Pages

Pages - Menu

Wednesday, January 15, 2014

ထောက်ကြန့်မှ သိန်းနှစ်ထောင်တန်မြေကွက်ကိစ္စ ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အကြား အငြင်းပွားနေ

Photo: ထောက်ကြန့်မှ သိန်းနှစ်ထောင်တန်မြေကွက်ကိစ္စ
ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အကြား အငြင်းပွားနေ
Wednesday, Jannuary 15, 2014

ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ထောက်ကြန့်ရွာမရပ်ကွက် မြို့ရှောင်လမ်းဘေးရှိ ကွင်းအ မှတ် (၅၂၇-အေ)မြေကွက်ကို နှစ်ဖက်ပိုင်ဆိုင်မှုအငြင်းပွား နေသည်ဟု သိရသည်။
အဆိုပါကွင်းအမှတ် (၅၂၇ -အေ) ဦးပိုင်အမှတ်(၄၂) မြေ ကွက်ကို စိမ်းလဲ့ဦးတက်လမ်း ကုမ္ပဏီနှင့် ဒေါ်သီတာလွင်တို့ နှစ်ဦးစလုံးက မိမိတို့ပိုင်ဆိုင် သည့်မြေကိုကျူးကျော်သည် ဟုဆိုကာ ပိုင်နက်ကျူးလွန်မှု ဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် အမှုဖွင့်တိုင်ကြားကာ အငြင်း ပွားနေခြင်းဖြစ်သည်။

ထိုကဲ့သို့ အငြင်းပွားနေ သည်ကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကွင်း ဆင်းတိုင်းတာ၍ ဖြေရှင်းပေးမှ သာပြေလည်နိုင်မည်ဖြစ်သည် ဟု စိမ်းလဲ့ဦးတက်လမ်း စိုက် ပျိုးရေးကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးဝမ့်ကြည်က ပြော သည်။
ဇန်န၀ါရီ ၁၃ရက်က မင်္ဂ လာဒုံမြို့နယ် ထောက်ကြန့် ရွာမ ရပ်ကွက်၌ပြုလုပ်ခဲ့သော သတင်း စာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

““အခုပြဿနာဖြစ်နေတဲ့ မြေနှစ်ဧကကို ကုမ္ပဏီပိုင်မြေ ဖြစ်တယ်ဆိုတာကို အထောက် အထားပြနိုင်ပါတယ်။ တစ်ဖက် ကလဲ သူပိုင်တယ်ဆိုပြီး ပြော နေတယ်။ ပြီးတော့ ဒီမြေတွေက စည်ပင်ပိုင်မြေဖြစ်တဲ့အတွက် ကွင်းဆင်းတိုင်းတာပေးဖို့ စာ တင်ထားတယ်။ အမြန်ဆုံးလဲ စစ်ဆေးပေးစေချင်တယ်”” ဟု စိမ်းလဲ့ဦးတက်လမ်း စိုက်ပျိုးရေး ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးဝမ့်ကြည်က ပြောသည်။

အဆိုပါပိုင်ဆိုင်မှုအငြင်း ပွားနေသည့် မြေကွက်(၄၂)အ တွင်းမှ မြေ၁၀ဧကခွဲကို ၁၉၉၇ ခုနှစ်က ပိုင်ဆိုင်သူ ဒေါ်အေး အေးတင်ထံမှ စိမ်းလဲ့ဦးတက် လမ်းစိုက်ပျိုးရေးကုမ္ပဏီမှ ၀ယ် ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဒေါ်သီတာလွင်ကလည်း ၁၉၉၇ခုနှစ်ကပင် ဦးပိုင်အမှတ် (၄၂/၄၄)မြေကွက် အတွင်းမှ မြေ၁၄ဧကကို မူလပိုင်ရှင်ထံမှ ၀ယ်ယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုအငြင်းပွားနေသည့် မြေနှစ်ဧက၏ ကာလတန်ဖိုးမှာ ငွေကျပ်သိန်းနှစ်ထောင်ခန့်ရှိ ကြောင်းသိရပြီး အဆိုပါမြေ ကွက်အတွင်းသို့ စိမ်းလဲ့ဦးတက် လမ်းကုမ္ပဏီမှ ၀င်ရောက်ကျူး ကျော်သည်ဟုဆိုကာ မြေပိုင် ဆိုင်ကြောင်း သက်သေအ ထောက်အထားများဖြင့် နိုင်ငံ တော်သမ္မတရုံး၊ မင်္ဂလာဒုံမြို့ နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး ရုံးအပြင် တခြားသက်ဆိုင်ရာ ဌာနများသို့ ဒေါ်သီတာလွင်က တိုင်ကြားထားသည်ဟု သိရ သည်။

Yangon Media Group

RangonNewsDaily:: January . 15 .2014
ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ထောက်ကြန့်ရွာမရပ်ကွက် မြို့ရှောင်လမ်းဘေးရှိ ကွင်းအ မှတ် (၅၂၇-အေ)မြေကွက်ကို နှစ်ဖက်ပိုင်ဆိုင်မှုအငြင်းပွား နေသည်ဟု သိရသည်။

ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦး ဦးခေါင်းကို သေနတ် ပစ်ခတ်ခံရ၍ သေဆုံး

RangonNewsDaily:: January . 15 .2014
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးမှာ ဦးခေါင်း သေ

နတ်ဖြင့် ပစ်ခတ်ခံ ရ၍ သေဆုံးခဲ့ ကြောင်း ရှမ်းပြည် နယ်မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက် တာစိုင်းလက Popular News သို့ ပြောသည်။

