Pages

Pages - Menu

Wednesday, June 27, 2012

၂၅၂ ယာဉ်လိုင်းမှ ယာဉ်တစ်စီး ကွမ်းယာဆိုင်အား ၀င်တိုက်


၂၅၂ ယာဉ်လိုင်းမှ ယာဉ်တစ်စီး ကွမ်းယာဆိုင်အား ၀င်တိုက်
အရှေ့ပိုင်းခရိုင် စီမံမှုအောက်ရှိ ဌာနခွဲ(၂) ၂၅၂ ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် လမ်းသွယ်မှဖြတ်ထွက်လာသည့် စက်ဘီးအားရှောင်ရာမှ ကွမ်းယာဆိုင်အား ၀င်တိုက်သည့်ဖြစ် စဉ်ဇွန်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပုံမှာ ၂၅၂ ယာဉ်လိုင်းမှ ယာဉ်အမှတ် (အ။၃၆၆၅) မှ ယင်းနေ့လည် ၂း၃၀ နာရီ အချိန် ကျုံးကြီးမှ တောင်ဒဂုံသို့ မောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်လာစဉ် မောင်းမကန်-ကမ်းသာယာ တံတားထိပ်မှတ်တိုင်မှအထွက် လမ်းသွယ်မှဖြတ်ထွက်လာ သော စက်ဘီးအားရှောင်လိုက်ရာမှ လမ်းဘေးရှိ ကွမ်းယာဆိုင်အား ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်ငါးဦးနှင့် ကွမ်းယာဆိုင်တွင် ဈေးဝယ်နေသူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရပါသည်။
Eleven Media Group:

No comments:

Post a Comment