ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီး ပလီရှေ့တွင် ISLAM လူမျိုးများငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်
ဇွန်လ(၅)ရက်: ယနေ့မွန်းလွဲ တစ်နာရီဆယ့်ငါးမိနစ်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပွားသည်။
စုစုပေါင်း လူဆယ့်ငါးဦးခန့်က စာရွက်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းတို့ကိုင်ဆောင်ထားသော စာရွက်များတွင် "တရားဥပဒေစိုးမိုးရေး"ဟု ရေးသားထားကြသည်။
တောင်ကုတ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦး
ကပြောသည်။
ပြီခဲ့သည် ရက်ပိုင်းက တောက်ကုတ်တွင် Islam လူမျိုးများ အကြောင်းမဲ့သတ်ဖြတ်ခံရခြင်း အပေါ် တရားနည်းလမ်းကျကျဖြစ်စေရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြခြင်းလဲဖြစ်သည်။
ကိုလတ်(ပန်ဘဲတန်း)

No comments:
Post a Comment