မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီများ။ဘဏ်လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် နိုင်ငံခြားငွေလဲလှယ်ရာတွင် (အထူးသဖြင့်အမေရိကန်ဒေါ်လာ) အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရှိရသည်၊
‘’ပိုက်ဆံဆိုတာ ကြာရင်ဟောင်းသွားတာပဲ၊ ကျွန်တော်တို့ဆီရောက်မှ ပိုက်ဆံ(ဒေါ်လာ) ပေါ်မှာ အစက်တို့ဟောင်းနေတာတွေမယူဘူး။ မရဘူးဆိုတာ ဖြစ်နေတာ၊ သူများနိုင်ငံ တွေမှာဆိုရင် အားလုံးရတယ်၊ အခုကုမ္ပဏီတော်တော်များများ အဲလို အခက်အခဲတွေကြုံနေရတယ်ဟု(Ruby Land Tourism Service)မှမန်နေဂျင်းဒါရိုက်တာဦးအေးကျော် က ပြောသည်၊
ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားငွေကြေးလဲလှယ်ရာတွင် ငွေစက္ကူများ၌ ဖြစ်ပေါ်တတ်သော အစက်အပြောက် စွန်းထင်ခြင်း။ ဟောင်းနွမ်းနေခြင်းတို့အား လက်ခံနိုင်ပေးသင့်ကြောင်း ၄င်းတို့အမြင်ကို ပြောဆိုကြသည်၊
‘’ဘဏ်မှာဆိုရင် အရမ်းရစ်တာပဲ ဒေါ်လာလဲမယ်ဆိုရင် ပိုက်ဆံပေါ်မှာ ဘာဖြစ်တယ်ညာ ဖြစ်တယ်ဆိုပြီး မယူဘူး၊ ဒီအတိုင်းပြန်လာရတယ်၊ ဟောင်းနေရင်လည်းမလဲပေးဘူးဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်၊
ဗဟိုဘဏ်အနေဖြင့်လည်း အမေရိကန်ဒေါ်လာနှင့်နိုင်ငံခြားငွေများအပေါ်တွင် အစွန်း အထင်းများရှိခြင်း။ ဟောင်းနွမ်းနေခြင်း။ ကြေမွခြင်း ။ နံပါတ်ပီသမူမရှိပါက ဒေါ်လာမှ ကျပ်ငွေလဲလှယ်ရာတွင် အခက်အခဲများ ကြုံတွေ့နေရပြီး ဘဏ်များအနေဖြင့် အဆိုပါ အချက်အလက်များကိုလည်း သေချာစီစစ်ပြီးမှ လက်ခံလေ့ရှိကြောင်းကိုလည်း သိရှိရသည်၊
‘’ကျွန်တော်တို့ဆီက အစွန်းအထင်းဖြစ်တာတို့ ဟောင်းနွမ်းနေတာတို့ကို လက်မခံဘူး ဆိုတာ ကျွန်တော်တို့ကနေ ဗဟိုဘဏ်မှာ ဒေါ်လာကို ကျပ်ငွေသွားပြန်လဲတော့ သူတို့က နံပါတ်မပီတာတွေ။ ပိုက်ဆံကဟောင်းနေတယ်ဆိုရင် လက်မခံဘူး။ဘဏ်တွေကိုလဲ အဲ့ဒီလို ဖြစ်နေရင် လက်မခံရဘူးဆိုပြီး စည်းမျဉ်းထုတ်ထားတယ်ဟု ဧရာဝတီဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဇော်က ပြောသည်၊
ပုဂ္ဂလိကဘဏ်များက ဒေါ်လာမှကျပ်ငွေလဲလှယ်ရာတွင် ပြည်သူနှင့်ဘဏ်လုပ်ငန်းရှင်အကြား အခက်အခဲများရှိနေကြောင်းကို ဗဟိုဘဏ်သို့တင်ပြခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း သိရသည်။
မြစ်မခသတင်းမီဒီယာ
No comments:
Post a Comment