Pages

Pages - Menu

Tuesday, July 3, 2012

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် အင်းစိန် အကျဉ်းထောင်မှ ကျား ၉ ဦး မ ၃ ဦးလွတ်မြောက်လာ

Photo: လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားများနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ရုံးရှေ့တွင် အမှတ်တရ ဓါတ်ပုံအရိုက်ခံကြသည်။
နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် အင်းစိန် အကျဉ်းထောင်မှ ယနေ့နံနက် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ၇ဦးကို ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် တွေ့မြင်ရစဉ်

နံနက် ၁၀ နာရီခွဲ၊ ဇူလိုင် ၃၊ ၂၀၁၂၊ YPI

နိုင်ငံတော် သမ္မတ ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် အကျဉ်းသား ၈၀ ဦးတွင် အင်းစိန် အကျဉ်းထောင်မှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ လွတ်မြောက်လာသည်ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဘောင်းဘောင်းက အတည်ပြုပြောဆိုသည်။


၎င်း လွှတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများအား ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးခန်းသို့ ယခုသတင်းရရှိချိန်တွင် သွားရောက်နေပြီဟုလည်း သိရှိရသည်။

ယင်းလွတ်မြောက်သူများထဲတွင် ပဲခူးမြို့မှ စောဝီလျံ ပါဝင်သည်ဟု အတည်ပြုနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးသက်ဦးက ပြောသည်။

ယနေ့လွှတ်ပေးမည့် အကျဉ်းသားများအနက် နိုင်/ကျဉ်းထဲမှ ကိုပြည့်ဖြိုးအောင်နှင့် ကိုသန်းဇော်တို့ပါဝင်ကြောင်း အတည်ပြုပါသည်။


Photo: အင်စိန်း အကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုစောဖရန်စစ်




  မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦးအနက် နိုင်ငံရေး ပြစ်မှုဖြင့် ကျခံနေရသူများအနက်မှ ကိုသန်းဇော် နှင့် ကိုပြည့်ဖြိုးအောင်တို့ ပါဝင်ကြောင်း နိုင်/ကျဉ်း ဟောင်းများ အဖွဲ့မှ ကိုသက်ဦးက YPI အတည်ပြုပြောကြားသည်။
Photo

ကိုသန်းဇော်မှာ ၁၉၈၈ အရေးအခင်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် သန်လျင်ဗုံးဖေါက်ခွဲမှုဖြင့်
ဖမ်းဆီးသေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်ထဲတွင် ၂၃ နှစ်တာကျခံနေရပြီး ယခုအခါ သရက်အကျဉ်းထောင်မှ လွှတ်မြောက်လာမည် ဖြစ်၍ ကိုပြည့်ဖြိုးအောင်မှာ Generation Wave နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရကာ ယခုလက်ရှိ ပြည်အကျဉ်းထောင်တွင် ကျခံနေရသူဖြစ်သည်။

လွတ်မြောက်သည့် အထဲတွင် အခြားမည်သည့် နိုင်ငံရေး အကျဉ်းသားပါဝင်ခြင်း ရှိမရှိကို စုံစမ်းမေးမြန်း နေဆဲဖြစ်သည်။ ။


Ref: Yangon Press International

 

No comments:

Post a Comment