Pages
▼
Pages - Menu
▼
Friday, November 29, 2013
အီဂျစ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော အမျိုးသမီး ၂၁ဦးကို ထောင်ဒဏ် ၁၁စီချမှတ်
RangonNewsDaily:: November . 29 .2013
အီဂျစ်နိုင်ငံ အလက်ဇန်းဒရားမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေရာမှအဖမ်းခံခဲ့ရသောအမျိုးသမီး ၂၁ဦးကို ထောင်

ဒဏ် ၁၁နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်းသိရသည်။ နိုဝင်ဘာ ၂၈ရက်ကချမှတ်ခဲ့သော စီရင်ချက်သည်
ယာယီဝန်ကြီးချုပ် ၏ ကန့်ကွက်ပွဲများကိုတင်းကျပ်စွာကိုင်တွယ်သည့် ဥပဒေသစ်ကိုစတင်အကောင်အထည်
ဖော်လိုက်ခြင်းပင်
ဖြစ်သည်။
လက်ပံတောင်းတောင်ဖြိုခွင်းမှုတစ်နှစ်ပြည့် တရုတ်အလံမီးရှို့ဆန္ဒပြ
RangonNewsDaily:: November . 29 .2013
လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့်ဆန္ဒဖော်ထုတ်မှုကို နိုဝင်ဘာ ၂၉
ရက် နေလယ် ၂နာရီ မိနစ် ၃၀တွင် မြို့တော်ခန်းမမှ တရုတ်သံရုံးသို့ချီတက်ဆန္ဒပြရာ ပြည်ထောင်စုရိပ်
သာလမ်းနှင့် ဗဟိုလမ်းအရောက်တွင် နိုင်ငံတော်သီချင်းသီဆိုကာ တရုတ်အလံကို မီးရှို့ဆန္ဒပြကြောင်း People Power သတင်းထောက် ကြည်ပြာကပေးပို့သည်။

ABBA သီချင်းတွေ မူမပျက် ပြန်ဆိုမယ့်အဖွဲ့ မြန်မာပြည်ရောက်ပြီ
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည့် Arrival from Sweden Band အဖွဲ့သားများ (ဓာတ်ပုံ – ဧရာဝတီ) |
RangonNewsDaily:: November . 29 .2013
ABBA အဖွဲ့၏ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပြန်လည် ဖော်ထုတ်သီဆိုမယ့် Arrival from Sweden Band အဖွဲ့သားတွေဟာ ဒီနေ့ နေ့လယ် ၂ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပြီး မနက်ဖြန် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေမယ်လို့ သိရပါတယ်။

စားသောက်ဆိုင်တွင်ရမ်းကားနေသော လူငယ်ရှစ်ဦး တိုက်ခိုက်၍ ရဲလေးဦးဒဏ်ရာရ
RangonNewsDaily:: November . 29 .2013
စားသောက်ဆိုင်ထဲတွင် သောင်းကျန်နေသည့် လူငယ်ရှစ်ဦးကို သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ငါး
ဦးကို ပြန်လည်ခုခံသောကြောင့် ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိ
သည်။ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ပဲခူး-ရန်ကုန်ကားလမ်းဘေးရှိ ကြည်နူးရိပ်စားသောက်ဆိုင်၌ နို
ဝင်ဘာ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် လူငယ်ရှစ်ဦး သောင်းကျန်နေသည်ဆိုကာ ဆိုင်မန်နေဂျာမှ ဖုန်း
ဆက်အကြောင်းကြားသောကြောင့်

မလေးရှားတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲ ကျပ်သိန်းနှစ်ရာတောင်း
RangonNewsDaily:: November . 29 .2013
မလေးရှားနိုင်ငံတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲပြီး
ကျပ်သိန်းနှစ်ရာဖြင့်ရွေးရန် တောင်းဆိုခဲ့ရာ သိန်းတစ်ရာ လွှဲပေးသော်လည်း
ပြန်ပေးဆွဲခံရသူနှစ်ဦး တစ်လကြာသည်အထိ ပြန်ရောက်မလာသောကြောင့်
မလေးရှားနိုင်ငံရဲတပ်ဖွဲ့နှင့် မလေးရှားနိုင်ငံ မြန်မာသံရုံးတို့က
တရားခံများကို အပူတပြင်းရှာဖွေနေကြောင်း သတင်းရရှိသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး ဒေါက်တာမြအေး ကွယ်လွန်
RangonNewsDaily:: November . 29 .2013
ယနေ့ နံ နက် ၁၁ နာရီ အချိန် တွင် အာရှ တော်ဝင် ဆေးရုံ ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး
ဒေါက်တာမြအေးအသည်းကင်ဆာ ရော ဂါ ဖြင့် ကွယ် လွန် သွားကြောင်းသိရသည်။ ဒေါက်တာမြအေးသည် ယခင် မန္တလေး တက္ကသိုလ် ပါမ္ခော ချုပ် အဖြစ် တာ ၀န် ယူ ခဲ့ပြီးယခု အစိုးရ လက်ထက် တွင်ပညာရေး ၀န် ကြီး အဖြစ် တာ ၀န် ပေး ခံ ခဲ့ ရ သူ ဖြစ် သည်။

ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ
RangonNewsDaily:: November . 29 .2013
ပဲခူးမြို့ဟင်္သာကုန်းမွန်စံပြရပ်ကွက်ရှိမွန်ရိုးရာပဒေသာပင်ပွဲတွင် ဖြစ်ပွားခဲ့သည့်အုပ်စုဖွဲ့ရိုက်နှက်မှုတွင် အမှန်
တကယ် ပြစ်မှုကျူးလွန်သူနှစ်ဦးနေရာ၌ လူအစားထိုးမှုများရှိနေသည်ဟု ရိုက်နှက်ခံရသူ ကာယ ကံရှင်နှင့် မျက်မြင်သက်သေတို့က ထုတ်ဖော်ပြောဆိုလိုက်သည်။ အောက်တိုဘာ ၁၉ ရက် (သီတင်း ကျွတ်လပြည့်)၊ ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင် ပြုလုပ် နေသော ပွဲတော်လမ်းအတွင်းသို့ လူငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက် မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများမှ အစပြုခဲ့သည့် အမှုဖြစ်ပြီး လက်ရှိတွင် ရဲဌာနက စစ်ဆေးနေဆဲ အခြေအနေ ဖြစ်သည်။

စာကြည့်တိုက်မြေ ပြန်ရရန် ရွာလုံးကျွတ် ဆန္ဒဖော်ထုတ်မည်
RangonNewsDaily:: November . 29 .2013
စစ်ကိုင်းဒေသကြီး ခင်ဦးမြို့နယ် အတွင်းရှိ မုံတောမြောက် ကျေးရွာပိုင် စာကြည့်တိုက် အဆောက်အအုံနှင့် မြေနေရာ ပြန်လည် ရရှိရေးအတွက် သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားခဲ့သော်လည်း ထူးခြားမှု မရှိသောကြောင့် ရွာလုံးကျွတ် ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း ယင်း စာကြည့်တိုက် ပြန်လည် ရရှိရေး ဦးဆောင်သူ တစ်ဦးဖြစ်သူ မုံတောမြောက် ရွာသား ဦးတင်အုံးကျော်က ပြောကြားသည်။

ကြက်ခြေနီအသင်းအမှတ်အသားသက်ဆိုင်သည့် တပ်ဖွဲ့မှလွဲ၍မည်သူမှအသုံးမပြုရန်ထုတ်ပြန်
RangonNewsDaily:: November . 29 .2013
မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှတ်အသားကို ကြက်ခြေနီ အသင်းများနှင့် တပ်မတော်ဆေး တပ်ဖွဲ့မှလွဲ၍ မည်သူမှအသုံးမပြု ရန် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံသည် ဂျီနီဗာအများ သဘောတူစာချုပ်များ လက်မှတ် ရေးထိုးထားသောအဖွဲ့ဝင်နိုင်ငံဖြ စ် သည်နှင့်အညီပထမဂျီနီဗာသဘော တူညီစာချုပ် (၁၉၄၉)Article-53အရ ကြက်ခြေနီအမှတ်အသား
(အနီရောင်ကြက်ခြေခတ်အမှတ် အသားနှင့်အနီရောင်လခြမ်းအမှတ် အသား)ကို
အပြည်ပြည်ဆိုင်ရာ
မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှတ်အသားကို ကြက်ခြေနီ အသင်းများနှင့် တပ်မတော်ဆေး တပ်ဖွဲ့မှလွဲ၍ မည်သူမှအသုံးမပြု ရန် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံသည် ဂျီနီဗာအများ သဘောတူစာချုပ်များ လက်မှတ် ရေးထိုးထားသောအဖွဲ့ဝင်နိုင်ငံဖြ
မြဝတီမြို့တွင် စားသောက်ဆိုင်အတွင်း နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ဝင်ပစ်
RangonNewsDaily:: November . 29 .2013
စား သောက်ဆိုင်အတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် လူတစ်ဦးအပြင်းအထန် သေနတ်ဒဏ်ရာရရှိခဲ့သည့်
ဖြစ်ရပ်တစ်ခု ယနေ့နေ့လယ်ပိုင်း က ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ် သည့် မြဝတီမြို့တွင် ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ့နေ့လယ် ၁၂နာရီခန့်ကကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့အထွက်လမ်း တွင်တည်
ရှိသည့် မြဝတီဂေါက် ကွင်းစားသောက်ဆိုင်၌ ယင်းမြို့ ရှိ ကသစ်သောက်ရေသန့်မှ ဦး မျိုးအောင်ဆိုသူကို အ
မည်မသိ သူတစ်ဦး က ပစ္စတိုသေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။