Pages

Pages - Menu

Monday, July 23, 2012

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမား ဥပဒေသစ် အရ အလုပ်သမား သမဂ္ဂအဖွဲ့ ၁၂၂ ဖွဲ့ရှိသွားပြီ


Photo: မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမား ဥပဒေသစ် အရ အသစ်
 ပေါ်ပေါက်လာတဲ့ အလုပ်သမား သမဂ္ဂ ၁၂၂ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို အလုပ်သမား အခွင့်အရေးနဲ့ သမဂ္ဂ ဖွဲ့စည်းမှုဆိုင်ရာ ပညာပေး အလုပ်ရုံဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့ ဆမ်းမစ်ပါ့တ်ဗျူး ဟိုတယ်မှာ ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။

 ရန်ကုန်အခြေစိုက် ILO ရုံးက တာဝန်ယူ ပြုလုပ်တဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ILO ရုံးခန်းမှာ အဲဒီနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ ဥပဒေသစ်ကို အလုပ်သမားတွေ တင်မက အာဏာပိုင်တွေနဲ့ အလုပ်ရှင်တွေပါ လိုက်နာကျင့်သုံးမှု နည်းပါးနေတာမို့ ထိရောက်မှု မရှိ သေးကြောင်း၊ အားလုံး လိုက်နာကျင့်သုံး လာစေဖို့ အတွက် မကြာခင်မှာ အစိုးရနဲ့ အလုပ်ရှင်တွေကိုပါ အသိ ပညာပေးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ
 ပြုလုပ်ပေး သွားမယ့်အကြောင်း ILO ရန်ကုန်ရုံးရဲ့ စက်မှုလက်မှု အကြံပေး အကြီးအကဲ Mr. Ross Wilson က- ပြောပါတယ်။

 ဒ့ါပြင် ပုဂ္ဂလိက အလုပ်သမားတွေ တင်မက၊ ရဲနဲ့ စစ်တပ်ကလွဲလို့ ကျန် အစိုးရ ဝန်ထမ်း အလုပ်သမား တွေ အနေနဲ့ အလုပ်သမား သမဂ္ဂ တွေ ဖွဲ့စည်းနိုင်ကြောင်း၊ အဲဒီလို သမဂ္ဂတွေ ပေါ်ပေါက်လာရင် ILO က နည်းပညာနဲ့ ကျွမ်းကျင်မှု ပံ့ပိုး ပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ 

ရန်ကုန် စက်မှုဇုန်တွေမှာ ရှိတဲ့ စက်ရုံ ၈၃ ရုံမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီးနောက် အလုပ်သမား အသင်းအဖွဲ့တွေ ဖွဲ့စည်းခဲ့ကြရာမှာ စုစုပေါင်း အလုပ်သမား သမဂ္ဂ ၁၂၇ ခု ရှိသွားပြီ
 ဖြစ်ပါတယ်။




RFA (Burmese)

No comments:

Post a Comment