Pages

Pages - Menu

Tuesday, July 31, 2012

ကျိုင်းတုံမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အိမ်ခြေ တစ်ထောင်ကျော် ရေနှစ်မြုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့အနီးက ချောင်းရေ မြင့်တက်လာပြီး မြို့ထဲက ရပ်ကွက် နှစ်ခု အပါအ၀င် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်ခြေ တစ်ထောင်ကျော် ရေနှစ်မြုပ်နေသလို အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ကျိုင်းတုံမြို့က ရပ်ကွက် ၄ ၊ ရပ်ကွက် ၅ အပါအ၀င် မြို့သစ်၊ ကန်နာ စတဲ့ရွာတွေမှာ ရေလွမ်းမိုးခံနေရတာ ဖြစ်တယ် လို့ ရေဘေး
ကူညီမှုတွေ ဆောင်ရွက်နေတဲ့ NLD ကျိုင်းတုံမြို့နယ်စည်းအဖွဲ့ဝင် ဦးတင်ဝင်း က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"မိုးရွာတော့ ၁၀ ရက်နီးပါးလောက် ရှိတာပေါ့လေ၊ ကျိုင်းတုံမှာဆိုရင်တော့ရေက တော်တော်လွှမ်းပါတယ်၊ ကျိုင်းတုံအထွက်မှာ လေယာဉ်ကွင်း အထွက်ပေါ့လေ၊ အခုအခြေအနေကတော့ ရေတော့ လွှမ်းနေတုန်းပဲ။ ဒီနေ့ ရပ်ကွက် ဥက္ကဋ္ဌ ကျနော် မေးကြည့်တာတော့ တစ်ထောင်ကျော်လောက် ရှိမယ်တဲ့။



 သေတာဘာညာထိတော့ သတင်းမကြားဘူး၊ တချို့အိမ်တွေက အုတ်စိမ်းနဲ့လုပ်ထားတော့ ရေထဲမှာ စိမ်နေတော့ အောက်ကနေပြိုကျ တာတို့ ဘာတို့ သုံးလေးအိမ်တော့ ရှိတယ်လို့ သတင်းကြားတယ်၊ လူအထိအခိုက်တော့ မတွေ့ဘူး။"

ရေကြီးမှုကြောင့် ရေနှစ်မြုပ်ခံခဲ့ရသူတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့သူတွေ ရှိခဲ့ပေမယ့် အများစုကတော့ ရုတ်တရက် ရေကြီးခဲ့လို့ ဖြစ်ပြီး ဘယ်မှ မသွားမလာနိုင်ဘဲ ရေနှစ်မြုပ်နေတဲ့ သူတို့ရဲ့နေအိမ်တွေမှာပဲနေထိုင်နေကြရဆဲ လို့ သိရပါတယ်။

ရေဘေးဒုက္ခသည်တွေကိုတော့ အာဏာပိုင်တွေက ဒုက္ခသည် စခန်း ၂ ခုဖွင့်ပြီး မြို့နယ် ကြက်ခြေနီအဖွဲ့ဝင်၊မိခင်နဲ့ကလေးစောင့်

ရှောက်ရေး အဖွဲ့ဝင်တွေနဲ့ နာရေးကူညီမှု အသင်းအဖွဲ့ဝင်တွေက အကူအညီတွေပေးနေပေမယ့် လိုအပ်နေဆဲ
 ဖြစ်သလို ကျိုင်းတုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် အဖွဲ့ဝင်တွေကလည်း တတ်နိုင်သလောက် အကူအညီတွေ ပေးနေကြောင်း ဦးတင်ဝင်း က ဆက်ပြောပါတယ်။

"ကျနော်တို့က သတင်းကြားတာနဲ့ ၅ ရက်ဆက်တိုက် မိုးရွာတော့ အဖွဲ့ဝင် ၁၀ ဦးပေါ့ဗျာ။ တတ်နိုင်တဲ့ဖက်က ခေါက်ဆွဲခြောက်တွေ ရေသန့်တွေ သွားဝေကြပါတယ်၊ 



ဒီနေ့လည်း ကျနော်တို့ တခြားအပိုင်းလေးတွေလည်း သွားဝေပါတယ်။ အဖွဲ့ဝင်ထဲက ကျနော်တို့ တတ်နိုင်တဲ့ဟာ ခေါက်ဆွဲခြောက်ဘာညာလေးတွေပေါ့။ ဒီဝမ်ကန်နာဖက်တို့ နောက် ဒီ မြို့သစ်ဖက်တို့ပေါ့၊ မနေ့က ကျနော်တို့ လက်လှမ်းမမှီသေးတဲ့ နေရာလေးတွေပေါ့ သွားကြပါတယ်။ အကူအညီကတော့ လိုနေပါအုံးမယ် ရေမကျမချင်းပေါ့ဗျာ။"

ကျိုင်းတုံမြို့နယ်အတွင်းမှာ အခုလို ရေကြီးမှုမျိုးကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကလည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။





RFA (Burmese)

No comments:

Post a Comment