Pages

Pages - Menu

Thursday, October 10, 2013

လူဦးရေတစ်သိန်းနီးပါးလာရောက်သည့် ကျိုက္ခမီရေလယ်ဘုရား သဲပုံစေတီပွဲတော်

Photo: လူဦးရေတစ်သိန်းနီးပါးလာရောက်သည့် ကျိုက္ခမီရေလယ်ဘုရား သဲပုံစေတီပွဲတော်
Thursday, October 10, 2013

မွန်ပြည်နယ် ကျိုက္ခမီ ရေလယ်ဘုရားနှင့် စက်စဲကမ်းခြေတို့တွင် ကျင်းပလေ့ရှိသော သဲပုံစေတီပွဲတော်သည် ယခုနှစ်တွင် အထူးစည်ကားခဲ့ပြီး ယခင်နှစ်ကထက် လူနှစ်ဆခန့် လာရောက်ခဲ့ကြကာ လူဦးရေတစ်သိန်းနီးပါးလာရောက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။

သဲပုံစေတီပွဲတော်ကို အထက်အညာဒေသများတွင် တပေါင်းလအတွင်း ကျင်းပလေ့ရှိကြသော်လည်း မွန်ပြည်နယ်တွင်မှု သီတင်း ကျွတ် လဆန်း(၁)ရက်မှ(၅)ရက်အထိ ကျင်းပသည်မှာလည်း ထူးခြားချက်တစ်ခုဖြစ်ပြီး ရည်ရွယ်ချက်များစွာဖြင့် ကျင်းပရ ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

 မွန်တိုင်းရင်းသားတို့၏ အစဉ်အလာတစ်ခုအဖြစ်ရှိနေခဲ့ပြီး သဲပုံစေတီဘုရားပွဲတော်သည် လူတိုင်းဘုရားတည်နိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက် လုပ်ကိုင်သော မိမိတို့၏ မိသားစုဝင်များ ဘေးမသီရန်မခစေရန် ရည်ရွယ်ကာ တည်ထားကြသူများလည်းရှိကြောင်း၊ ကျိုက္ခမီရေလယ်ဘုရားကမ်းခြေနှင့် စက်စဲကမ်းခြေတို့တွင် စေတီတည် ခြင်းများကိုပြုလုပ်လေ့ရှိကြပြီး ယခုနှစ်တွင် အဆိုပါပွဲတော်သို့ လာရောက်သူများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနှစ်ပွဲတော်ကို လာတဲ့လူတော်တော်များတယ်။ ဘုရားတွေလဲ အရင်နှစ်ကဆို ၁၆ ဆူပဲရှိတယ်။ဒီနှစ်က အဆူ ပေါင်း ၅၀ နီးပါး လောက်ရှိတယ်။ ဒီရိုးရာကို ဘယ်လိုစခဲ့တယ်ဆိုတာ သေချာမသိတော့ဘူး။ တချို့ကလည်း နိုင်ငံခြားမှာ သွားပြီးအလုပ်လုပ် နေတဲ့မိသားစုဝင်တွေအတွက် ဆုတောင်းပြီး ဘုရားတည်ကြတာရှိတယ်။ တချို့တော့လည်းရွာ အလိုက်ပေါ့။ သံဖြူဇရပ် မြို့အနီးအနားရွာတွေအပါအ၀င် တော်တော်ဝေးဝေးက ကျွန်းတွေကနေ တစ်ရွာကိုဘုရားတစ်ဆူလာတည်တယ်။ စေတီ တွေထဲမှာ ပိုက်ဆံတွေကို ဌာပနာထည့်ကြတယ်။”ဟု ဒေသခံ ဦးသောင်းထွန်းက ပြောသည်။

အဆိုပါ ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း ယမန်နှစ်တွင် ခန့်မှန်းခြေ လူဦးရေ ငါးသောင်းကျော်ခန့် လာရောက်ခဲ့ပြီး ယခုနှစ်တွင် တစ်သိန်းနီးပါးလာရောက်ခဲ့သည်ဟု ခန့်မှန်းရကြောင်း စက်စဲကမ်းခြေမှ စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။

