Pages

Pages - Menu

Friday, January 17, 2014

တရုတ်သို့ လူကုန်ကူးခံရသူများ လူပြန်ကုန်ကူး

Photo

RangonNewsDaily:: January . 17 .2014
မန္တလေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်သို့ လူကုန်ကူးခံရမှုများ
 ဖြစ်ပွားလေ့ရှိပြီး အဆိုပါ လူကုန်ကူး ခံရသူများက တစ်ဆင့်ပြန်၍ လူကုန်ကူးမှုများ ရှိနေကြောင်း လူကုန်
ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) ရုံး ရဲမှူး ဖေသိန်းကျော်က ပြောကြားသည်။

သမ္မတ တက်ရောက်သော မကွေးတိုင်းဒေသကြီးကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး၊ အခန်းအနားတွင်အငြိမ်း စားကျောင်းဆရာမတစ်ဦး ဆန္ဒဖော်ထုတ်မှု ဖြစ်ပွား

Photo: သမ္မတ တက်ရောက်သော မကွေးတိုင်းဒေသကြီးကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး၊ အခန်းအနားတွင်အငြိမ်း စားကျောင်းဆရာမတစ်ဦး ဆန္ဒဖော်ထုတ်မှု ဖြစ်ပွား
Friday, January 17, 2014

ဇန္န၀ါရီလ(၁၆)ရက်နေ့ နံနက်ကမကွေးမြို့ တော် ခန်းမတွင် မကွေးတိုင်းဒေသကြီး ကျေး လက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခန်း အ နားကျင်းပအပြီး သမ္မတဦးသိန်းစိန် ပြန်အ ထွက်တွင် အမျိုးသမီးတစ်ဥိး၏ အော်ဟစ်တောင်းဆိုမှုအသံထွက်ပေါ်ခဲ့သည်။
အဆိုပါအမျိုးသမီးမှာ အငြိမ်းစား ကျောင်းဆရာမတစ်ဥိးဖြစ်သည့် ဒေါ်သန်းမြင့်ဖြစ်သည်ဟုသိရသည်။
“သမ္မတကြိးရှင့် ကျမကိုခဏလေး(၅)မိနစ်လောက်တွေ့ခွင့်ပြုပါ၊ကျမ ကိုကယ်ပါ၊အိမ်ကြီးကို ဖျက်ပီးသိမ်းယူလို့ပါ၊၀န်ကြီးချုပ်ကလစ်လှူရှုထားပါတယ်၊သမ္မတကြိးကယ်တော်မူပါ၊ကျမစစ်မှုထမ်းဟောင်းရဲ့ဇနီးပါ၊” အစရှိသဖြင့်ဟော်ဟစ်အကူအညီတောင်းခံခဲ့သည်။
သမ္မတမှ မကွေးတိုင်းဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးအား
ခေါ်ယူမှာကြား၍ ဥပဒေနှင့် အညီအကူအညီပေးရန်မှာကြားခဲ့သည်၊ကာယကံရှင်အမျိုးသမီးအား
အပြစ်ပေးအရေးယူခြင်းများမလုပ်ရန်လည်းသတိပေးပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြိးများလိုက်ပါလျှက် သမ၀ါယမအသင်းစု အသင်း သားများအတွက် တရုတ်နိုင်ငံမှာ အတိုးနှုံးသက်သာစွာဖြင့် ချေးသောငွေများနှင့် စိုက်ပျိုးရေး သုံးစက် ပစ္စည်း များအား အရစ်ကျစနစ်ဖြင့်ရောင်းချပေးခြင်းပြုလုပ်သည့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားမြှင့် တင် ရေးအခန်းအနားတရပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ “အထူးသဖြင့်မြန်မာ့လူဦးရေ(၇၀)ရာခိုင်နှုန်းဟာ ကျေးလက်မှာနေထိုင်ကြတယ်၊အများစုဟာ ဆင်း ရဲနွမ်းပါးမှုနဲ့ရင်ဆိုင်နေရတယ်။အလုပ်အကိုင်အခွင့်အလမ်းတွေနည်းပါးတဲ့အတွက် အိမ်နီးခြင်းနိုင်ငံ တွေမှာ ရရာအလုပ်ကိုပင်ပန်းဆင်းရဲစွားသွားရောက်လုပ်နေရတယ်။ဒီအခြေအနေ၇ပ်ကိုကြည့်ပြီးကျေး လက် ဒေ သဖွံ့ဖြိုးရေးနဲ့လူမှုဘ၀မြှင့်တင်ရေးကိုပညာရှင်များနဲ့ညှိနှီုင်းဆွေးနွေးပြီးလုပ်ဆောင်ရခြင်းဖြစ်တယ်” အစရှိ သဖြင့် ဦးသိန်းစိန်မှပြောကြားခဲ့သည်။ အခန်းအနားတွင်သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းမှလည်းကောင်း၊
မကွေးတိုင်းဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေတို့မှ သမ၀ါယမချေးငွေများနှင့်စပ်လျဉ်း၍ပြောကြားခဲ့ကြပြီး၊တန်(၃၀)ကျဆီစက်
၊နှမ်းအခွံချွတ် နှင့်နှမ်းလှော် စက်ရုံဖွင့်ပွဲသို့တက်ရောက်ချီးမြှင့်ပြီး တာတာကားစက်ရုံထုတ်လုပ်မှုအခြေအနေများကို လေ့လာ သွားခဲ့သည်။
အကူအညီတောင်းခံခဲ့သူကျောင်းဆရာမအငြိမ်းစားအား ၀န်ကြီးချုပ်မှ လောလောဆယ် ထောက်ပံ့ကူညီငွေ(၅၀၀၀၀)ကျပ်ပေးအပ် ခဲ့ပြိး၊အိမ်ဝိုင်းနှင့်ပတ်သက်သောအမှုအားလည်းပြန်လည်ကြားနာစစ်ဆေးပေးမည့်ဟု အကြောင်းကြားခဲ့သည်ဟုအကူအညီတောင်းခံခဲ့
သူဒေါ်သန်းမြင့်မှ၎င်းနေ့ညနေပိုင်း တွင်ပြောကြား ချက် အရသိ ရသည်။ 

