Pages

Pages - Menu

Tuesday, May 6, 2014

မီးမဖြတ်ဘူးလို့ပြောပြီး နေ့စဉ်မီးပြတ်နေလို့ ရန်ကုန်ပြည်သူအချို့ဒေါသထွက်

RangonNewsDaily: May . 6 .2014
ရန်ကုန်မြို့ကို လုံးဝမီးမဖြတ်ပါလို့ လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့က ပြောပြီးတဲ့နောက်နေ့ကစပြီး မေလ ၆ရက်နေ့အထိ မြို့နယ်တိုင်းလျှပ်
စစ်မီးတွေပြတ်တောက်နေဆဲပါ။ ပြည်သူကို အရူးလုပ်တာလားဆိုပြီး လုပ်ငန်းရှင်တွေလည်း ဒေါသတွေ ထွက်နေကြပါတယ်။

ဘာသာတရားအကြောင်းပြုကာ ခွဲခြားခံနေရမှုကင်းဝေးရေး မျှော်လင့်လျှက် ပြည် လုံးကျွတ်မွတ်စလင်မ်ညီလာခံ ကျင်းပရန်ကြိုးပမ်းနေ

RangonNewsDaily: May . 6 .2014
အစ္စလာမ်ဘာသာကိုအကြောင်းပြုပြီးခွဲခြားဆက်ဆံခံရတာတွေလုံးဝပပျောက်ဖို့ ၊အစ္စလာမ်ဘာသာဝင်ဘာသာအပေါ် အထင်အမြင်
လွဲမှားမှုတွေပပျောက်ဖို့နဲ့ မွတ်စလင်မ်တွေအနေနဲ့ ဒေသတွင်းကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖေါ်ထုတ်စိစစ်ပြီး နိင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်နိင်ဖို့ အခွင့်အလမ်းဟာ ပြည်ထောင်စုသားမွတ်စလင်မ်များပြည်လုံးကျွတ်ညီလာခံကျင်းပမှုကနေ ရရှိနိင်မယ့်
အကျိုးကျေးဇူးတွေအဖြစ်မျှော်လင့်ထားတယ်လို့ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)က မြန်မာမွတ်စလင်မ်မီဒီယာကိုပြောပါတယ်။

တပ်မတော်ဒုတပ်ကြပ်တစ်ဦးမှ ရဲတပ်ကြပ်ကြီးအား သေနတ်ဖြင့် ပစ်သတ်


RangonNewsDaily: May . 6 .2014
၂၀၁၄ခုနှစ် မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီ(၃၀)မိနစ်အချိန်က အင်းတော်မြို့နယ်အပိုင် နန်မကြိုင်းကျေးရွာအနီးရှိ
စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့်ရဲတပ်ကြပ်ကြီးတစ်ဦးအား ဖျာပုံအခြေစိုက် ခလရ(၉၈)မှ ဒုတပ်ကြပ်တစ်ဦးက သေ
နတ်ဖြင့် အနီးကပ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူ ရဲတပ်ကြပ်ကြီးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပါသည်။

နောက်ဆက်တွဲငလျင်များ သတိထားရန် ပညာရှင်များ သတိပေး


RangonNewsDaily: May . 6 .2014
ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် မေလ ၅ ရက်ညနေက အင်အားရစ်ခ်ျတာစကေး ၆ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ကနဦးသတင်းများအရ မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများ မရှိသော်လည်း နောက်ဆက်တွဲငလျင်များကို သတိထားရန် ဘူမိဗေဒ ပညာရှင်များနှင့် မိုးလေ ၀သပညာရှင်များက သတိပေးပြောကြားသည်။