“စက်စဲကမ်းခြေဆိုတာကလည်း မွန်ပြည်နယ်ရဲ့တစ်ခုတည်းသော အပန်းဖြေကမ်းခြေလေ။ နောက်ပြီးတော့ ဒီရိုးရာကလည်း ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်။ ကမ်းခြေကို သေသေချာချာလေး အဆင့်မြှင့်တင်လိုက်ရင် တော်တော် လေးကို အဆင်ပြေသွားမယ်။ နိုင်ငံခြားခရီးသွားတွေအတွက် မြန်မာနိုင်ငံရဲ့ နောက်ထပ် လည်ပတ်ချင်စရာ အကောင်းဆုံးနေရာ တစ်ခုဖြစ်သွားမယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ပွဲတော်ကို မွန်ပြည်နယ်အတွင်းဒေသခံများအပါအ၀င် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဘုရားဖူးပြည်သူများ တစ်သိန်းနီးပါး လာရောက်ခဲ့ပြီး ယခုကဲ့သို့ပွဲတော်လာရောက်သူများပြားလာ ခြင်းမှာ ယခုနှစ်တွင် လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသကဲ့သို့ စိတ်ဝင်စားသူပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း သံဖြူဇရပ်မြို့နယ်သည် ဒုတိယကမ္ဘာစစ်အတွင်းကျော်ကြားခဲ့သည့် သေမင်းတမန်ရထားလမ်းအပါအ၀င် စက်စဲကမ်းခြေကဲ့သို့သော ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်နိုင်သည့် နေရာများရှိသည့်အပေါ် ဒေသခံများက အဆင့်မြှင့်တင် ပေးစေလိုခြင်းဖြစ်သည်။

Myit Ma Kha Media Group

http://www.myanmaronlinenews.net/2013/10/blog-post_2828.html

RangonNewsDaily:: October. 10 .2013
မွန်ပြည်နယ် ကျိုက္ခမီ ရေလယ်ဘုရားနှင့် စက်စဲကမ်းခြေတို့တွင် ကျင်းပလေ့ရှိသော သဲပုံစေတီပွဲတော်သည် ယခုနှစ်တွင် အထူးစည်ကားခဲ့ပြီး ယခင်နှစ်ကထက် လူနှစ်ဆခန့် လာရောက်ခဲ့ကြကာ လူဦးရေတစ်သိန်းနီးပါးလာရောက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။

နောက်ကြည့်မှန်တစ်ခါတည်းပါသည့် ဆိုင်ကယ်ဦးထုပ်

Photo: နောက်ကြည့်မှန်တစ်ခါတည်းပါသည့် ဆိုင်ကယ်ဦးထုပ်
Thursday, October 10, 2013

ဆိုင်ကယ်မောင်းသူများအတွက် သတင်းကောင်းလေးပါ။ ဆိုင်ကယ်ဦးထုပ် ဆောင်းရုံ နဲ့ နောက်ဘက်က မြင်ကွင်းအားလုံး ကို မြင်တွေ့ နိုင်ပါပြီ။ ဒီတော့ ဆိုင်ကယ်မှာ နောက်ကြည့်မှန် တပ်ထားစရာ မလိုတော့ပါဘူး။

ဆိုင်ကယ်မှာတင်မဟုတ်တော့ဘူး။ စစ်ဘက်ဆိုင်ရာမှာလည်း အသုံးပြု မှာ ဖြစ်ပါတယ်။ ကွန်မက်ဒို စစ်သားများ အသုံးပြုဖို့အတွက် လည်း နောက် ဘက်ကို မြင်ရမယ့် ဦးထုပ်မျိုး ဖန်တီးမှာ ဖြစ်ပါတယ်။ ဒီအတွက် ဘာနည်းပညာ ပစ္စည်းမှထွေထွေထူးထူးတပ်ဆင်ထားခြင်း မရှိပါဘူး။ ပိုလီကာဗွန်နိုက် သားနဲ့လုပ်တဲ့ အကြမ်းခံ၊ ပေါ့ပေါ့ပါးပါး ဦးထုပ်ဖြစ်ပြီး အနောက်ကို မြင်ရအောင်ကျ မှန်ပဲထည့်ထားတာပါ။