ဦးမင်း
Popular Myanmar News Journal

RangonNewsDaily:: January . 17 .2014
ဇန္န၀ါရီလ(၁၆)ရက်နေ့ နံနက်ကမကွေးမြို့ တော် ခန်းမတွင် မကွေးတိုင်းဒေသကြီး ကျေး လက် ဒေသဖွံ့ဖြိုးေ
ရးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခန်း အ နားကျင်းပအပြီး သမ္မတဦးသိန်းစိန် ပြန်အ ထွက်တွင် အမျိုးသ
မီးတစ်ဥိး၏ အော်ဟစ်တောင်းဆိုမှုအသံထွက်ပေါ်ခဲ့သည်။

ချစ်သူဟောင်းနှင့် ပြန်တွဲဖွယ် ရှိနေသည့် ကိတ်အပ်တန်

Photo: ချစ်သူဟောင်းနှင့် ပြန်တွဲဖွယ် ရှိနေသည့် ကိတ်အပ်တန်
Friday, January 17, 2014

ကိတ်သည် မကြာသေးမီက ယူကရိန်း ပရော်ဖက်ရှင်နယ် အကသမား မက်ခ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့သည့်နောက် ဂျက်စတင်နှင့် ပြန်လည်၍ ဆက်သွယ်နေကြောင်း သိရသည်

ကိတ်အပ်တန် အနေဖြင့် လတ်တလော တစ်ကိုယ်တည်းဘဝဖြင့် ရှိနေသော်လည်း ချစ်သူဟောင်း ဂျက်စတင် ဗာလန်ဒါနှင့် ပြန်တွဲရန် အလားအလာများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကိတ်သည် မကြာသေးမီက ယူကရိန်း ပရော်ဖက်ရှင်နယ် အကသမား မက်ခ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့သည့်နောက် ဂျက်စတင်နှင့် ပြန်လည်၍ ဆက်သွယ်နေကြောင်း သိရသည်။ အသက်(၂၁)နှစ်ရှိ အမေရိကန် တက်သစ်စ မော်ဒယ်လ်သည် ဟော်ကီပြိုင်ပွဲ တစ်ခုတွင် ဂျက်စတင်နှင့်အတူ ရှိနေခဲ့သည်ကို တွေ့ရပြီးနောက် ၎င်းတို့နှစ်ဦး၏ အချစ်ရေး တစ်ကျော့ပြန် လန်းဆန်း ရှင်သန်လာပြီဟု ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ ပရိသတ်များက ကိတ်အနေဖြင့် ဂျက်စတင်နှင့်အတူ သက်တောင့်သက်သာ ပျော်ရွှင်နေဟန်ရှိကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့ကြသည်။

မျက်စိလျှင်သော ပရိသတ် တစ်ဦးက ၎င်းတို့နှစ်ဦးကို ဓာတ်ပုံရိုက်ပြီး "ကိတ်အပ်တန်နဲ့ ဂျက်စတင် ဗာလန်ဒါတို့က နောက်ခုံမှာ ပျော်ပျော်ရွှင်ရွှင် ထိုင်နေကြတယ်"ဟု စာတန်းရေးထိုးကာ Twitterတွင် လွှင့်တင်ခဲ့သည်။ ကိတ်သည် ဒက်ထရွိုက်တိုက်ဂါးစ် အသင်းမှ သူငယ်ချင်းဖြစ်သူ ဖရန့်ခ်ဗီယိုလာကို လာရောက် အားပေးခဲ့ခြင်းဟု ယူဆရသည်။ Sport Illustrated မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ်မှ စတင်၍ လူသိများလာသော ကိတ်သည် မက်ခ်ဆင်မ်နှင့် (၅)လမျှ တွဲခဲ့ပြီးနောက် နိုဝင်ဘာလက လမ်းခွဲဖြစ်ခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily:: January . 17 .2014
ကိတ်သည် မကြာသေးမီက ယူကရိန်း ပရော်ဖက်ရှင်နယ် အကသမား မက်ခ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့သည့်နောက် ဂျက်စတင်နှင့် ပြန်လည်၍ ဆက်သွယ်နေကြောင်း သိရသည်