ရဲရဲ၊ တွယ်တာ၊ ဓာတ်ပုံ-သီဟ |
မြန်မာနိုင်ငံဂီတအစည်းအရုံး ပြန်လည် ရွေးချယ်တင်မြှောက်ပွဲအတွက် လက်ရှိ ဂီတ
အစည်းအရုံးအမှုဆောင်အဖွဲ့၊ ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်နှင့် အားကစား
ယဉ်ကျေးမှုဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြည်သူ့ဆက်ဆံ ရေးလွှတ်တော်ကော်မတီတို့သည် ဇူလိုင် ၁၄
ရက်နေ့၊ နေ့လယ် ၁ နာရီက ရန်ကုန်မြို့၊ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ် ရန်ကုန် တွင် ဂီတအစည်းအရုံး
ဆွေးနွေးမှုအပြီးတွင် အားလုံး၏
သဘောထားနောက်ဆုံး ဆုံးဖြတ်ချက်အနေဖြင့် ခေတ်သစ်အလွှာနှင့်
ခေတ်ဆန်းအလွှာ တိုးပေးရေး ဆွေးနွေးကြရာ လူငယ် ဂီတအနုပညာရှင်များ ဝိုင်းဝန်းတောင်း
ဆိုထားကြသော
ေ
ခတ်သစ်ဂီတအလွှာကို တိုးပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ခေတ်သစ်အလွှာ
အ
တွက် လူဦးရေ ၉ ဦး
သတ်မှတ် ပေး လိုက်ပြီး ရေး၊ ဆို၊ တီး ၃ ဦးစီ ထပ်မံတိုး
ချဲ့ပေးလိုက်သည်။
ထို့ကြောင့် ဝင်ခွင့်အဆိုပြုလွှာ တင်သွင်းရက်ကို ဇူလိုင်လ ၁ဝ ရက် သတ်မှတ်ပေးထား ရာမှ
လူငယ်အနုပညာရှင် များလည်း ပါဝင်နိုင်ရန် ဇူလိုင် ၁၆၊ ၁၇၊ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၎
နာရီခွဲ အချိန်ထိ ဝင်ခွင့်လျှောက်လွှာ များနှင့် အဆိုပြုလွှာများ တင်သွင်းခွင့်ပြုလိုက်သည်။
ရွေး ကောက်ပွဲရက်ကိုမူ နဂိုသတ်မှတ်ထားသော ၂၄ ရက်မှ ၂၇ ရက်နေ့အထိသာ သတ်မှတ် ပြီး
စတီဒီယိုအလွှာနှင့်အတူ ခေတ်သစ်လွှာပါ ရွေးချယ်မဲပေးရမည်ဖြစ်ကြောင်းသိရသည်။
ကာလပေါ်အလွှာဘက်မှ တောင်းဆိုထားသော ခေတ်ဆန်းအလွှာကိုမူ
နောက်တက်မည့် အမှုဆောင်အဖွဲ့သစ်လက်ထက်မှာ ဆုံးဖြတ်မည်ဖြစ်ပြီး လက်ရှိဆုံးဖြတ်ချက်များအရ
အမှုဆောင်အဖွဲ့သစ်တွင် ခေတ်သစ်အလွှာ ထပ်တိုးသော ၉ ဦးအပါအဝင် အမှုဆောင်အဖွဲ့မှာ
၅၉ ေ
ယာက် ရှိမည်ဖြစ် သည်။
Ref: Popular Myanmar Media:
No comments:
Post a Comment