သို့ပေမယ့် အတွင်းက မှန်ထည့်သွင်းတပ်ဆင်ပုံက အင်မတန် ထူးခြားပါ တယ်။ ဒါကြောင့်လည်း အနောက်ကို ယခုလို ရှင်းရှင်းလင်းလင်း မြင် ရတာ ဖြစ်ပါတယ်။ အကြမ်းလည်း အတော်ခံတယ်လို့ ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၈၀ ဝန်းကျင်နဲ့ သတ်မှတ် ရောင်းချနေတော့ နည်းတဲ့ဈေးလည်း မဟုတ်ပါဘူး။ အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာ၊မှာယူ နိုင်ပါတယ်။

http://amzn.to/11oxczg

--
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: October. 10 .2013
ဆိုင်ကယ်မောင်းသူများအတွက် သတင်းကောင်းလေးပါ။ ဆိုင်ကယ်ဦးထုပ် ဆောင်းရုံ နဲ့ နောက်ဘက်က မြင်ကွင်းအားလုံး ကို မြင်တွေ့ နိုင်ပါပြီ။ ဒီတော့ ဆိုင်ကယ်မှာ နောက်ကြည့်မှန် တပ်ထားစရာ မလိုတော့ပါဘူး။

စစ်မှုထမ်းကာလနောက်ပိုင်း Rain ၏ ပထမဆုံး ဖျော်ဖြေပွဲကို ဂျပန်တွင် ပြုလုပ်မည်

Photo: စစ်မှုထမ်းကာလနောက်ပိုင်း Rain ၏ ပထမဆုံး ဖျော်ဖြေပွဲကို ဂျပန်တွင် ပြုလုပ်မည်
Thursday, October 10, 2013

နိုဝင်ဘာလထဲတွင် Rainအနေဖြင့် ဂျပန်ရှိ မြို့(၄)မြို့တွင် ဖျော်ဖြေပွဲ များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ စီမံရေးရာ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

စစ်မှုထမ်းကာလနောက်ပိုင်း Rain ၏ ပထမဆုံး ဖျော်ဖြေပွဲကို ဂျပန်တွင် ပြုလုပ်မည်တောင်ကိုရီးယား နာမည်ကျော် အဆိုတော် Rain အနေဖြင့် စစ်မှုထမ်း ကာလနောက်ပိုင်း ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ အစီအစဉ်ကို ဂျပန်တွင် ပြုလုပ်သွားမည်ဟု သိရသည်။ နိုဝင်ဘာလထဲတွင် Rainအနေဖြင့် ဂျပန်ရှိမြို့(၄)မြို့တွင် ဖျော်ဖြေပွဲများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ၎င်း၏ စီမံရေးရာ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ အသက်(၃၁)နှစ် ရှိပြီဖြစ်သော အဆိုတော် မင်းသားသည် "2013 Rain Zepp Tour: Story of Rain" ဖျော်ဖြေပွဲကြီးကို နာဂိုယာ၊ ဖူကူအိုကာ၊ အိုဆာကာနှင့် တိုကျိုတို့တွင် ကျင်းပသွားမည်ဟု အေဂျင်စီက ပြောကြားခဲ့ သည်။ နာဂိုယာတွင် နိုဝင်ဘာ (၁၄)ရက်နေ့မှ အစပြုကာ တိုကျို တွင် နိုဝင်ဘာလ (၂၈)ရက်နေ့၌ ဖျော်ဖြေပွဲ အစီအစဉ် အဆုံးသတ်မည် ဖြစ်သည်။

Cube CD အေဂျင်စီက "ပရိသတ်တွေ အနေနဲ့ Rainရဲ့ (၁၁)နှစ်ကြာ အနုပညာ ဖြတ်သန်းမှု သမိုင်းကြောင်းတွေကိုလည်း ဒီနှစ်ရဲ့ ပထမဆုံး ဖျော်ဖြေပွဲအစီအစဉ်ကြီးမှာ တွေ့ရှိနိုင်ပါလိမ့်မယ်"ဟု ကြေညာထား သည်။ အမည်ရင်း ဂျန်ဂျီဟွမ်းဖြစ်သော Rainသည် တောင်ကိုရီးယား K-Pop ဂီတလောကတွင်သာ မကဘဲ အာရှတစ်လွှားတွင်ပါ ပရိသတ် အများအပြား ရရှိထားသူ ဖြစ်သည်။ ၎င်းသည် နိုင်ငံ၏ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် (၂၁)လကြာ စစ်မှုထမ်းခဲ့ရပြီး ဇူလိုင်လက တာဝန်ထမ်းဆောင်မှု သတ်မှတ်ချက် ပြည့်မြောက်သွားပြီ ဖြစ်သည်။