နိုင်ငံခြားသားနှစ်ဦး စမ်းချောင်းမြို့နယ်ရှိ ကလေးပစ္စည်း အရောင်းဆိုင်သို့ ဝင်ရောက်ခိုးယူ

RangonNewsDaily:: January . 15 .2014
စမ်းချောင်းမြို့နယ် အတွင်းရှိ ကလေးပစ္စည်း အရောင်းဆိုင် သို့ နိုင်ငံ ခြားသားနှစ်ဦးက ဝင်ရောက်၍ ခိုးယူမှု တစ်ခု ပြုလုပ် ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး မှုခင်းဌာနမှ သိရသည်။ ယခုလ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်အချိန်တွင် စမ်းချောင်းမြို့ နယ် အောင်ချမ်းသာ ရပ်ကွက် KIDDY WORLD ကလေးပစ္စည်း အရောင်းဆိုင် မှ အရောင်းဝန်ထမ်းများဖြစ်သော အရောင်းတာဝန်ခံ မစိုးစိုးထွေး ၂၆ နှစ်နှင့် အရောင်းစာရေး မဝင်းဝါဝါထွန်း ၂ဝ နှစ်သည် ဆိုင်အတွင်းရှိနေစဉ် အမည်မသိ အဝတ်အစားအရောင် မမှတ်မိ ကုလားဆင် နိုင်ငံခြားသား ၂ ဦး လာရောက်ဈေးဝယ်၍ ရောင်းချပေး ခဲ့ရာ

ကျူးကျော်နေအိမ် (၃၀၀)ကျော်အတွက် အစားထိုးနေရာ စီစဉ်ပေးမည်ဟု MR ကုမ္ပဏီဆို

Photo: ကျူးကျော်နေအိမ် (၃၀၀)ကျော်အတွက် အစားထိုးနေရာ စီစဉ်ပေးမည်ဟု MR ကုမ္ပဏီဆို
Wednesday, Jannuary 15, 2014

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန် အပိုင်း(၄)ရှိMR ကုမ္ပဏီပိုင် မြေကွက်အမှတ် (၉၂/၉၃) တွင် နေထိုင်နေကြသည့် ကျူးကျော်အိမ်ခြေ များကို စက်ရုံတည်ဆောက်ရန်အတွက် ဖယ်ရှားသွားမည်ဖြစ်ပြီး ၎င်းတို့နေထိုင်နိုင်ရန် မြေနေရာများကိုလည်းပြန်လည်စီစဉ်ပေးသွားမည်ဟု MR ကုမ္ပဏီမှ သိရှိရသည်။

စက်မှုဇုန်မြေတွင် နေထိုင်ကြသည့် ကျူးကျော်အိမ်ခြေ (၃၁၄)လုံးရှိပြီး ၎င်းတို့ပြောင်းရွှေ့နေထိုင်ရန် လှိုင်သာယာမြို့နယ် (၈၆) ဂိတ်ဟောင်းအနီးတွင်မြေ (၃ဒဿမ ၆၆) ဧကကို ကုမ္ပဏီမှ စီစဉ်ပေးထားကြောင်း MR ကုမ္ပဏီမှ အကြံပေးအရာရှိဦးနေဝင်းဦး က ပြောသည်။

 “ကျွန်တော်တို့ သူတို့ ပြောင်းနေဖို့အတွက် မြေကွက်တွေလည်း ဝယ်ပြီးပါပြီကျူးကျော်ဆိုပြီး လက်လွတ်စပယ် မလုပ်ပါဘူး နေဖို့ နေရာကို သွားလာရအဆင်ပြေတဲ့နေရာမှာ လုပ်ပေးထားပါတယ် ဒီနေရာကနေ မတ်လနောက်ဆုံးပြောင်းပေးရမှာပါ ဒီရက်ပိုင်း အတွင်းမှာပဲ အိမ်ထောင်စုတစ်စုစီအတွက်အမည်ပေါက် မြေပိုင်ဆိုင်ကြောင်း စာချုပ်ကို လွှဲပြောင်းပေးသွားမယ် ”ဟုဦးနေဝင်း ဦးက ပြောသည်။

အဆိုပါ မြေနေရာတွင် အိမ်ထောင်စုတစ်စုအတွက် (၁၅)ပေ၊ ပေ(၃၀) အကျယ်အဝန်းရရှိမည်ဖြစ်ပြီး ၎င်းတို့ ပြောင်းရွှေ့ရေး အတွက် ကူညီပေးသွားမည့်ဖြစ်ကြောင်း၊အိမ်ပြောင်းရွှေ့စရိတ်အဖြစ် ငွေကျပ် ငါးသောင်း (၅၀၀၀၀) ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ ကျူးကျော်များနေထိုင်သည့် စက်မှုဇုန်မြေနေရာတွင် ၂၀၀၄ ခုနှစ်က(AMC)ကုမ္ပဏီမှ ဝန်ထမ်းများကို နေထိုင်ခွင့် ပေးထားခြင်းဖြစ်ပြီးနောက်ပိုင်းတွင် ကျူးကျော်နေအိမ်များ များပြားလာခြင်းဖြစ်ကြောင်း သိရသည်။

