Pages

Pages - Menu

Friday, July 6, 2012

အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့ အဖြစ်ယနေ့ဆက်လက်ကျင်းပ

Photo: မြန်မာနှင့်သံတမန် ဆက်သွယ်ရန် ၈ နိုင်ငံ ကမ်းလှမ်းထား

မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရန်  နိုင်ငံ ၈
နိုင်ငံမှ ဆက်သွယ်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်များ ထံ ဇွန်လ ၄ ရက်နေ့က တင်ပြသည်။

ဆက်သွယ်ကမ်းလှမ်းလာသောနိုင်ငံများမှာဘော့စ်နီးယား
နှင့်ဟာဇီဂိုဗီးယားနိုင်ငံ၊မာလာဝီသမ္မတနိုင်ငံ၊ဘူတန်နိုင်ငံ၊အာရပ်စော်ဘွား
များပြည်ထောင်စုနိုင်ငံ၊လူဇင်ဘတ်နိုင်ငံ၊လတ်ဘီးယားသမ္မတ နိုင်ငံ၊
အက်စ်တိုးနီးယားသမ္မတနိုင်ငံနှင့်ဒိုမီနီကန်သမ္မတ နိုင်ငံတို့ ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်က သံတမန်ဆက်သွယ်ရေးဆိုင်ရာကိစ္စများပြုလုပ်
သည့်နိုင်ငံခြားတိုင်းပြည် ၁၀၃ နိုင်ငံသာရှိ၍ ယခုအခါ ၁၁၈ နိုင်ငံ အထိတိုးလာမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့ သို့ သံတမန်ဆက်ဆံရေးနိုင်ငံများတိုးလာခြင်းကြောင့်မြန်မာနိုင်ငံ
နှင့် နိုင်ငံခြားတိုင်းပြည်နှစ်နိုင်ငံ ဆက်ဆံရေးပိုမို တိုးတက်လာကာ လူမှုစီးပွား ပိုမိုကျယ်ပြန့်လာမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကိုယ်စားဒုဝန်ကြီး
ကပြောကြားခဲ့သည်။         

NYK


 ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့၌ -

၁။ အင်းစိန်ခရိုင် မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ


၂။ မင်္ဂလာဒုံမြို့နယ် ရွှေနံသာစံပြတွင်ရှိသည့် အားကစားဝန်ကြီးဌာနပိုင် မြို့နယ် ပြည်သူ့အားကစားကွင်း အား ပြည်သူ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပြုပြင်ပေးရန် အစီအစဉ် ရှိမရှိ



၃။ လမ်းအရှည် ၂၀ မိုင် ၆ ဖာလုံရှိသော ရခိုင်ပြည်နယ် ပေါက်တော၊
မင်းပြားလမ်း ဖောက်လုပ်ခြင်းကို ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိ

၎။ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မိုင်းခတ် မိုင်းယမ်း လမ်းပေါ်ရှိ နောင်ဖာတံတားကို သံကူ ကွန်ကရစ် တံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ

၅။ အခြေခံ သမ၀ါယမအသင်းများ မြေဂရန်ရရှိရေး ကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း

၆။ လမ်းတံတား ဂိတ်ကြေးကောက်ခံမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

၇။ ဦးသိန်းဝင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ ၏ ငွေကြေးနှင့် အရင်းအနှီးဈေးကွက်
ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးနှင့် အရင်းအနှီးဈေးကွက် ဥပဒေကြမ်း ရေးဆွဲနေစဉ် ကာလအတွင်း ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ပြုပြင်ဖွဲ့စည်းမှုများ ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်း အဆို

၈။ ဒေါက်တာမြင့်ကြည် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ ၏ နိုင်ငံတကာတွင် စီးပွားရေးလက်ဝါးကြီး အုပ်မှုမျိုးကို တားဆိးရန်အတွက် ယှဉ်ပြိုင်မှုဥပဒေနှင့် ယှဉ်ပြိုင်မှုမူဝါဒများကို စတင်ရေးဆွဲ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို

အစရှိသည်တို့ကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။


Ref: Eleven Media:

No comments:

Post a Comment