Pages

Pages - Menu

Monday, June 18, 2012

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရွှေပါရမီတောရဖောင်ဒေးရှင်းက ကျပ်သိန်း(၁၀၀)ဖိုး ဆေးဝါးများလှူဒါန်း


ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရွှေပါရမီတောရဖောင်ဒေးရှင်းက ကျပ်သိန်း(၁၀၀)ဖိုး ဆေးဝါးများလှူဒါန်း



ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။


ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရွှေပါရမီတောရကျန်းမားရေးဖောင်ဒေးရှင်း နာယကဆရာတော် အရှင်ဆန္ဒာဓိကမှ ကျပ်ငွေ သိန်းတစ်ရာတန်ဖိုးရှိ ဆေးဝါးများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးထံသို့ ဇွန်လ (၁၇)ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ 
ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းသည် လူမျိုး၊ ဘာသာမရွေး အခမဲ့ဆေးကုသနေသော အဖွဲ့အစည်းဖြစ်ပြီး ဆေးရုံး၊ ဆေးခန်းများကိုပါ အထောက်အကူပြု ဆေးဝါးကိရိယာများ ပံ့ပိုးပေးနေကြောင်းကိုလည်း သိရသည်။ 



“ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို ဆေးကုသ ပေးရုံသာမကပဲ   ပြည်ထောင်ဝန်ကြီး လက်အောက်မှာရှိတဲ့  ဆေးရုံဆေးခန်းတွေမှာလည်း အဲဒေသမှာ လိုအပ် တဲ့ ကျန်းမာရေး အထောက် ကူပြု ဆေးဝါးကိရိယာတွေကို လှူဒါန်းပေးပါတယ်။” ဟု  ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဌ ဦးရှိန်ဝင်းက ပြောသည်။ 
ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းရုံးခန်းအား ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်း အမှတ်(၁၉)အခန်း(၂)တွင် ဇွန်လ (၁၇)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ကျန်းမာစေရေး မေတ္တာစိတ်ဖြင့် ဖေးမကူညီရွှေပါရမီဆိုတဲ့ဆောင်ပုဒ်နှင့်   အညီ အများအကျိုးသယ်ပိုးလျှက် ဆရာတော်ရဲ့ မေတ္တာစေတနာဖြင့်   တည်ဆောက်ထားခြင်းဖြစ်သည်။ 


NGO အဖွဲ့တွေ ပရဟိတအဖွဲ့တွေနဲ့ပူးပေါင်းပြီး နိုင်ငံတော်ရဲ့ ဘေးအန္တရာယ်များ ကြုံတွေ့နေရသည့် နေရာများတွင် သွားရောက် ကူညီဆောင်ရွက်နေကြောင်းနှင့် ကျန်းမာရေးဖောင်ဒေးရှင်းတွင် စေတနာ အသင်းဝင်၊ ၀န်ဆောင်မှုအသင်းဝင်နှင့် အလုပ်အမှုဆောင် အသင်းဝင်များဟု အသင်း (၃)သင်းဖြင့် လက်ခံနေပြီဖြစ်ကြောင်း သိရှိရသည်။ 
မည်သည့်ငွေပမာဏမဆို လှူဒါန်းသူများသည် စေတနာအသင်းဝင်များဖြစ်ပြီး၊ ငွေကျပ်တစ်သိန်း အထက်လှူဒါန်းသူများသည် ၀န်ဆောင်အသင်းဝင်များဖြစ်ကြောင်း ဥက္ကဌ ဦးရှိန်ဝင်းက ပြောသည်။ 


“ဒီလိုဖောင်ဒေးရှင်းတွေရှိတာကောင်းတာပေါ။့ လှူချင်တဲ့လူတွေရှိလည်း လှူလို့ရတယ်။ မကျန်းမာဖြစ်ပြီး ငွေကြေးမပြည့်စုံတဲ့ လူတွေ အတွက်လည်း ကောင်းပါတယ်။ ဒီလိုဖောင်ဒေးရှင်းမျိုးတွေများများရှိသင့်တယ် ဆရာတော်က လူမျိုးဘာသာမရွေးဘူး ဆိုတော့ကောင်း တာပေါ့။” ဟု ဗဟန်းမြို့နယ်တွင်နေထိုင်သူ ဒေါ်ခင်အုန်းမြင့်က ပြောသည်။ဖောင်ဒေးရှင်းသို့  လစဉ်တိုင်းလှူဒါန်းသူများအနေဖြင့်  ရုံးခန်းကိုဆက်သွယ်ပါက အိမ်တိုင်ရာရောက် လာရောက် ကောက်ခံပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 

ရှုမ၀အောင်(မြစ်မခ)

No comments:

Post a Comment