ကျူးကျော်များသည် အဆိုပါ စက်မှုဇုန်မြေနေရာတွင်နေထိုင်လာသည်မှာ(၁၀)နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ကို အခုလို နေစရာပြန်စီစဉ်ပေးမယ် မြေကွက်ပိုင်ဆိုင်ကြောင်းပါလွှဲပေးမယ်ဆိုတော့ ကျွန်မတို့ ဒီကနေ ဖယ်ပေးဖို့ လက်ခံလိုက်ပါတယ်”ကျူးကျော်နေထိုင်သူများကိုယ်စားလှယ် မမိုးမိုးက ပြောသည်။

အဆိုပါ ကျူးကျော်နေအိမ်များ ဖယ်ရှားပေးရန်အတွက်ကျူးကျော်နေထိုင်သူများနှင့် ကုမ္ပဏီတို့ ၂၀၁၃ ခုနှစ်က (၆)ကြိမ် တွေ့ဆုံညှိုနှိုင်းခဲ့သော်လည်း ယခုအကြိမ်မှသာ ပြေလည်သွားခြင်းဖြစ်သည်။ 

အလားတူ ကျူးကျော်ပြဿနာဖြစ်သည့် လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားအနီးတွံတေးမြို့သို့သွားသော လမ်းမကြီးဘေးရှိ ကျူးကျော်အိမ်ခြေ တစ်သောင်း(၁၀၀၀၀)ကျော်ကို ဇန်နဝါရီ(၁၄)ရက်နှင့်(၁၅)ရက်တွင် ရွာ(၄)ရွာမှရွာသားများနှင့် အိုးအိမ်ဦးစီး ဌာန၊ စည်ပင်ဝန်ထမ်းများက အင်အားသုံးဖယ်ရှားခဲ့သည်။

Myit Ma Kha Media Group.

RangonNewsDaily:: January . 15 .2014
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန် အပိုင်း(၄)ရှိMR ကုမ္ပဏီပိုင် မြေကွက်အမှတ် (၉၂/၉၃) တွင် နေထိုင်နေကြသည့် ကျူးကျော်အိမ်ခြေ များကို စက်ရုံတည်ဆောက်ရန်အတွက် ဖယ်ရှားသွားမည်ဖြစ်ပြီး ၎င်းတို့နေထိုင်နိုင်ရန် မြေနေရာများကိုလည်းပြန်လည်စီစဉ်ပေးသွားမည်ဟု MR ကုမ္ပဏီမှ သိရှိရသည်။

သမီးရည်းစား ရန်ဖြစ်ရာမှ သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ ဓားထိုးခံရ

Photo: သမီးရည်းစား ရန်ဖြစ်ရာမှ သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ ဓားထိုးခံရ
Wednesday, Jannuary 15, 2014

သမီးရည်းစားနှစ်ဦး ရန်ဖြစ်ရာမှ ၁၉ နှစ်အရွယ် သူနာပြုတက္က သိုလ် နောက်ဆုံးနှစ်ကျောင်းသူ အမျိုးသမီး တစ်ဦးအား ၄င်း၏ ရည်းစား အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦးက ဓား ဖြင့်ထိုးမှုတစ်ခု လမ်းမတော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ရည်းစားနှစ်ဦး ရန်ဖြစ် ရာ အမျိုးသားမှ အမျိုးသမီးအားဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

”ဓားနဲ့ထိုးပြီးပြီးချင်း သူ့အမေသိ တော့ ကျွန်တော်တို့ဆီကို ဖုန်းဆက် တယ်။ ပြီးတော့ နံနက် ၇ နာရီ ၄ဝ မိနစ်မှာပဲ ဆေးရုံပို့လိုက်တယ်”ဟု လမ်းမတော်ရဲစခန်းမှ တာဝန် ရှိသူတစ် ဦးက ပြောသည်။

ဓားဖြင့်ထိုးမှုကြောင့် အမျိုးသမီး ငယ်၏ရင်အုံနှင့်နံကြား ထိုးသွင်းဒဏ်ရာ တစ်ချက်၊ မေးစိပြတ်ရှဒဏ်ရာတစ်ချက် (မစိုးရိမ်)ရရှိခဲ့ကြောင်း ၄င်းက ထပ်မံ ပြောသည်။

”ပြစ်မှု ကျူးလွန်သူကိုမမိသေးဘူး။ စုံစမ်းနေတယ်။ သူ့နေရပ်နဲ့ သူ့ဖုန်းနံ ပါတ် အကုန်ရထားတယ်။ အမြန်ဆုံးမိ အောင်ဖမ်းဆီးမှာပါ”ဟု ၄င်းက ထပ်မံ ပြောသည်။ အဆိုပါအမှုအား လမ်းမ တော်ရဲစခန်းမှ ပုဒ်မ ၃၂၆ နှင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

စိုင်းလမင်း
Popular Myanmar News Journal

RangonNewsDaily:: January . 15 .2014
သမီးရည်းစားနှစ်ဦး ရန်ဖြစ်ရာမှ ၁၉ နှစ်အရွယ် သူနာပြုတက္က သိုလ် နောက်ဆုံးနှစ်ကျောင်းသူ အမျိုးသမီး တစ်ဦးအား ၄င်း၏ ရည်းစား အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦးက ဓား ဖြင့်ထိုးမှုတစ်ခု လမ်းမတော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

နော်ဝေးတွင် ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်သည့် ရဟတ်ယာဉ် ပျက်ကျ

