Pages

Pages - Menu

Friday, July 13, 2012

ဇူလိုင်လ ၁၁ ရက် ည ၁၁ နာရီ အချိန်က ပခုက္ကူမြို့နယ် ၊ ဧရာဝတီတံတား(ပခုက္ကူ) တိုင်အမှတ် ၄ နှင့် ၅ ကြားတွင် မော်တော်ဆိုင်ကယ်မတော်တဆမှုဖြစ်ပွား

ပခုက္ကူမြို့နယ် ၊ ဧရာဝတီတံတား(ပခုက္ကူ) တိုင်အမှတ် ၄ နှင့် ၅ ကြားတွင် ဇူလိုင်လ ၁၁ ရက် ည ၁၁ နာရီ အချိန်ခန့်က မော်တော်ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားသည်ဟု ယူဆရသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦးပျောက်ဆုံးလျှက်ရှိကြောင်းသိရသည်။


ဖြစ်စဉ်မှာ ယင်းနေ့ ည ၁၁ နာရီအချိန်က အဆိုပါနေရာတွင်အသက် ၄၂ နှစ်အရွယ် ဦးတိုးလွင်ကို ဒဏ်ရာများနှင့်အတူ သတိလစ်မေ့မြောနေသည်ကိုတွေ့ရှိရပြီး မတော်တဆ ဖြစ်ပွားထားဟန်တူသော ဆိုင်ကယ်နှစ်စီးကိုလည်းတွေ့ရှိရကာ ဆိုင်ကယ်စီးနင်းသူ နှစ်ဦးမှာ ပျောက်ဆုံးလျှက်ရှိကြောင်းသိရသည်။

ပျောက်ဆုံးနေသူနှစ်ဦးမှာ ပခုက္ကူမြို့နယ် လျှပ်စစ်ရုံးဝင်းအတွင်းနေထိုင်သူ ကိုကျော်စိုး (လျှပ်စစ်ဝန်ထမ်း)နှင့် ကိုဇာနည်ကျော်တို့ဖြစ်ကြောင်း ၊အခင်းဖြစ်ပွားရာနေရာမှာ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် လက်ပံချေပေါ်ရဲစခန်းအပိုင်ဖြစ်ပြီး ရဲအရေးပိုင်အဖြစ် အဆိုပါရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလျှက်ရှိကြောင်းသိရသည်။

ဒဏ်ရာများနှင့်အတူ သတိလစ်မေ့မြောလျှက်ရှိသော ကိုတိုးလွင်အား ညောင်ဦးဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူစေလျှက်ရှိကြောင်းသိရသည်။



Ref: Popular Myanmar:

No comments:

Post a Comment