှူနေတဲ့သူများရှိကြောင်း လာရောက်လှူဒါန်းသူများထံမှာ 


ကလေးတွေအတွက်လိုအပ်တာကိုပဲလက်ခံကာ ပိုက်ဆံလက်မခံကြောင်း သိရသည်။


Ref: ရှုမ၀အောင်(မြစ်မခ)

No comments:

Post a Comment