Pages

Pages - Menu

Saturday, March 1, 2014

မြင်းမူ မြို့နယ်တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား


RangonNewsDaily: March . 1 .2014
စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နှင့် ၁၄ မိုင်ခန့် ဝေးသော ပဒတ္ထိုင်း စံပြ ကျေးရွာတွင် မူလက ရွေးချယ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အတည်ပြုနိုင်ခြင်း မရှိသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွေးချယ်ပွဲ ထပ်မံ ပြုလုပ်ရာ ကျေးရွာ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူး လာရောက် ရွေးချယ်ပေးမှုကို ကန့်ကွက်ကြကြောင်း၊ ယင်းကန့်ကွက်မှုကို ရဲတပ်ဖွဲ့ဝင်များက ဟန့်တားရန် လုပ်ဆောင်ရာမှ ကျေးရွာ ဒေသခံများနှင့် ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဒေသခံများက ပြောကြားသည်။

အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း အများပြည်သူသို့ အသိပေးပန်ကြား

RangonNewsDaily: March . 1 .2014
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှကင်းဝေးစေရန်၊ဓာတ်အားပြတ်တောက်မှုများလျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သော သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဆောင်ရွက်လျက် ရှိပါသည်။

အကယ်ဒမီဇင်ဝိုင်း ဘန်ကောက်၌ ခါးခွဲစိတ်ကုသမှုခံယူ


RangonNewsDaily: March . 1 .2014
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း ယနေ့ (မတ် ၁ )ရက်တွင် ဘန်ကောက်ရှိ ဘန်ကောက်ဝေ့ဌာနီ ဆေးရုံ၌ ခါးခွဲစိတ်ကုသမှုခံယူမည်ဖြစ်သည်။ဇင်ဝိုင်းက"ဒီနေ့ညပဲဘန်ကောက်ဝေ့ဌာနီ.ဆေးရုံမှာတက်ပါပြီ။ခါးအခြေအနေကမခွဲရင်မဖြစ်တော့လို့မနက်ဖြန်မနက်ဆယ်နာရီမှာခွဲရပါမယ်" ဟု ယမန်နေ့က သူ၏ဖေ့ဘုတ်စာမျက်နှာထက်တွင် ရေးသားခဲ့သည်။

မိန်းမအချင်းချင်း နမ်းရတာကို ကြိုက်ပြန်တဲ့ မိုင်လီဆိုင်းရပ်စ်


RangonNewsDaily: March . 1 .2014
ပြီးခဲ့သည့် စနေနေ့ညက လော့စ် အိန်ဂျလိစ်မြို့ရှိ စတေပယ် စင်တာ တွင် ပြုလုပ်ခဲ့သည့် မိုင်လီ၏ ဖျော်ဖြေပွဲတွင် ပွဲလာကြည့်သော ကေတီပယ်ရီ ကို နမ်းလိုက် သဖြင့် ရွှေပွဲ လာပရိသတ်များက ဖုန်းများဖြင့် အမိအရ ဓာတ်ပုံရိုက်ခဲ့ကြ သည်။”မိန်းကလေးတစ်ယောက်ကို နမ်း လိုက်မိရုံပါပဲ။ ဒါပေမဲ့ ဒီခံစားမှုကို ကျွန် မ တကယ် အများကြီးနှစ်သက်မိတယ်”ဟု မိုင်လီက စမတ်ဖုန်းဖြင့် ဓာတ်ပုံ ရိုက် နေကြသော ပရိသတ် ဆီသို့ ပြောကြား ခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းကို ရေပေးမည့် လဂွန်းပြင် ရေသန့်စင်စက်ရုံ ၂၀၁၅ အပြီးဆောက်မည်


RangonNewsDaily: March . 1 .2014
ရန်ကုန် အရှေ့ပိုင်းမြို့နယ်များသို့ ရေဂါလံသန်း ၄၀ ဖြန့်ဝေနိုင်မည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း၏ ရေသန့်စင်စက်ရုံ ဆောက်လုပ်မှုကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“မြေသားညှိတာ၊ ဘိုးပိုင်စိုက်တာတွေနဲ့ ဆောက်လုပ်မှုတွေကတော့ စနေပါပြီ” ဟု ၎င်းကပြောဆိုသည်။