Photo

RangonNewsDaily:: January . 15 .2014
အော်စလိုမြို့တော် အပြင်ဘက်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားသည့်အတွက် ယင်းနေရာသို့ ရဟတ်
ယာဉ် ရောက်ရှိလာပြီး မြေပေါ်ဆင်းသက်ချိန်တွင် ယခုလို အဖြစ်ဆိုး ကြုံသွားခြင်းဟု သိရသည်။

ထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာ အလုပ်သမား ၁ ဦး သေဆုံးပြီး ၅ ဒဏ်ရာရ

RangonNewsDaily:: January . 15 .2014
ထိုင်းနိုင်ငံ ကမ်ဖယ်ဖက်(Kamphaeng Phet) ခရိုင်တွင် ယမန်နေ့က မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားရာ မြန်မာ အလုပ်သမား ၁ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။

အခြေချပြီး(၁၂ )ရက်အကြာ လှိုင်သာယာ ကျူးကျော်တဲများ ဘုန်းဘုန်းလဲ ရရှာ

Photo: အခြေချပြီး(၁၂ )ရက်အကြာ လှိုင်သာယာ ကျူးကျော်တဲများ ဘုန်းဘုန်းလဲ ရရှာ
Wednesday, Jannuary 15, 2014

လွန်ခဲ့သည့် ၁၂ ရက်ခန့်က စတင် ခဲ့သော လှိုင်သာယာ-တွံတေး ကားလမ်း တစ်လျှောက်ရှိ ကျူးကျော်တဲများအား အာဏာပိုင်များက ယခုလ ၁၄ ရက်နေ့ တွင် စတင်ရှင်း လင်းခဲ့သည်။

အာဏာပိုင်များသည် ယခုလ ၁၄ ရက်နေ့ နံနက် ၃ နာရီခန့်ကစတင်၍ လှိုင်သာယာ-တွံတေး ကားလမ်းတစ်လျှောက် ရှိ ကျူးကျော်အိမ်များ၏ တစ်ဝက်ခန့် အား ဖျက်သိမ်း ခဲ့ခြင်းဖြစ်သည်။

ဖျက်သိမ်းခံရသော ကျူးကျော် နေထိုင်သူတစ်ဦးက ”ညက ၃ နာရီထိုးဖို့ ၁၅ မိနစ်အလိုလောက်မှာ ဖျက်ပေးဖို့ လိုက်အော်တယ်။ ၁၅ မိနစ်လောက်လဲ ကြာရော လိုက် ဖျက်ရော”ဟုပြောသည်။

အဆိုပါ ဖျက်သိမ်းမှုကို စည်ပင် ဝတ်စုံဝတ်ဆင်ထားသော စည်ပင်ဝန် ထမ်းများသာ ပြုလုပ်ပြီး ရဲတပ်သားများ မပါဝင်ဘဲ ရပ်ကြည့်နေသည်ဟု ၄င်းက ထပ်ပြောသည်။

”ကြိုတင်စာတွေ ဘာတွေမလာ ဘူး။ အခုဖြစ်တာက အခုပြော၊ မိနစ် ပိုင်းအတွင်း ဖျက်တာ။ ကြိုတင်စာပေးလို့ ကိုယ်တို့က ဖယ်မပေးရင် အစ်ကိုတို့ အ မှားပေါ့”ဟု ၄င်းက ဆက်ပြောသည်။

ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ ညနေ ၄ နာရီအချိန်ခန့်အထိ ဖျက်သိမ်း ဆဲဖြစ်ပြီး ကျူးကျော်တဲတွင် ပါဝင်သော ပစ္စည်းအချို့ကို ကားပေါ်သို့တင်သွား သည့်အပြင် လက်ကိုင်အသံချဲ့စက်ဖြင့် ယနေ့ညနေ ၃ နာရီ အတွင်း အပြီး ဖယ် ရှားပေးရန်တိုက်တွန်းမှုများ ပြုလုပ်နေ သည်။ လိုက်နာမှု မပြုလုပ်ပါက ဥပဒေ အရ အရေးယူခံရမည်ကို လည်း ထည့် သွင်းပြောဆိုနေသည်ဟု မျက်မြင်သက် သေများက ဆိုသည်။

ယခုကဲ့သို့ ကျူးကျော်တဲများအား ဖျက်သိမ်းသည့်နေရာသို့ ရောက်ရှိနေ သော စည်ပင်အရာရှိအချို့နှင့် ရဲအရာ ရှိအချို့တို့ထံ သွားရောက်မေးမြန်း ခဲ့ သော်လည်း တစ်စုံ တစ်ရာ ပြန်လည် ဖြေကြားမှု မရှိခဲ့ပေ။
ရဲတပ်ရင်းမှ ရဲမှူးကြီးအဆင့်ရှိသူ တစ်ဦးက ကျူးကျော်တဲများ ဖျက်သိမ်း သည့်ကိစ္စရပ်အပေါ် မိမိတို့ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူပေးခြင်းသာဖြစ်ပြီး ဖျက် သိမ်းမှု ပြုလုပ်သူ များထဲတွင် မပါဝင်ဟု ပြောသည်။

ကျူးကျော်တဲတွင် ဝင်ရောက်ရှင်း လင်းမှု ပြုနေသော ရဲအရာရှိကမူ ”အကိုတို့ရဲတပ်ရင်း ၅ က အင်အား ၁၅ဝ ပါတယ်။ တပ်ရင်း ၆ ကတော့ ဘယ်လောက်ပါလဲမသိဘူး” ဟု ပြော သည်။

