Pages

Pages - Menu

Wednesday, July 11, 2012

ခိုင်လုံတဲ့ အကြောင်းပြချက်ကိုတော့ တပ်ပြနိုင်ရင် တပ်မတော်သား (၂၅)ရာခိုင်နှုန်းမှ ရွေးချယ်တင်မြှောက်သည့် ဒု.သမ္မတအား ကန့်ကွက်ခွင့်ပြုမည်



လွှတ်တော်တွင်းရှိ တပ်မတော်သား (၂၅)ရာခိုင်နှုန်းမှ ရွေးချယ်တင်မြှောက်သည့်ဒု.သမ္မတ အား ခိုင်လုံသည့် သက်သေအထောက်ဖြင့်ကန့်ကွက်မှုပြုလုပ်နိုင်ကြောင်း လွှတ်တော်အသိုင်းအ၀ိုင်းများထံကသိရှိရသည်။



“ဒု.သမ္မတ နေရာရွေးချယ်ခွင့်ရှိတာက တပ်မတော်သား ၂၅ခိုင်နူန်းကပါ။ သူတို့ရွေးချယ်တဲ့ သူကိုတော့ လွှတ်တော်ထဲမှာ ကန့်ကွက်လို့ရပါတယ်။ ကန့်ကွက်ရတဲ့အကြောင်းအရာကိုတော့ ခိုင်လုံတဲ့အချက်အလက်၊ အကြောင်းပြချက်ကိုတော့ တပ်ပြဖို့လိုတယ်”ဟု ပြည်သူ့လွှတ်တော်တွင်း တက်ရောက်နေသောရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဦးဘရှိန်က ပြောသည်။ 

လွှတ်တော်အတွင်းတွင် အစားထိုးခန့်အပ်ရန် ဒုတိယသမ္မတလောင်းနေရာအတွက်ဒုတိယသမ္မတ လောင်းအဖြစ် လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့မှ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေအား အမည်စာရင်းတင်သွင်းခဲ့ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက သတင်းထောက်များအားပြောကြားခဲ့သည်။ 

 ၂၀၁၂ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် ရွေးချယ်သည့် ဒု.သမ္မတအမည်စာရင်းအားပြည်ထောင်စုလွှတ်တော် နယက ထံတင်ပြရမည်ဖြစ်ပြီး ရွေးချယ်သည့် ဒု.သမ္မတအားလွှတ်တော်တွင်းရှိ လွှတ်တော်ကိုယ်စားများမှ ခိုင်လုံသည့်သက်သေ အထောက်အထားဖြင့် ကန့်ကွက်နိုင်ကြောင်း သိရသည်။
  
“ဒု.သမ္မတနေရာက ဒီလွှတ်တော်ထဲမှာရှိတဲ့ကိုယ်စားလှယ်တွေထဲကလည်းဖြစ်နိုင်တာပဲ။ မျှော်လင့်ထား တာလဲမရှိပါဘူး ။မမျှော်လင့်ထားတာ  လဲမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ တိုင်းပြည်ရဲ့တိုးတက်ပြောင်းလဲမူတွေ ရည်မှန်းချက်တွေအောင်မြင်အောင် လုပ်ကိုင်နိုင်တဲ့သူကိုတိုက်တွန်း သွားမှာပါ။”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦးက ပြောသည်။


ဒု.သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သီဟသူရဦးတင်အောင်မြင့်ဦးသည်ကျန်းမာရေးအခြေ အနေကြောင့် နှုတ်ထွက် ခဲ့ပြီးလက်ရှိတာဝန်ထမ်းဆောင်ရွက်အတွက် ဒု.သမ္မတ ရွေးချယ်ခြင်းအားဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၅၉)ပါ   နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတကသတ်မှတ်အရည်အချင်း များနှင့် ပြည့်စုံသူကိုသာရွေးချယ် ရမည်ဖြစ်ကြောင်းသိရှိရသည်။

Ref: RFA (Burmese)

No comments:

Post a Comment