Pages

Pages - Menu

Wednesday, August 1, 2012

လူနေအိမ်ကြားမီးခိုးခေါင်းတိုင်သဖွယ်ဖြစ်နေသော ပျော်ဘွယ်အာဇာနည်ကျောက်တိုင်



ပျော်ဘွယ်မြို့ မြင်းပက်ရက်ကွက်တွင် အကွက်ရိုက်ရောင်းစားမှုကြောင့် လူနေခြံဝင်းအတွင်း ရောက်ရှိသွား

သော အာဇာနည်ကျောက်တိုင်အား ယခင်အတိုင်း ပြန်လည်ထားရှိပေးစေလိုကြောင်း မြို့ခံများကဆိုသည်။



၁၉၆၂-၁၉၆၃ခုနှစ်လောက်က ဦးတို့ ငယ်ငယ်က နေ့ကလေးထိန်းကျောင်းမှာ နေတုန်းက နှစ်စဉ်နှစ်တိုင်း

အာဇာနည်ကျောက်တိုင်ကို သွားပြီး ပန်းခွေချ အလေးပြုရတယ် အခု အာဇာနည်ကျောက်တိုင်က ဘီယာ

ဆိုင် ရဲ့နောက်ကျောက အိမ်သာတွေကြား ထဲမှာ ရောက်နေပြီဟုပျော်ဘွယ်မြို့ခံ ဦးအေးချို ကပြော

သည်။



ပြီးခဲ့သည့် ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်ခဲ့သည့် အာဇာနည်နေ့တွင် ပျော်ဘွယ်မြို့ မြင်းပက်

ရက်ကွက် တောင်ပိုင်းရှိ အာဇာနည်ကျောက်တိုင်အား အလေးပြုခွင့်ရန် မြို့နယ်သက်ဆိုင်ရာ ရုံးများ သို့

စာတင်ခဲ့သော် လည်း ခွင့်ပြု့ချက်မရရှိခဲ့ကြောင်းကိုလည်း သိရသည်။


 အခု အာဇာနည်ကျောက်တိုင်နေရာမှာ မဆလ ခေတ်မှာတောင် မြေဂရံ ချမပေးခဲ့ဘူး၊ ၁၉၉၆ခုနှစ်

စက်တင်ဘာ စစ်အစိုးရလက်ထပ်မှာ မြို့နယ်သမ၀ါယမအသင်းကို မြေဂရံချပေးခဲ့တယ်။ သမ၀ါယမက

အသင်းကနေ ဆင့်ကဲ ဆင့်ကဲ ရောင်းစားခဲ့တယ်ဟု ပျော်ဘွယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမြင့်စိုး

က ဆိုသည်။


အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ပျော်ဘွယ်မြို့တွင် အာဇာနည်ကျောက်တိုင်အား

ဖဆပလ အစိုးရကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး  ပျော်ဘွယ်မြို့၏ 

သမိုင်းမှတ်တိုင်သဖွယ်ဖြစ်ပေါ်နေသောကြောင့် လူနေ အိမ်ဝိုင်းအတွင်း ရောက်ရှိနေသော 

အာဇာနည်ကျောက်တိုင်အား အလေးမြတ်ထားသင့်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက

ဆက်လက်အကြံပြုပြောဆိုသည်။


ကျွန်တော်သိရသလောက်တော့ အဲဒီကျောက်တိုင်မှာ အာဇာနည်နေ့နဲ့ပတ်သက်တဲ့ 

အခန်းအနားတစ်ကြိမ် တစ်ခါမှမလုပ်ခဲ့ပါဘူး၊ လွတ်လပ်ရေးအခန်းနားတော့ တစ်ကြိမ်လုပ်ခဲ့ဘူးတယ်၊ 

ကွင်းသေးတဲ့အတွက် မြို့ထဲက ကွင်းကျယ်တဲ့နေရာမှာ လွတ်လပ်ရေးကျောက်တိုင်တည်ပြီး

ကျောက်တိုင်ဟောင်းက ကမ္မည်းကျောက်စာကို လည်း ပြောင်းကပ်ထားတယ်။ ဒီကိစ္စကို ကျွန်တော်တို့လို

ရှေ့မီနောက်မီလူကြီးတွေနဲ့ တွေ့ပြီးမေးဖို့ အစီအစဉ် ရှိပါတယ်ဟု ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးရုံးမှ

တာဝန်ရှိ အရာရှိကြီးတစ်ဦးကပြောကြားခဲ့သည်။


 မြစ်မခသတင်းမီဒီယာ

No comments:

Post a Comment