Pages

Pages - Menu

Thursday, June 28, 2012

ရခိုင်သိုသွားရောက်နေသော မန္တလေးမှ နာမှုကူညီ ရေးအသင်းကူညီရေးယာဉ်တန်း အခက်အခဲတွေ့

ရခိုင်သိုသွားရောက်နေသော မန္တလေးမှ နာမှုကူညီ ရေးအသင်းကူညီရေးယာဉ်တန်း အခက်အခဲတွေ့

ရခိုင်ဒေသ ကူညီရန် အလှူပစ္စည်း များတင်ဆောင် လာသော ကုန်ကားများ အား ဂိတ်မှ ပိုက်ဆံတောင်းနေစဉ်

မန္တလေးမှ နာမှုကူညီ ရေးအသင်းများ စုပေါင်း၍ ရခိုင်ဒေသ ကူညီရန် ဇွန်လ (၂၆) ရက်နေ့ ညနေ(၆)နာရီ(၃၀)မိနစ်တွင် အလှူပစ္စည်း တင်ဆောင်လာသည့် ကားများ စတင်ထွက်ခွာခဲ့သည်။

မန္တလေးမှကား(၃)စီးဖြင့်ထွက်ခွါလာရာ စဥ့်ကိုင်သော်တာဝင်းတန်ပိုဂိတ်သို့ ည(၈)နာရီ(၃၀)ခန့်ကရောက်ရှိရာ ရခိုင်ဒေသကူညီရန် အလှူပစ္စည်းများတင်ဆောင်လာသော ကုန်ကားများသည် တန်ပိုနေသဖြင့် တန်ပိုဂိတ်မှဖြတ်သန်းခွင့်မပြုပေ။

အကယ်၍ ဖြတ်သန်းလိုလျင် တန်ပိုကြေးပေးဆောင်မှ ဖြတ်သန်းခွင့်ပေးမည်ဟုဆိုသည်။

မန္တလေးမှ ရခိုင်သို့ရောက်ရန် တန်ပိုဂိတ်(၁၅)ဂိတ်ကျော်ဖြတ်သန်းရမည်။ ထိုသို့ဖြတ်သန်းတိုင်း တန်ပိုကြေး ပေးဆောင်ရလျင် အလှူငွေများ လျော့နည်းမည်ဖြစ်သဖြင့် စဥ့်ကိုင်တန်ပိုဂိတ်မှ တာဝန်ရှိသူ ကိုစိုင်း ဆိုသူအား ရခိုင်မောင်မယ်အသင်းမှ တာဝန်ရှိသူ ကိုသွင်စိုးနှင့်အတူလိုက်ပါလာသော ရခိုင်ဒေသကူညီရေး အဖွဲ့သားများမှတောင်းပန်း၍ပြောဆိုသော်လည်း မည်သို့မျှ အစဉ်မပြေခဲ့ပါ။

ထိုကြောင့်တန်ပိုကြေး (၆သောင်း၆ထောင်)ကျပ်ပေးဆောင်၍ဖြတ်သန်းခဲ့ရသည်။ ထိုကိစ္စ အဆင်ပြေရန် သက်ဆိုင်ရာမှ ကူညီပေးကြပါရန်။ နံက်(၁၁)နာရီ မင်းဘူးကျော်သွားပြီ။ မကွေးတံတားကတော့ ကားတစ်စီး(၃)သောင်းကျပ်တောင်းခဲ့ပါတယ်။  (၃)စီးဆိုတော့ (၉)သောင်းပေးခဲ့ရတယ်။

ပေးရတာမခက်ပေမဲ့ ရခိုင်အရောက်ဆို လမ်းတံတားဂိတ်ကြေး၊ တန်ပိုကြေးတွေကမနည်းလို့
ပြည်သူတွေလှူသမျှ ရခိုင်လည်းရောက်ရော ပါသမျှငွေကုန်ရော ဖြစ်နေကြောင်း ရခိုင်ဒေသ အကူအညီပေးရေး အဖွဲ့ မှ တာဝန်ရှိသူ တဦး က ပြောပါတယ်။

Rangonnewsdaily

No comments:

Post a Comment