အသံထွက်စစ်စစ်
ခံစားမူအလိုအရ
စိတ်ကိုပြတင်းတံခါးလိုဖွင့်ထား
လုပ်ယူလိုရတဲ့ အနုပညာထက်စာရင်
ကိုယ်တိုင်ထိုးသွင်းထားတဲ့ဒဏ်ရာက
ပိုပြီးလှပလိမ့်မယ်..........................
ဒီမြေဒီရေမှာစိမ်းလန်းရတာ
တဘ၀လုံးနာဖျားနေရတာနဲ့အတူတူပဲ
အသားမည်းတယ်
ဆံပင်ဖြုတယ်.................................
စားဝတ်နေရေးက သားကြောပြတ်တယ်
ချစ်ခြင်းတရားက သစ်ရွက်ကြွေတယ်
ဘ၀ကနေလိုပူပေမယ့်
ဒီဝပ်ကျင်းလေးထဲမှာ
ကျွန်တော်တို့အားလုံးပျော်ပါတယ်........။
ညီခ (လမ်းမတော်)
ကျွန်တော်ဆိုဒ်ထဲမှာ ကဗျာများ တဆင့်ပြန်လည် Share လိုလျှင် ကဗျာဆရာများကိုလေးစားသော အားဖြင့် ရေးသားသူရဲ့အမည်ကိုဖော်ပြပေးစေချင်ပါတယ်။သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစာလျှက်.......
No comments:
Post a Comment