အဆိုပါ ကျူးကျော်တဲများအား ဥပဒေအရ ဖယ်ရှားပေးရန် ဇန်နဝါရီလ ၃ ရက်နေ့က လှိုင်သာယာ-တွံတေး ကားလမ်းမပေါ်ရှိ ကျေးရွာငါးရွာမှ တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခဲ့သေး သည်။

ဇေဝေယံ
Popular Myanmar News Journal

RangonNewsDaily:: January . 15 .2014
လွန်ခဲ့သည့် ၁၂ ရက်ခန့်က စတင် ခဲ့သော လှိုင်သာယာ-တွံတေး ကားလမ်း တစ်လျှောက်ရှိ ကျူးကျော်တဲများအား အာဏာပိုင်များက ယခုလ ၁၄ ရက်နေ့ တွင် စတင်ရှင်း လင်းခဲ့သည်။

သမ္မတဦးသိန်းစိန်ကိုမဲပေးရန် သီတဂူဆရာတော်တိုက်တွန်း

Photo: သမ္မတဦးသိန်းစိန်ကိုမဲပေးရန် သီတဂူဆရာတော်တိုက်တွန်း
Wednesday, Jannuary 15, 2014

နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးသယ်ပိုးခဲ့သည့် သမ္မတဦးသိန်းစိန်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ထောက်ခံမဲပေးကြရန် သီတဂူဆရာတော် ဘဒ္ဒ န္တဉာဏိဿရ က အထက်မြန်မာပြည် အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲတွင် တိုက်တွန်းမိန့်ကြားလိုက်သည်။

ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာမှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြ၍ သမ္မဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် မိန့်ကြားခြင်းဖြစ်ကြောင်း သီတဂူဆရာတော်က ဆိုသည်။
အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲသို့တက်ရောက်နေသည့် NLD ပါတီဝင်အချို့ကလည်း ဆရာတော်၏ တိုက်တွန်းချက်ကို ထောက်ခံ ကြောင်း အဆိုပါပွဲကိုတက်ရောက်နေသည့် ဦးလှိုင်ထူးအောင်က People Power သို့ ဆက်သွယ်ပြောကြား သည်။

NLD ပါတီအမျိုးသား လွတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကိုလည်း အမျိုးဘာသာသနာ အကျိုးသယ်ပိုးခဲ့သည့်အတွက်လည်း သြ၀ါဒပေးသည့်ဆရာတော်များက တညီတစ်ညွတ်တည်း ချီးကျူးဂုဏ်ပြုခဲ့ ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုသည်။

မန္တလေးမြို့ မဟာအတုလ ဝေယံဘုံသာ အတုမရှိကျောင်းတော်ကြီးတွင်ကျင်းပသည့် ပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ဆရာတော်အပါး ၄၀၀ တက်ရောက်ခဲ့ပြီး လူပုဂ္ဂိုလ် သုံးသောင်းခန့်နှင့် သံဃာအပါး တစ်သောင်းခန့် တက်ရောက်ခဲ့ကြောင်း အထက်မြန်မာပြည်အမျိုးဘာသာ သနာစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သတင်းရေးသားသူ-ညီထွန်းသူ
တည်းဖြတ် -EN01

People power

RangonNewsDaily:: January . 15.2014
နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးသယ်ပိုးခဲ့သည့် သမ္မတဦးသိန်းစိန်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ထောက်ခံ
မဲပေးကြရန် သီတဂူဆရာတော် ဘဒ္ဒ န္တဉာဏိဿရ က အထက်မြန်မာပြည် အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲတွင် တိုက်တွန်းမိန့်ကြားလိုက်သည်။

ဘားအံဆွေးနွေးပွဲရက် ရွှေ့ဆိုင်း

Photo: ဘားအံဆွေးနွေးပွဲရက် ရွှေ့ဆိုင်း
Wednesday, January 15, 2014 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ရဲ့ ကရင်ပြည်နယ် ဘားအံမြို့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီမှာ တွေ့ဆုံဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

အစောပိုင်းက ဇန်န၀ါရီလ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ် ဘာအံမြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားတာကို အခု ရက်ရွှေ့လိုက်တာဖြစ်ပါတယ်။