Photo တွေ Video တွေကို Lock ချထားပေးမယ့် Vault v5.0.04.22 App For Android

RangonNewsDaily: March . 1 .2014

-မိမိတို့ ဖုန်းထဲက Video ​တွေ၊Photo ​တွေ၊ Sms Message ​တွေ၊Facebook Message ​တွေ၊ကို Hide ထား ဖွက်​ထား​ပေး လို့ရမယ့်​ "Vault v5.0.04.22" ဆိုတဲ့ Application ​လေးတစ်​ခု Latest Version ​လေးတစ်​ခုကို တင်​​ပေးလိုက်​ပါပြီ။

Facebook ရဲ့ ဖေဖေါ်ဝါရီ ၂၇ရက်နေ့ နောက်ဆုံးထွက်ဗားရှင်း Facebook 8.0.0.0.8 Update version


RangonNewsDaily: March . 1 .2014
Facebook ရဲ့ ဖေဖေါ်ဝါရီ ၂၇ရက်နေ့ နောက်ဆုံးထွက်ဗားရှင်း Facebook 8.0.0.0.8 Update version လေးထပ်မံတင်ပေးလိုက်
ပါပြီဗျာ။

လူတွေရဲ့ Privacy တွေကိုအဓိကကာကွယ်ပေးမည့် Blackphone ထွက်ပေါ်လာပြီ


RangonNewsDaily: March . 1 .2014
ယခုပြသလျှက်ရှိသသော Mobile World Congress (MWC) ပြပွဲတွင်လူတွေရဲ့ Personal Data တွေကိုအပြည့်အ၀ကာကွယ် ပေးနိုင်မဲ့ Blackphone ကိုစတင်မိတ်ဆက်ပြသခဲ့ကြောင်းသိရှိရသည်။

Samsung Gear Fit Review


RangonNewsDaily: March . 1 .2014
စပိန်နိင်ငံ၊ ဘာစီလိုနာပွဲမှာ Samsung ဟာ Gear (3) လုံးကို ထုတ်ဖော်ချပြခဲ့ပါတယ်။ ဒါတွေကတော့ Gear 2 , Gear 2 Neo , Gear Fit တို့ပဲ ဖြစ်ပါတယ်။ထိုအထဲတွင် Gear 2 , Gear 2 Neo မှာ ဆင်တူနီးပါးပုံစံရှိပြီး အရင် Gear နဲ့ပုံစံ သိပ်မကွာလှပါဘူး။ နောက်တစ်ခု ဖြစ်တဲ့ Gear Fit ဟာဆိုရင် Fitness လက်ပတ် တစ်ခုဖြစ်ပြီး တစ်ခြားဟာတွေနဲ့ တမူထူးခြားကာ ပုံစံလည်း အတော်ပြောင်းလဲသွားတာမို့ Gear Fit ကို ရွှေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။

သတင်းစာလောကထဲ သတင်းစာတစောင် ထပ်လာပြီ


RangonNewsDaily: March . 1 .2014
သတင်းစာလောကထဲကို အသစ်တစောင် ခုန်ဆင်းလာပါပြီ။ မနက်ဖြန် မတ်လ ၁ ရက်နေ့က စပြီး နေ့စဉ် ထုတ်ဝေပါမယ် တဲ့။
နာမည်က ဒီမိုကရေစီတူဒေး။

ပိုက်ဆံ သောင်းဂဏန်း ပမာဏ မကိုင်ရတာကြာပါပြီလို့ဆိုတဲ့ ဒေါ်တင်ဝင်း


RangonNewsDaily: March . 1 .2014
အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်တင်ဝင်းတစ်ယောက် သူ့ဘ၀မှာ ပိုက်ဆံကျပ်သောင်းဂဏန်းဆိုတဲ့ပမာဏကို လက်ထဲမှာကိုင်မသုံးဘူးတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ရှိပါပြီ။ ဇရာရဲ့သင်္ကေတတွေ လက္ခဏာတွေ စတင်ပြည့်စုံစပြုနေတဲ့ ဒေါ်တင်ဝင်းဟာ ခ၀ါသည် လုပ်လိုက်၊ သဲတောင်းရွက်သူလုပ်လိုက်၊ အမှိုက်စွန့်ပစ်ပေးသူလုပ်လိုက်နဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရင်း ရုန်းကန်နေရပါတယ်။ သမီးတစ်ယောက်ရှိပေမယ့် ဒေါ်တင်ဝင်းဟာ ကိုယ့်ဘာသာကို တစ်ယောက်တည်းနေထိုင်ပါတယ်။

ပြည်တွင်း၊ ပြည်ပဧည့်သည်များအတွက် ရွှေတိဂုံစေတီတော်သမိုင်း Audio Guide Application စီစဉ်

