Pages

Pages - Menu

Thursday, October 20, 2016

မိထ္ထီလာသီးကုန်းအမြန်လမ်းဂုံးတံတား အနီးယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး


RangonNewsDaily::Thursday. October 20. 2016
၂၀.၁၀.၂၀၁၆ နံနက် ၀:၄၅ နာရီတွင် မိထ္ထီလာသီးကုန်းအမြန်လမ်းဂုံးတံတား
အနီးနွားတင်လာသော၁၀ဘီးကားနှင့် လမ်းဘေးချရပ်နားထားသော အိမ်စီးကားMitsubishi coltတို့တိုက်မိရာမှ ဒါရိုက်ဘာနောက်ခုံတွင်အိပ်ပျော်နေသူသေဆုံးခဲ့ရသည်။

ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး သွားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်


RangonNewsDaily::Thursday. October 20. 2016
၂၀၁၆ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့ နံနက် (၀၉း၀၀) အချိန် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး သွားလမ်း၊ မိုင်တိုင်အမှတ် ၁၆/၇နှင့် ၁၇မိုင်ကြား ခန့်မှန်း မပည(LB253474) အရောက်တွင် ယာဉ်မောင်း ကျော်စွာဦး ၊(သ)၃၅နှစ်၊ (ဘ) ဦးအေးဆောင် မောင်းနှင် လာသည့် 2H∕3492 ဒန်ဘာ၊ လိမ္မော်ရောင်ယာဉ်သည် ဆည်မြောင်းရပ်ကွက်၊ ငွေတောင်ကျေးရွာ နေသူများနှင့် ဆည်မြောင်းဝန်ထမ်းများ လိုက်ပါလျှက် ဒေါတမကြီး အုပ်စု ၊ ဒေါညေးခူဘုန်းကြီးကျောင်း ကထိန်သို့ သွားရောက်စဉ် ကားဘရိတ်ပေါက်ပြီး ကားပက်လက်လှန် တိမ်းမှောက်သွားကြောင်း ဒီးမောဆိုး မြို့မ ရဲစခန်းမှူးနှင့် အဖွဲ့များမှ စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။