Pages

Pages - Menu

Monday, June 4, 2012

နိုင်ငံသားများ၏ စားဝတ်နေရေ မရှင်းနိုင်ဘဲ မအုပ်ချုပ်ဟု ဦးအောင်မင်းဆို



ရန်ကုန်၊ ဇွန် ၃

နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့်အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြား
လိုက်သည်။


ရန်ကုန်မြို့တော်၊ Chatrium ဟိုတယ်တွင် ယနေ့နေ့လည်ပိုင်းက ပြုလုပ်သော အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံရေးပါတီများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် ပါဝင်ပတ်သက်သူများ စုပေါင်းဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားတို့ တော်ချင်ချင် မတော်ချင်ချင်ပေါ့ဗျာ။ ကျွန်တော်တို့က မိဘအဖြစ်ပဲ ခံယူပါတယ်။ မိဘဆိုတာဟာ ကိုယ့်ရဲ့သားသမီးတွေကို ထမင်းကျွေးနိုင်ရမယ်။ ပြည်သူလူထုက ကျွန်တော်တို့ သားသမီးတွေပဲ။ သူတို့ကို ထမင်းမကျွေးနိုင်ဘဲ ကျွန်တော်တို့ အစိုးရတက်မလုပ်ဘူး။ ခင်ဗျားတို့ အရေးကိစ္စတွေကို ကျွန်တော်တို့ တောက်လျောက်လုပ်နေတယ်”ဟု ၀န်ကြီး ဦးအောင်မင်းဆိုသည်။

The Voice Weekly

No comments:

Post a Comment