လားရှိုးမြို့ လမ်းမများပေါ် အမျိုးသမီးငယ်များပါ မူးယစ်ဆေး ပေါ်ပေါ်တင်တင် သုံးစွဲ


RangonNewsDaily: May . 6 .2014
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ပေါ် ရပ်ကွက်အချို့၏ လမ်းများပေါ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သုံးစွဲမှုများ ပေါ်ပေါ်တင်တင် ပြုလုပ်နေကြရာ ယခုလပိုင်းအတွင်း လူဦးရေ ပိုမိုများပြားလာပြီး ယင်းအနက် အမျိုးသမီးငယ်များလည်း ပါဝင်ကြောင်း ဒေသခံများက ပြောကြားသည်။ရပ်ကွက် (၅) ဘုံကျောင်းအနီး လမ်းကြားများနှင့် ရပ်ကွက် (၈) သာသနာ ၂၅၀၀ ဘုရားတောင် အတက်အဆင်း လမ်းဘေးများတွင် မူးယစ်ဆေးဝါး ရောင်းချသူများက တစ်ခါသုံး ဆေးထိုးပြွန်များအတွင်း အသင့်ဖျော်စပ်ပြီး ဖြစ်သော မူးယစ်ဆေးဝါးများအား လူငယ်များ၏ အကြောအတွင်း ထိုးသွင်းပေးပြီး ရောင်းချသုံးစွဲမှုများ ပြုလုပ်နေကြခြင်းကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောဆိုသည်။

ဆယ်တန်းကျောင်းသားက၁၀နှစ်အရွယ်ညီမ၀မ်းကွဲအားအဓမ္မပြုကျင့်

RangonNewsDaily: May . 6 .2014
ဥာဏ်ရည် မမီသည့် ၁ဝ နှစ်အရွယ် မိန်းကလေး အား တစ်ခြံထဲနေ အစ်ကိုနှစ် ဝမ်းကွဲတော်သူ ဆယ်တန်းကျောင်းသား က အဓမ္မ ပြုကျင့်မှု တစ်ခု မင်္ဂလာဒုံတွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းမှ သိရသည်။သမီးဖြစ်သူအား မိခင်ဖြစ်သူမှ တစ်ခြံထဲရှိ မောင်....၏ ဆိုင်တွင် အအေး ဝယ်ခိုင်းရာ ပြန်မလာသဖြင့် မိခင်ဖြစ်သူ သွားရောက် ကြည့်ရှုရာ သမီးဖြစ်သူ ၏ဖိနပ်အား အိမ်အပေါ် တက်သည့် လှေကားအောက်တွင် တွေ့ ရသည်။ ထို့ကြောင့် သွားရောက် ကြည့်ရှု ရာ သမီးဖြစ်သူအား တူဝမ်းကွဲတော်စပ် သူမောင် ....က အဓမ္မမပြုကျင့်နေ သည်ကိုတွေ့ခဲ့ကြောင်း ကလေး၏ မိခင် ဖြစ်သူထံမှ သိရသည်။

ကသာခရိုင် အင်းတော်မြို့ နောင်မိုးကျေးရွာ အနီးတွင် လူငယ်တစ်ဦးမှ ခိုးယူ လာသောပစ္စတိုဖြင့်ပစ်ခတ်သဖြင့်အမျိုးသမီးတစ်ဦးဒဏ်ရာရ

RangonNewsDaily: May . 6 .2014
ကသာခရိုင်၊ အင်းတော်မြို့မှ ရဲစခန်း၊ အရှေ့တောင် (၈) ခန့်ရှိ နောင်မိုးကျေးရွာ အနီးတွင် မေလ ၅ ရက်နေ့က သေနတ် ဖြင့် ပစ်
ခတ်သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ဖြစ်စဉ်မှာ ရဲအုပ်ထွန်းထွန်းသည် မဲဇာရဲကင်းစခန်းမှူး တာဝန်
ဆောင်ရွက်နေစဉ် နောင်မိုးကျေးရွာ အနီးတွင် သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းအရ

အမျိုးစောင့်ဥပဒေကို အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ခန့် အပြင်းအထန် ကန့်ကွက်


RangonNewsDaily: May . 6 .2014
နိုင်ငံတော်သမ္မတရဲ့ အမျိုးစောင့်ဥပဒေရေးဆွဲရေး ကြိုးပမ်းချက်ဟာ အမျိုးသမီးတွေ အပေါ်မှာ ကန့်သတ်ချုပ်ချယ်တဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်တဲ့အတွက် အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ လောက်က အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

ရဲတပ်ဖွဲ့ဝင်မောင်းနှင်လာသောယာဉ်မှ လမ်းဖြတ်ကူးသူများနှင့် လမ်းဘေးတွင်ရပ် ထားသောယာဉ်များကို တိုက်မိ

