ဘိုးတော်ဘုရားလက်ထက် အစ္စလာမ်သာသနာ့ဆရာတော်အဖြစ်ချီးမြှင့်ခြင်းခံရသောအာဗစ်ဒ်ရှား
ဟိုစိုင်နီ သခင်ကြီးကွယ်လွန်ခြင်း(၂၀၄)နှစ်ပြည့်အခမ်းအနားကို မန္တလေးမြို့
အမရပူရမြို့နယ်၊လင့်စဉ်ကုန်း ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့
မန္တလေးမြို့ရှိ အန္ဒိယသံရုံးမှအန္ဒိယကောင်စစ်ဝန်ချုပ်နှင့်
ဒုကောင်စစ်ဝန်တို့တက် ရောက် ခဲ့ကြပြီးသခင်ကြီးအုတ်ဂူပေါ်တွင်လွှမ်းခြုံထားသော
ခြုံလွှာအသစ်လဲလှယ်မှုကို KAFTGဂိုဏ်းချုပ်ဆရာတော်
ခလီဖာသိန်းဝင်းအောင်နှင့်အတူ လဲလှယ်ခဲ့ကြသည်။
``
ဆယ်တန်းအောင်တဲ့ကလေးတွေကို ဆုချီးမြှင့်တဲ့အစီအစဉ်ပါထည့်ထားတာပါ
၊ဘာသာစုံဂုဏ်ထူးထွက်တဲ့ ကလေးတွေလဲပါတယ် ၊ အားလုံး(၁၅)ယောက်ရှိတယ် ´´
ဟုဦးသိန်းညွန့်က မြစ်မခသို့ ပြောကြားသည်။
အဆိုပါလင့်ဇင်ကုန်းရပ်ကွက်ရှိ
သချိုင်းတွင် အခြားဘာသာဝင်များလဲလာရောက်၍အာဗစ်ဒ်ရှား ဟိုစိုင်နီ သခင်ကြီး၏
ဂူဗိမ္မာန်တွင်လာရောက်ပူဇော်မှုများရှိကြောင်း ဒေသခံများကပြောပြသည်။
``
ဘာသာပေါင်းစုံကအစုံပဲလာရောက်ကြတယ် ၊စာမေးပွဲအောင်ချင်တဲ့ကလေးတွေပါသလို
ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်တွေလဲလာကြတာရှိတယ် ´´ ဟု
သခင်ကြီးအောက်မေ့ဖွယ်အခမ်းသို့ရောက်ရှိနေသောဒေသ ခံအမျိုးသမီးက
ပြောကြားသည်။
အဆိုပါ
အာဗစ်ဒ်ရှား ဟိုစိုင်နီ သခင်ကြီးသည်
ဘိုးတော်ဘုရား၏ချစ်ခင်သောမိတ်ဆွေဖြစ်ပြီး သခင်ကြီး၏ အာရဗီနာမည်တော်ကို
အခေါ်မခံပဲသာသနာပိုင်ဆရာတော်ဟုသာ ခေါ်ဆိုရမည်ဟု အမိန့် ထုတ်ပြန်
ခဲ့ကြောင်းသိရသည်။
လင့်ဇင်ကုန်းသချုင်္
ိင်းတွင် အဆိုပါသခင်ကြီးနှင့်အတူဦးပိန်တံတားဆောက်လုပ်ခဲ့သူ ဦးပိန်နှင့်
ဘိုးတော် ဦးဝိုင်း လက်ထက်စာဆိုတော်တင်သွင်းခဲ့သူ အစ္စလာမ်ဘာသာဝင်
စာဆိုတော်ကြီးဦးနုတို့၏အုတ်ဂူတို့လဲရှိကြောင်း သိရသည်။
Ref: မြစ်မခသတင်းမီဒီယာ
No comments:
Post a Comment