Pages

Pages - Menu

Saturday, July 19, 2014

လှည်းတန်းမီးပွိုင့်တွင် ဟွန်းသံရှည်တီးသူ တစ်ဦးလိုင်စင်သိမ်းခံရ


RangonNewsDaily:: July . 19 .2014
အာဇာနည်နေ့တွင် လှည်းတန်းမီးပွိုင့်၌ ဟွန်းသံရှည် ဆွဲသူတစ်ဦးကို လိုင်စင်သိမ်းယူလိုက်ကြောင်း မျက်မြင်တွေ့သူ ကမာရွက်မြို့နယ် လှည်းတန်းမီးပွိုင့်တွင်ကားဟွန်းရှည်တီးရေး လှုံ့ဆော်သူ ကိုရဲရင့်ခန့်မောင်က မဇ္ဈိမကိုပြောသည်။

၁၀ မိုင်ကုန်းမှတ်တိုင် အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား


RangonNewsDaily:: July . 19 .2014
ယနေ့ ညနေ ၃ နာရီခန့်ကလှိုင်သာယာ မှ စံပြဈေးသို့ ပြေးဆွဲသည့် (၇၉) ဒိုင်နာယာဉ် တစ်စီး နှင့် မစ်ဆူဘီရှီ အမျိုးစား ပါဂျဲ ရိုးယာဉ်တစ်စီးသည် ၁၀ မိုင်ကုန်း မှတ်တိုင် အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ... (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)


RangonNewsDaily:: July . 19 .2014
ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုး
ကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး

စစ်တွေမြို့၌ ထူးကဲဒီရေ တက်ခြင်းကြောင့် ရပ်ကွက်တချို့၌ သုံးရက်ဆက်တိုက် ရေလွှမ်း

RangonNewsDaily:: July . 19 .2014
စစ်တွေ၊ ဇူလိုင် ၁၈- ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထူးကဲဒီရေတက်ခြင်း များကြောင့် ရပ်ကွက်တချို့၌သုံးရက် ဆက်တိုက်ရေ
လွှမ်းမိုးမှုများဖြစ်ပေါ် လျက်ရှိကြောင်း စစ်တွေမြို့ဒေသခံ များထံမှ သိရသည်။ပြီးခဲ့သည့်ရက် များက မိုးရွာ သွန်းခြင်း၊ ထူးကဲ
ဒီရေတက်ခြင်းများ ကြောင့် စစ်တွေမြို့ဆင်ကူးလမ်းရပ် ကွက်၊ ရွှေပြားရပ်ကွက်တို့တွင် ရေ လွှမ်းမိုးမှု များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဦးတေဇပိုင် ADG ဘဏ်၏ရှယ်ယာ ၆၀ရာခိုင်နှုန်း အား ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းဝယ်ယူ

RangonNewsDaily:: July . 19 .2014
ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ဆိုင်သော အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်(AGD) ၏အစုရှယ်ယာ၆၀ရာခိုင်နှုန်းအား ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း ဦးကျော်နေ၀င်းက Messenger Media နှင့် သီးသန့်တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။အဆိုပါ
ဘဏ်၏၆၀ရာခိုင်နှုန်းကိုလွဲပြောင်းရယူပြီးဖြစ်ပြီး၈၅ရာခိုင်နှုန်းအထိဝယ်ယူရန် ဦးကျော်နေ၀င်း ဦးဆောင်သောအဖွဲ့နှင့် AGD တာဝန်ရှိသူများသဘောတူညီထားပြီးဖြစ်ကြောင်းသိရသည်။

မန်းကျောက်ဝိုင်း ဗုံးလန့်၊ ကျောက်စိမ်းထုပ် အခိုးခံရ

RangonNewsDaily:: July . 19 .2014
တရုတ်လူမျိုးအများဆုံး ကျောက်မျက် လာရောက်ဝယ်ယူရာ ကျောက်စိမ်း ဈေးကွက်ကြီး ဖြစ်သော မန္တလေးမြို့တော်ရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဆိုင်တစ်ဆိုင်၏ ရေအေးစက်မှ ဂက်စ်ပိုက် ပေါက်သည်ကို ဗုံးပေါက်သည်ဟု ထင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး၊ ယင်းအချိန်တွင် ကျောက်စိမ်းထုပ် ခိုးယူခံရကြောင်း အဆိုပါစခန်း အခြေစိုက် ကျောက်ကုန်သည် အချို့က ပြောကြားသည်။