နာမည်ကျော် Angry Birds ဂိမ်း ထုတ်လုပ်သည့် Rovio ကုမ္ပဏီသည် ဂိမ်းကစားသူများ အနေဖြင့် ဂိမ်းဇာတ်ကောင်အဖြစ် ငှက်များနေရာမှ မဟုတ်ဘဲ ဝက်များနေရာတွင်လည်း ဘက်ပြောင်း၍ ကစားနိုင်ရန် စီစဉ်နေကြောင်း မိုဘိုင်းဖုန်းဝက်ဘ်ဆိုက် Pocket-lint က ပြောကြားသည်။
Angry Birds ဂိမ်းဆော့သူများ အနေဖြင့် ဝက်များနေရာမှ လက်စားချေသည့် ပုံစံဖြင့် ဆော့ကစားနိုင်မည်ဟုဆိုသည်။ Pocket Lint ၏ အဆိုအရ Angry Birds ဂိမ်းအသစ်တွင် ဝက်များက ငှက်များထံမှ ခိုးယူခဲ့သော ဥများကို ကာကွယ်ရမည့် ဇာတ်လမ်းပုံစံ ဖန်တီးထားကြောင်း သိရှိရသည်။
၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Rovio သည် Angry Birds ဂိမ်းကို စတင်ဖန်တီးခဲ့ပြီ ၂ နှစ်အကြာ ယခုလက်ရှိအချိန်တွင် ကုမ္ပဏီ၏တန်ဖိုးမှာ ပေါင်စတာလင် ၅ ဒသမ ၅ ဘီလျံအထိရှိနေပြီ ဖြစ်သည်။

Ref: Planet Myanmar Network:
No comments:
Post a Comment