ရက်ရွှေ့ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်ရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ဒု-ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားဘက်ကလည်း အချိန်နည်းနည်းညှိနှိုင်းရမယ့် အချက်အလက်တွေ ရှိနေတဲ့အပေါ်မှာ ကျနော်တို့ဘက်က ရက်ရွှေ့ဖို့ တောင်းဆိုတော့ အစိုးရ ဘက်ကလည်း သဘောတူပါတယ်။ လာမယ့် ဘားအံပွဲမှာ ရလဒ်ကောင်းတွေ ထွက်စေချင်တဲ့သဘောနဲ့ ကျနော်တို့ဘက် ပြင်ဆင်မှုတွေကို လုံလုံလောက်လောက် ရဖို့အတွက်ပါ။”
ဒါ့အပြင် ဘားအံမြို့တွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဖို့လည်း အစီစဉ်ရှိတယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့ မဟုတ်ဘဲ လေ့လာစောင့်ကြည့်သူအနေနဲ့ တက်ရောက်နိုင်အောင် ဖိတ်ကြားဖို့ တိုင်းရင်းသားတွေက ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
ဇန်န၀ါရီလ ၂၀ ကနေ ၂၂ အထိ ကရင်ပြည်နယ် ဘားအံခရိုင် ကေအန်ယူ ထိန်းချုပ်ရာနယ်မြေ လော်ဃီးလာ (ခေါ်) လေးဝါးမှာ ဒုတိယအကြိမ်မြောက် တိုင်းရင်းသား ညီလာခံ ကျင်းပမယ့်ပွဲကိုတော့ ရက်ရွှေ့ဆိုင်းခြင်း မရှိပါဘူး။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးခဲ့ ရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီလ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက် နေပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လုပ်ဆောင်နေတဲ့ တနိုင်ငံလုံး အတိုင်း အတာ ပစ်ခတ်ရပ်စဲနိုင်ရေး မူဝါဒါတွေကို ပြန်လည် သုံးသပ်ဆွေးနွေးခဲ့သလို အပစ်ခတ်ရပ်ဆိုင်း ပြီးရင်လည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် မူပေါင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ကေအန်ယူ/ ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) က နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာသီမိုသီက ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးတာတွေက ငြိမ်းချမ်းရေးကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လို လုပ်မလဲ။ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို ပြင်ဆင်သလို ကျနော်တို့က နှစ်ဖက်လုံး စဉ်းစားတယ်။ အကောင်းဆုံးအဖြေရအောင် လုပ်နေတယ်။ တပြိုင်တည်းမှာပဲ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပြင်ဆင်နေတယ်။”
ဒီအလုပ်ရုံဆွေးနွေးပွဲကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က ဦးဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တာပါ။

ဒီအလုပ်ရုံဆွေးနွေးပွဲအတွင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက တတ်သိပညာရှင်တချို့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တခြားနိုင်က အတွေ့အကြုံတွေကိုလည်း လေ့လာခဲ့ကြပါတယ်။

DVB TV News

RangonNewsDaily:: January . 15 .2014
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုး
ရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ရဲ့ကရင်ပြည်နယ်ဘားအံမြို့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီမှာ တွေ
့ဆုံဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

ထိုင်းနိုင်ငံရေးအခြေအနေများကြောင့် ရန်ကုန်-ဘန်ကောက် ကားလိုင်းပြေးဆွဲမှု ရပ်ဆိုင်း

RangonNewsDaily:: January . 14 .2014
ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများကြောင့် ထိုင်းနိုင်ငံမှ ရန်ကုန်-အိန်္ဒိယနိုင်ငံအထိ ပြေးဆွဲနေသော နိုင်ငံဖြတ်ကျော် ကားလိုင်းသစ်ကို ပြေးဆွဲမှု ခေတ္တရပ်တန့်ထားကြောင်း အဆိုပါကား လိုင်းပြေးဆွဲသည့် ရန်ကုန် air bus အသင်းဥက္ကဋ္ဌ ဦးသာနိုင်က ပြောသည်။ အဆိုပါကားလိုင်း ရပ်တန့်ထားခြင်းမှာ ဒီဇင်ဘာနောက်ဆုံးပတ်ခန့်မှ လက်ရှိအချိန်ထိဖြစ်ပြီး ပြန်ဖွင့်မည့် အခြေအနေကို အတိအကျ မပြောနိုင်သေးဟုလည်း ၎င်းက ဆိုသည်။

စစ်ကိုင်း၊ မော်လိုက်တွင် နောင်ပိန်တံတား တည်ဆောက်စဉ် မြေပြိုကျ၍ နှစ်ဦးသေဆုံး

RangonNewsDaily:: January . 14 .2014
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးကျေးရွာနှင့် နောင်ပိန်၊ အော်စီကျေးရွာများ၏ ကျေး ရွာချင်းဆက်လမ်းပိုင်းပေါ်ရှိ နောင်ပိန်ဆည်ချောင်းတံတားတည်ဆောက်ရေး လုပ်ငန်းခွင်တွင် ရုတ် တရက် မြေပြိုကျခဲ့ရာ တံတားတည်ဆောက်ရေး ပန်းရံလုပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း မော်လိုက် မြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အိမ်သာတက်နေသည့် အမျိုးသမီးအား ဗီဒီယိုခိုးရိုက်သူကို အမှုဖွင့်

RangonNewsDaily:: January . 14 .2014
ဒဂုံအရှေ့မြို့နယ်တွင် အိမ်သာတက်နေသည့် အမျိုးသမီးကြီးတစ်ဦးကို ဖုန်းကင်မရာဖြင့် ဗီဒီယိုခိုးရိုက်ကူးခဲ့သူကို မြို့နယ်ရဲစခန်းက ဇန်န၀ါရီ ၁၃ ရက်အတွင် အမှုဖွင့်အရေးယူထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ အဆိုပါ အမှုမှာ ဒဂုံမြိ့သစ်၊ အရှေ့ပိုင်း၊ (၆) ရပ်ကွက်တွင် ဇန်န၀ါရီ ၁၂ နံနက် ၈နာရီခွဲအချိန်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကြီး အိမ်သာတက်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဈေးပိုသက်သာသော Samsung Galaxy Note 3 ထွက်ရှိမည်

Photo: ဈေးပိုသက်သာသော Samsung Galaxy Note 3 ထွက်ရှိမည်
Wednesday, January 15, 2014

