Pages

Pages - Menu

Wednesday, July 11, 2012

ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ခန်းမ၌ ပြည်သူ့လွှတ်တော် အစည်းအဝေး ဆဌမနေ့ကို ကျင်းပ

ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ခန်းမ၌ ပြည်သူ့လွှတ်တော် အစည်းအဝေး ဆဌမနေ့ကို ကျင်းပရာ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၀၉) ဦးတို့ တက်ရောက်ကြသည်။


ယနေ့ အစည်းအဝေး၌ မေးခွန်း (၈)ခု မေးမြန်းဖြေကြားခြင်း၊ အဆို (၁)ခု ဆွေးနွေးခြင်း၊ အဆိုအသစ် (၂)ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်း (၁)ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ယနေ့  အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ---

၁) ရှမ်းပြည်နယ်တောင်ပိုင်း အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်
စီမံကိန်း ဆက်လက် တည်ဆောက် သွားရန် အစီအစဉ် ရှိ၊ မရှိ။

၂) လျှပ်စစ် စွမ်းအင် လုံလောက်စွာ ဖြန့်ဖြူးမှုအတွက်
စီမံချက်ရေးဆွဲထားမှု အစီအစဉ် ရှိ၊ မရှိ။

၃) ပြည်ထောင်စု ရာထူးဝန် အဖွဲ့မှ ခေါ်ယူသည့် စာမေးပွဲများ အတွက်
စာမေးပွဲ ဖြေဆိုသည့် နေရာကို နေပြည်တော် တစ်ခုတည်းတွင်သာမက
သင့်တော်သည့် နေရာ သုံးနေရာ နေရာသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ 

၎) သံဖြူဇရပ်မြို့ ယခင် ခလရ ၃၁ နေရာတွင် မြို့ရပ်ကွက်တည်ရန်
အစီအစဉ် ရှိ၊ မရှိ။ 



အစရှိသော မေးခွန်းများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ မေးမြန်းကြမည် ဖြစ်ကြောင်း 

သိရသည်။ ထို့အပြင် ဖွံ့ဖြိုးမှုနည်းသောတိုင်းရင်းသားများအတွက် တိုးတက်ဖွံ့ဖြိုးရေး စီမံချက်ချ၍
စတင်ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း တင်သွင်းမည်ဟု သိရပါသည်။


ယနေ့ (ဇူလိုင် ၁၁) ကျင်းပမည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ရွှေလီ ရေအားလျှပ်စစ် စက်ရုံ (၁ )သို့မဟုတ် ဆည်တော်ကြီး ရေအားလျှပ်စစ် စက်ရုံမှ လျှပ်စစ်ဓာတ်အား သွယ်တန်းထုတ်လုပ်
 ဖြန့်ဖြူးပေးရန် မေးခွန်း၊ အခွန် တံဆိပ်ခေါင်းများကို မည်သည့် အချိန်တွင် လုံလောက်စွာ  ရောင်းချပေးနိုင်
မည်ကို သိလိုသည့် မေးခွန်း အစရှိသည်တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ မေးမြန်းကြမည်
ဖြစ်သည်။

 မြို့နယ်အဆင့်များကို မည်သည့်နှစ်တွင် မြို့ချင်းဆက်လမ်းများ ကောင်းမွန်စေရမည်နှင့် မည်သည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ရရှိစေရမည် အစရှိသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက်ချမှတ်
 ဆောင်ရွက်ရေး အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးမှ ဆွေးနွေးမည်ဟု သိရသည်။ 


ထို့အပြင် မကြာခင်က ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီးရှိ အလုပ်ရုံ တစ်ချို့အပါအ၀င် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဆန္ဒ ဖော်ထုတ်မှုများနှင့် ပတ်သက်၍ ဖြစ်ပွားရသော လက်ငင်း

အကြောင်း အရင်းနှင့် အရင်းခံ အကြောင်း အရင်းများကို လေ့လာပြီး စုံစမ်းစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် ဦးသိန်းညွန့်မှ တင်သွင်းမည်ဟု သိရပါသည်။


(သတင်းစဉ်)

 

No comments:

Post a Comment