Pages

Pages - Menu

Sunday, July 29, 2012

ဦးအောင်သိန်းလင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်မှုဆောင် အဖွဲ့ မှ ကြေငြာချက်တစ်ရပ်ထုတ်ပြန်

ဦးအောင်သိန်းလင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ထုတ်ဖော်ကြေငြာချက်
၂၈-၇-၂ဝ၁၂။


၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း နှင့် Southern Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက် များအား internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ်များတွင်လည်း ကောင်း ဖော်ပြ လျှက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေ ကြပါသည်။

၂။ အဆိုပါ ရေးသားဖော်ပြချက်များသည်၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက်များသာ ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။

၃။ ဦးအောင်သိန်းလင်း အနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ မရှိ ကိုလည်း စီစစ်ဆောင်ရွက်လျှက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ





Popular Myanmar Media:

No comments:

Post a Comment