လက်ရှိ မြန်မာပြည်မှာ Samsung Galaxy Note 3 တစ်လုံးရဲ့  ပေါက်ဈေးက Official show room မှာ ၆ သိန်း၉သောင်းကျော် ဖြစ်ပြီး အခြား ပြင်ပ ဆိုင်တွေမှာ ၆သိန်းခွဲ ဝန်းကျင် ဖြစ်ပါတယ်။ ယခု ထွက်ရှိတဲ့ သတင်း တစ်ခု အရ ဈေးပိုမိုသက်သာတဲ့ Samsung Galaxy Note 3 ထွက်ရှိ မှာ ဖြစ်ကြောင်း သိရ ပါတယ်။

အမည်ကို Samsung Galaxy Note 3 Neo လို့အမည်ပေးထားပါ တယ်။ ဈေးသက်သာအောင်သူက Specification တွေကို အနည်းငယ်လျော့ လိုက်ပါတယ်။ ဥပမာ RAM ဆိုရင် 3GB မဟုတ်တော့ပဲ RAM 2GB ပဲ ရှိပါတော့တယ်။ မျက်နှာပြင်အရည်အသွေးကလည်း 720p Super AMOLED Display ဖြစ်ပြီး ၅.၅၅ လက်မပဲ ဖြစ်ပါတယ်။ Storage ကလည်း 32GB မဟုတ်တော့ပဲ 16 GB ဗားရှင်း ဖြစ်ပါတယ်။ microsSD ကဒ်ပါပါမယ်။ 

ကင်မရာကလည်း 8 Megapixel ဖြစ်သွားပါမယ်။ ဘက်ထရီက 3100 mAH ဆိုတော့ သိပ်မလျော့ ပါဘူး။ Android ကတော့ 4.3 jelly bean ဖြစ်ပါတယ်။ Processor က ARM-based Hexa-core ဖြစ်ပြီး 1.7 နဲ့ 1.3 GHz ၂ မျိုးထွက်ရှိမှာ ဖြစ်ပါတယ်။ microso SD ကဒ် ထည့်လို့ရပါမယ်။ Samsung ရဲ့  TouchWiz ပါဝင်ပါအုံးမယ်။ ဒီတော့ ဖုန်းရဲ့  အရည်အသွေးက Samsung Galaxy Note 3 ကိုမမှီတော့ပေမယ့် Samsung Galaxy Note 3 ထက်လည်း သာနေပါတယ်။ အဓိကကတော့ Processor နဲ့ ဘက်ထရီ အားသာသွား လို့ ဖြစ် ပါတယ်။

လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ဝင်ရောက်ပြသပြီး ၂၀၁၄ နှစ်လယ်မတိုင်ခင် ဈေးကွက် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( www.mmsocialsky.com )

RangonNewsDaily:: January . 14 .2014
လက်ရှိ မြန်မာပြည်မှာ Samsung Galaxy Note 3 တစ်လုံးရဲ့  ပေါက်ဈေးက Official show room မှာ ၆ သိန်း၉သောင်းကျော် ဖြစ်ပြီး အခြား ပြင်ပ ဆိုင်တွေမှာ ၆သိန်းခွဲ ဝန်းကျင် ဖြစ်ပါတယ်။ ယခု ထွက်ရှိတဲ့ သတင်း တစ်ခု အရ ဈေးပိုမိုသက်သာတဲ့ Samsung Galaxy Note 3 ထွက်ရှိ မှာ ဖြစ်ကြောင်း သိရ ပါတယ်။

ယာဉ်စီးခမပေးဘဲ တက္ကစီယာဉ်မောင်းအားဓါးဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်

RangonNewsDaily:: January . 14 .2014
၁၃.၁.၂၀၁၄ရက်နေ့ ၂၂၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ဦးကျော်စိုးသည် ၎င်း၏တူဖြစ်သည့် တက္က

စီယာဉ်မောင်းဖြစ်သူမောင်တေဇာအောင်မှာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်သို့ခရီးသည်ပို့ဆောင်စဉ်ဓါးထိုးခံရ
သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ရောက်ရှိနေကြောင်းသိရှိရ၍သွားရောက်ကြည့်ရှုရာမောင်တေဇာအောင်
တွင် ၀ဲပခုံး၊ ယာလက်မောင်းတို့၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီ၊ မေးစေ့ဝဲဘက်၌် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိ
ထားသည်ကိုတွေ့ရှိရပါသည်။

မန္တလေးမြို့နယ်ခုနစ်ခုတွင် ဒီဂျစ်တယ်မီတာတပ်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

RangonNewsDaily:: January . 14 .2014
မန္တလေးမြို့နယ် ခုနစ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဗို့အားပြည့် ထုတ်လွှတ်နိုင်ရေး ဒစ်ဂျစ်တယ်မီတာ များ အစားထိုးတပ်ဆင်ခြင်း ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှု ရေး

ရာဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ “မြို့နယ်အလိုက် ဒစ်ဂျစ်တယ်မီတာတွေကို တပ်ဆင်ဆောင်ရွက်နေ
တယ်။ အားလုံးတပ်ဆင်ပြီးသွားရင် ဗို့အားကျဆင်းတာတွေလည်း လျော့သွားမယ်။ အခုက ဗို့အား၂၂၀ ထုတ်
လွှတ်နေတာကို ၁၁၀ လောက် ပဲရတာတွေ ရှိနေတယ်”ဟု ပြောခဲ့သည်။

လမ်းဘေးဈေးဆိုင် အချို့၌ ရောင်းချနေသည့် အစားအစာများတွင် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့်ပိုးများ လေ့လာတွေ့ရှိ

Photo: လမ်းဘေးဈေးဆိုင် အချို့၌ ရောင်းချနေသည့် အစားအစာများတွင် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့်ပိုးများ လေ့လာတွေ့ရှိ
Tuesday, January 14, 2014