ထိုင်းနိုင်ငံရှိ ဂီတဖျော်ဖြေပွဲ တစ်ခုနှင့် တရုတ် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုတို့တွင် ပါဝင်ခဲ့သည့်နောက်ပိုင်း Rainအနေဖြင့် ပရိသတ် မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီး ယခုအခါ အနုပညာ အလုပ်များကို ပြန်လည် စတင်ရန် အားယူနေခြင်း ဖြစ်သည်။ Rainသည် စစ်မှုထမ်းကာလ ပြီးဆုံးပြီးနောက် ပရိသတ်များနှင့် ပထမဆုံး တရားဝင် တွေ့ဆုံမှု အစီအစဉ်ကိုလည်း စနေနေ့တွင် ဆိုးလ်တက္ကသိုလ်ဝင်းအတွင်း ပြုလုပ်သွားမည်ဟု သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: October. 10 .2013
နိုဝင်ဘာလထဲတွင် Rainအနေဖြင့် ဂျပန်ရှိ မြို့(၄)မြို့တွင် ဖျော်ဖြေပွဲ များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ စီမံရေးရာ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာပြည်မှာ နံမည်ကြီးချင်ရင် ဒါတွေလုပ်တတ်ရမယ်

RangonNewsDaily:: October. 10 .2013

မြန်မာပြည်မှာ
ဘိုးတော်လုပ်ချင် ရင်
ပါတိတ်အကျီင်္ချောင် ပွပွ
ဝတ်တတ် ရမယ် ။
ဆံပင် ရှည်ထားတတ် ရမယ်။

အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ ဝင် ဦးစောမြင့်မောင်နှင့် တွေ့ဆုံခြင်း

Photo: အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ ဝင် ဦးစောမြင့်မောင်နှင့် တွေ့ဆုံခြင်း
Thursday, October 10, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲအမီ ပြင် ဆင်ရေး နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်း အသီးသီးက စတင် လုပ်ဆောင်နေပြီ ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ရာတွင် တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စသည့် နိုင်ငံရေးအင်အားစုများ အားလုံး လက်ခံနိုင်သည့် အနေအထား ဖြစ်ရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုရှိရှိ ရှေ့ဆက်သွားနိုင်ရေး အတွက် မည်သို့ လုပ်ဆောင်ရမည်ကို ဆဝါးနိုင်စေရန် အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးစောမြင့်မောင်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် နိုင်ငံအပေါ်မှာ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်နေလဲဆိုတာ သုံးသပ်ပေးပါ။

USMM : ဆိုးကျိုးမရှိပါဘူး။ ကောင်းကျိုးကတော့ ကာလကလည်း ၂ နှစ်ခွဲပဲ ရှိသေးတယ်။ ပြည့်ပြည့်စုံစုံ ပုံမပေါ်သေးဘူး။ သို့သော် သိသာတဲ့ ကောင်းကျိုးက ဘာလဲဆိုတော့ မြန်မာတစ်မျိုးသားလုံး ဘယ်တုန်းကမှ မရရှိခဲ့တဲ့ Democratic Culture အလေ့အကျင့် ဖြစ်လာတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘယ်လို၊ လူ့အခွင့်အရေး ဆိုတာ ဘယ်လို၊ လွတ်လပ်တဲ့ တရားစီရင်မှုက ဘယ်လို၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဘယ်လို စသည်ဖြင့် တကယ်ရတာ တွေလည်းရှိတယ်။ မရသေးတာတွေလည်း ရှိမယ်။ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီးတစ်ခုရဲ့ လက္ခဏာတွေ တော်တော်များများ လက်တွေ့ ကြုံတွေ့နေရတယ်။ အဲ့ဒီတော့ အကျိုးကျေးဇူး ရှိတယ်လို့ ပြောရမှာပေါ့။ ဒီအခြေခံဥပဒေ ပေါ်ပေါက်လာပြီးမှ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးတာလည်း ရှိလာတာ။