RangonNewsDaily: March . 1 .2014
ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (ရွှေပြည်သာ) က မဟာသိပ္ပံ ကျောင်းသား ကျောင်းသူ ၁၈ ဦး ရေးဆွဲထားသော ရွှေတိဂုံ စေတီတော်သမိုင်း ထည့်သွင်းထားသည့် Shwedagon Audio Guide Application ကို ပြည်တွင်း၊ ပြည်ပဧည့်သည့်များ သုံးစွဲရန် အခမဲ့ဖြန့်ချိရန် စီစဉ်နေကြောင်း အဆိုပါ ဆော့ဖ်ဝဲ ရေးဆွဲသူ ကျောင်းသူတစ်ဦးက The Voice သို့ပြောကြားသည်။
ရွှေတိဂုံ စေတီတော်ပေါ်ရှိ အထင်ကရနေရာ ၄၇ ခုကို ရှင်းလင်းထားသော အသံနှင့်စာများကို အဆိုပါ ဆော့ဖ်ဝဲတွင် ထည့်သွင်းမည် ဖြစ်ပြီး လက်ရှိတွင် အံ့ဖွယ်ကိုးခု ထည့်သွင်းပြီး ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ရည်ရွယ်ချက်ရှိဟု တောင်ကိုရီး ယားပြော


မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် ပြသထားသည့် ဒုံးကျည်များ (ဓာတ်ပုံ – ရိုက်တာ)
RangonNewsDaily: March . 1 .2014
မြောက်ကိုရီးယားက တာတိုပစ် မစ်ဇိုင်းဒုံးကျည် ၄ စင်းကို တောင်ကိုရီး ယားအရှေ့ဘက်က ပင်လယ်ထဲကို စမ်းသပ် ပစ်လွှတ်လိုက်လိုက်တာ တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လှုပ်ရှားမှု ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောပါတယ်။

တေးသံရှင်မေသူ၏ သာယာတဲ့ကမ္ဘာစီးရီး မတ်လ ၆ ရက်ထွက်မည်


RangonNewsDaily: March . 1 .2014
ကိုယ်ပိုင်သံစဉ် အချစ်သီချင်းများစွာ ပါဝင်သော သာယာတဲ့ကမ္ဘာ စီးရီးကို မတ်လ ၆ ရက်နေ့မှစတင်ပြီး ရတနာမြိုင် တေးသံသွင်းမှ စတင်ဖြန့်ချိတော့မည် ဖြစ်ကြောင်း တေးသံရှင် မေသူက The Voice သို့ ပြောကြားသည်။
“ဒီစီးရီးက ညီမရဲ့ ဒုတိယမြောက် စီးရီးပါ။ ဒီခွေထဲမှာတော့ အဆွေးသီချင်းတွေ လျှော့ပြီး မြူးမြူးကြွကြွနဲ့ ကလို့ကောင်းမယ့် သီချင်းလေးတွေကို ညီမ ဦးစားပေး ထည့်ထားတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူသတ်မှုဖြစ်ပွား

RangonNewsDaily: March . 1 .2014
၂၇.၂.၂၀၁၄ရက်နေ့၁၈၃၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ဦးထွန်းလွင်သည် ၎င်း၏သားများဖြစ်ကြသော ရန်နိုင်ထွန်းနှင့်ဟိန်းထွန်းအောင်တို့မှာ ခိုက်ရန်ဖြစ်ပွားကာ ဒဏ်ရာများ
ရရှိပြီး ရပ်ကွက်အတွင်းရှိဆေးခန်းသို့ရောက်ရှိနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရာ ရန်နိုင်ထွန်းတွင် ၀ဲချိုစောင်းနှင့်နားထင်တို့၌ စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းထိပ်နှင့်နောက်စေ့တို့၌ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများနှင့် ဟိန်းထွန်းအောင်တွင် ယာနားထင်၌စုတ်ပြဲဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရပါသည်။

ကန့်ဘလူမြို့ပေါ်ရှိ စာကျက်ဝိုင်းတွင်ဖြစ်ပွားခဲ့သောရန်ပွဲ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားသုံးဦး ဒဏ်ရာရ

RangonNewsDaily: March . 1 .2014
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့၊ ဦးဝင်းနိုင်ဆိုသူပိုင်ဆိုင်သော စာကျက်ဝိုင်းနေအိမ်တွင် ဖြစ်ပွားခဲ့


သောရန်ပွဲကြောင့် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား သုံးဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ကန့်ဘလူမြိုကမရဲစခန်း မှ 

အမှုဖွင့်အရေးဆောင်ရွက်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။