လမ်းဘေးဈေးဆိုင် အချို့၌ ရောင်းချနေသည့် အစားအစာများတွင် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့်ပိုးများ လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့လာတွေ့ရှိချက်ကို ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)ရှိ အမျိုးသား အဆိပ်ထိန်းချုပ်မှုဌာန၊ ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှ သုတေသီများက ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ငါးမြို့နယ်တွင် သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြို့နယ်တစ်ခုစီမှ အစာနမူနာ ၃၀ စီ ကောက်ယူခဲ့ပြီး စုစုပေါင်း အစာနမူနာ ၁၅၀ ကို စမ်းသပ်လေ့လာ ခဲ့ခြင်းဖြစ်သည်။

စမ်းသပ်ရာတွင် အစာနမူနာများကို လိုအပ်သလို ပြင်ဆင်ကာ ပိုးမွေးမြူခြင်းနည်းဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ပိုးအစုအဝေး၏ ၀ိသေသလက္ခဏာ၊ ဆေးအရောင်စွဲမှု၊ အထူးစမ်းသပ်ချက်နှင့် ဇီဝဓါတု နည်းပညာများကို အသုံးပြု၍ ပေါက်ဖွားလာသော ပိုးများကို အမှတ်အသား သတ်မှတ်ခဲ့ကြောင်းနှင့် ယင်းပိုးများတွင် ပဋိဇီဝဆေး တိုးမတိုး၊ အဆိပ်ထုတ်မထုတ်ကို လည်းကောင်း သက်ဆိုင်ရာ နည်းလမ်းများဖြင့် စမ်းသပ်ခဲ့ကြောင်း သိရသည်။

အစာနမူနာ ၁၅၀ အနက် ၅၂ ခု (၃၄ ဒသမ ၆၆ ရာခိုင်နှုန်း)တွင် အူလမ်းကြောင်း ရောဂါဖြစ်စေသော စတက်ဖိုင်လိုကောကပ် အောရိယပ်ပိုးနှင့် ၀မ်းလျှောစေတတ်သော ဘက်ဆီးလက်ဆီးရီးယပ် ပိုးများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အူလမ်းကြောင်း ရောဂါဖြစ်စေသော စတက်ဖိုင်လိုကောကပ် အောရိယပ်ပိုးကို အစာနမူနာ ၃၂ ခုဖြစ်သည့် ပူတင်းသုံးခု၊ ဆင်းဒ၀စ်ခုနစ်ခု၊ ကြက်အူချောင်း ၂၀နှင့် ပေါင်မုန့်ထောပတ်သုတ် ၂ ခုတွင် တွေ့ရှိခဲ့ရကြောင်းနှင့် ၀မ်းလျှောစေတတ်သော ဘက်ဆီးလက် ဆီးရီးယပ်ပိုးများကို နမူနာ ၂၀ ခုဖြစ်သည့် မကြာခဏ ပြန်နွှေးနေသည့် ထမင်းကြော် ၁၇ခုနှင့် ရေခဲမုန့် သုံးခုတို့တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် အူလမ်းကြောင်းရောဂါ ဖြစ်စေသော စတက်ဖိုင်လိုကောကပ် အောရိယပ်ပိုးမှ ထွက်ရှိသည့် စတက်ဖိုင်လိုကယ် အူလမ်းကြောင်းအဆိပ် ဘီအမျိုးအစားကို နမူနာ ၂၃ ခုတွင် လည်းကောင်း၊ ၀မ်းလျှော စေတတ်သော ဘက်ဆီးလက်ဆီးရီးယပ် ပိုးမှထွက်ရှိသည့် ဘက်ဆီးလက် ဆီးရီးယပ် အူလမ်းကြောင်း အဆိပ်ကို နမူနာ ၁၄ ခု၌ တွေ့ရှိခဲ့ရကြောင်း သိရသည်။

အရေးပေါ် ဆေးကုသမှု လုပ်ငန်းများတွင် အစာအဆိပ်သင့်ခြင်းသည် တစ်ခုအပါအ၀င်ဖြစ်ပြီး အစာတစ်ခုကို စတင်သည့် လယ်ယာမွေးမြူရေးခြံမှ စားသုံးသည့် နေရာအထိ ကြားကာလ တစ်လျှောက်၌ သန့်ရှင်းမှု အားနည်းခြင်း အပါအ၀င် အစားအစာ ဘေးအန္တရာယ် ကင်းဝေးရေးဆိုင်ရာ အသိပညာများ သိရှိမှု အားနည်းခြင်းကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်စေတတ်ကြောင်းနှင့် အစားပြင်ဆင်သူ၊ ကိုင်တွယ်သူ၊ ရောင်းချသူနှင့် စားသုံးသူများကို ကျန်းမာရေး ပညာပေးရန် လိုအပ်ကြောင်း ကျန်းမာရေး ပညာရှင်များက ဆိုသည်။

Eleven Media Group 

(ရန်ကုန်မြို့ လူစည်ကားရာ နေရာ၌ ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်))
(ရန်ကုန်မြို့ လူစည်ကားရာ နေရာ၌ ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်))

RangonNewsDaily:: January . 14 .2014
လမ်းဘေးဈေးဆိုင် အချို့၌ ရောင်းချနေသည့် အစားအစာများတွင် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေ
သော အဆိပ်ထွက်သည့်ပိုးများ လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။