Pages

Pages - Menu

Monday, February 16, 2015

မဲဆောက်တွင် ထိုင်းအလုပ်ရှင်နှင့် မြန်မာအလုပ်သမားများ အဖမ်းခံရ


RangonNewsDaily:: February . 15 .2015
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အာဏာပိုင်တွေက လုပ်ငန်းခွင်တွေထဲ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုကြောင့် ထိုင်းအလုပ်ရှင်တဦးနဲ့ မြန်မာအလုပ်သမား ၃၅ ဦး အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။

အောင်စစ်ခိုင် ပြည်-ရန်ကုန် ခရီးသည်တင်ယာဉ် တိမ်းမှောက် ၄ဦးသေ ၁၃ဦးဒဏ်ရာရ


RangonNewsDaily:: February . 15 .2015
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ကိုင်းပြင်ကြီး ကျေးရွာ အုပ်စုရှိ ရန်ကုန်-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁ဝဝ/၁) နှင့် (၁ဝဝ/၂) ကြား၌ ယနေ့နံနက် ၁ဝ နာရီခွဲက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

မူဆယ်-- သိန်းနီသွား ၂၂ ဘီးယာဉ် ဘရိတ်ပေါက် ၀င်တိုက်၍ အိမ်ပြို ပြီး လူနှစ်ဦးသေ

RangonNewsDaily:: February . 15 .2015
မူဆယ်မှ သိန်းနီဘက်သို့ ပုလဲ မြေသြဇာအိတ်များ တင်ဆောင်လာ သည့် ယာဉ်မောင်း သောင်းလင်း မောင်းနှင်သည့် 5B/----- ၂၂ ဘီး ယာဉ်မှာ လမ်းဆုံကွေ့ မိုင်တိုင်အမှတ် ၂ဝ၆/ ၃/၄ အကြား၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၃ နာရီခန့်က ဘရိတ် ပေါက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောမှ မောင်းနှင်လာသည့် 6F/ ---- မတ်တူးယာဉ်ကို ဝင်ရောက် တိုက်မိပြီး လမ်း၏ယာဘက်ရှိ ဦးလှ မောင်(၈၃ နှစ်) နေအိမ်အတွင်းသို့ ဝင်သွားခဲ့သဖြင့် နေအိမ်တစ်ခုလုံး ပြိုကျပျက်စီးပြီး နေအိမ်အတွင်းရှိ ပရိဘောဂများနှင့် 3B/---- မတ်တူး ယာဉ်ကို ထပ်ဆင့်တိုက်မိခဲ့သည်။

သီတဂူဆရာတော်၏ သပိတ်ရပ်ရန် မေတ္တာရပ်ခံမှု ကျောင်းသားများ လက်မခံ

RangonNewsDaily:: February . 15 .2015
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လမ်းလျှောက်ချီတက်နေသည့် ကျောင်းသားများ အနေဖြင့် သပိတ်စစ်ကြောင်းများကို ရပ်နားပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်ကြရန် သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရ၏ မေတ္တာရပ်ခံချက်ကို လက်ခံမည်မဟုတ်ဟု သပိတ်မှောက်ကျောင်းသားများက ဆိုလိုက်သည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သောက်နေသည့် ရဟန်းနှစ်ပါးကို ဖမ်းဆီး

RangonNewsDaily:: February . 15 .2015
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ လင်းမွေတောင် ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သောက်စား မူးယစ်နေကြသော ရဟန်းနှစ်ပါးကို ဘူးသီးတောင်မြို့မ ရဲစခန်းက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် သံဃနာယက ဆရာတော် ဘဒ္ဒန္ဒသောမက မိန့်ကြားသည်။

တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသမှ မန္တလေးမြို့သို့ ထွက်ပြေးလာသူ ထောင်ချီရှိ


RangonNewsDaily:: February . 15 .2015
အစိုးရတပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ ကြား ဖေဖော်ဝါရီပထမပတ်မှ စတင်၍ နေ့စဉ်ရက်ဆက်ဖြစ် ပွားနေသည့် တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသမှ စစ်ဘေး ရှောင် ထွက်ပြေးလာသူများ ဖေဖော်ဝါရီ ၁၃ ရက်ညမှစတင် ကာ မန္တလေးမြို့ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းသို့ ရောက်ရှိလာကြောင်း မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

ဒီမိုကရေစီပညာရေး ပင်မနှင့် ပဲခူး စစ်ကြောင်း ၂ ခု ပူးပေါင်းချီတက်


RangonNewsDaily:: February . 15 .2015
မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ဦးတည် ချီတက်လာခဲ့တဲ့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းနဲ့ ပဲခူးစစ်ကြောင်းတို့ ပူးပေါင်း ချီတက်နေကြပါတယ်။
ဒီနေ့လယ် ၂ နာရီ အချိန်လောက်မှာ အုတ်ဖိုမြို့နဲ့ ကြို့ပင်ကောက် နယ်နိမိတ်အဆက် ပန်းပဲကုန်း ကျေးရွာထိပ်မှာ သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်းလိုက်ပြီး ဒီနေ့ည အုတ်ဖိုမြို့မှာ ညအိပ်ရပ်နားကြမှာ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်အတွင်း မုံရွာ-ညောင်ပင်ကြီးကူးသည့် စက်လှေမှောက်၊ ခုနစ်ဦးသေ


RangonNewsDaily:: February . 15 .2015
မုံရွာဆိပ်ကမ်းမှ ညောင်ပင်ကြီး ဆိပ်ကမ်းသို့ ကူးသည့် စက်လှေတစ်စင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီခန့်က ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့သောကြောင့် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ညောင်ပင်ကြီး ဆိပ်ကမ်း၌ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။