RangonNewsDaily: May . 6 .2014
၅.၅.၂၀၁၄ ရက်နေ့ ၁၄၁၅ အချိန်တွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကျော်ကျော်
(တိုင်းအကူတပ်ဖွဲ့ခွဲ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး) မောင်းနှင်လာသော 5F---- ပရိုဘောက်စ် အဖြူရောင်ယာဉ်သည် မဟာ
ဗန္ဓုလလမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်စဉ်လမ်းဖြတ်ကူးသူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေသူများဖြစ်
သည့် ဦးအောင်လွင်နှင့် ဒေါ်ကျင်ရွှေတို့အား ၀င်ရောက်တိုက်မိပြီး လမ်းဘေးတွင်ရပ်ထားသော 6E---- ဟိုင်းလတ်
အဖြူရောင်ယာဉ်နှင့် 1E---- ဟွန်ဒါဖစ် ခဲရောင်ယာဉ်တို့အား ဆက်လက်တိုက်မိခဲ့ပါသည်။

နစ်မြုပ်သင်္ဘောပေါ်ပါ ပျောက်ဆုံးသူများကို ရှာဖွေသည့် ရေငုပ်သမား သေဆုံး


RangonNewsDaily: May . 6 .2014
ပြီးခဲ့တဲ့လက နစ်မြုပ်သွားတဲ့ တောင်ကိုရီးယားသင်္ဘောပေါ်ရှိ ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ ရေငုပ်သမားတဦး ဒီနေ့မှာ သတိ
လစ် မေ့မြောသွားပြီးနောက် သေဆုံးခဲ့ပါတယ်

အမြန်လမ်းတွင် အိမ်စီးကားတစ်စီး ဘရိတ်ပေါက်ပြီး သစ်ပင်ဝင်တိုက်


RangonNewsDaily: May . 6 .2014
မေလ ၅ ရက် ညနေ ၄ နာရီခွဲခန့်က အမြန်လမ်းပေါ်ရှိ မိုင်တိုင် ၁၆၈ အနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောစူပါကာစတန်
အမျိုးအစား ယာဉ်တစ်စီးသည်အရှိန်မထိန်းနိုင်ဘဲ ဘရိတ်ပေါက်ကာ လမ်းဘေးရှိ ကုက္ကိုပင်ငယ်ကို ၀င်တိုက်၍ လမ်းအောက်ရှိ စပါး
ခင်းအတွင်းသို့ ထိုးကျသွားကြောင်း သတင်းရရှိသည်။

သုဝဏ္ဏ ပဲကြော်တန်းလမ်း လူသတ်မှု ကိုးရက်ကြာသည်အထိ မမိသေး

RangonNewsDaily: May . 6 .2014
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ (င။က)ရပ်ကွက် သာယာကုန်း (၂) လမ်းရှိ ပဲကြော်တန်း လမ်းထိပ်တွင် ဧပြီလ ၂၆ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သော လူသတ်မှုမှ ထွက်ပြေး တိမ်းရှောင်နေသူ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သုဝဏ္ဏ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

လမ်းလျှောက်နေသူ အမျိုးသမီးထံမှ ငွေများထည့်ထားသော ကြွပ်ကြပ် အိတ်ကို ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၃)ဦးမှ လုယူထွက်ပြေး

RangonNewsDaily: May . 6 .2014
၎.၅.၂၀၁၄ရက်နေ့၁၉၃၀အချိန်တွင် အင်းစိန်မြို့နယ်နေ ဒေါ်ယဉ်ယဉ်ဆန်းမှ၎င်းသည် ကျန်းမာရေး မကောင်းသဖြင့် အင်းစိန်မြို့
နယ်၊ ဖော့ကန်ရပ်ကွက်ရှိ “ကောင်း”ဆေးရုံသို့သွားရောက်ရန်အတွက် ခင်ပွန်းဖြစ်သူနှင့်အတူ အောက်မင်္ဂလာဒုံလမ်းအတိုင်း
လမ်းလျှောက်လာခဲ့ကြောင်း၊ထိုသို့လမ်းလျှောက်လာစဉ်