Voice : ဒီ ၂၀၀၈ အခြေခံဥပဒေကို မပြင်ဘဲနဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲကို သွားလို့မရဘူး ဆိုတဲ့ အပေါ်မှာရော ဘယ်လို သဘောရပါလဲ ဆရာ။

USMM : ဘာလို့မရဘူးလို့ ပြောတာလဲ။ မရဘူးလို့ ပြောလို့ မရဘူးလေ။ ၂၀၀၈ အခြေခံဥပဒေသည် လုံးဝပြည့်စုံတဲ့ အခြေခံ ဥပဒေ မဟုတ်ဘူး။ အားနည်းချက်တွေ ရှိတယ်၊ ရှေ့နောက် မညီတာတွေပါတယ်၊ တချို့ဟာတွေက ဒီမိုကရေစီ သဘောတရား တွေနဲ့ မကိုက်ညီတဲ့ အချက်တွေ ပါတယ်။ ဒါတွေက မှန်တယ်။ ဒါပေမဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မပြည့်ဝလို့ ဒါကြီးကို လွှင့်ပစ်ရမှာ မဟုတ်ဘူး။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အခြေခံဥပဒေတစ်ခု စပြီးတော့ ရေးဆွဲလိုက် ပြီဆိုပါတော့။ ရေးဆွဲတဲ့နေရာမှာ ဘယ်လို စံနှုန်းတွေနဲ့ ပြည့်စုံပါစေ နောင်ကာလ တစ်ခုကြာတဲ့အခါ မပြည့်စုံတဲ့ အချက်တွေ တွေ့လာလို့ ပြင်လေ့ပြင်ထ ရှိတယ်။ 
ယနေ့ ကမ္ဘာက ဒီမိုကရေစီစံ အဖြစ် ယူနေရတဲ့ အမေရိကန် ဒီမိုကရေစီမှာ ရှိနေတဲ့ အခြေခံ ဥပဒေကိုတောင် အကြိမ်ကြိမ် ပြင်ခဲ့ရတယ်။ တစ်ကြိမ်နဲ့ ပြီးလာတာ မဟုတ်ဘူး။ ပြင်ရင်းနဲ့ပဲ သူ့ရဲ့အခြေခံဥပဒေက ပိုပြီးတော့ ပြည့်စုံလာတာ။ လူတွေ ဒီမိုကရေစီ အလေ့အကျင့် တွေပေါ်မှာ သဘောပေါက်လာတဲ့အပေါ် မူတည်ပြီး ပြောင်းပြောင်းသွားတာ။ Democratic Culture ပိုရင့်လာလေ အခြေခံဥပဒေတစ်ခု က ပိုကောင်းလာလေဖြစ်တဲ့ သဘောရှိတယ်။ ဒါ အမေရိကန်စံနှုန်းကို ကြည့်ပြီး ပြောတာ။ ဗြိတိန်မှာကျ အခြေခံဥပဒေ မရှိဘူး။ သူက Common Law ဆိုတာနဲ့ သွားတာ။ ဓလေ့ထုံးတမ်း အစဉ်အလာတွေ အပေါ်မှာ ဥပဒေတွေ တစ်ခုပြီးတစ်ခု ပြဋ္ဌာန်း သွားတာ။ ဒါတွေသည်ပင် အခြေခံဥပဒေ ကဲ့သို့ လိုက်နာသွားရတာ။ သတ်သတ်ရေး ထားတာ ဗြိတိန်မှာ မရှိဘူး။ မြန်မာနိုင်ငံ ကိုလည်း သူတို့ Common Law တွေနဲ့ပဲ အုပ်ချုပ်သွားတာ။ အခြေခံဥပဒေဆိုတာ မရှိဘူး။ အဲဒီ Common Law တွေထဲမှာ အာဏာသုံးရပ်ကို ဘယ်လိုခွဲဝေကျင့်သုံးမယ် ဆိုတာ ပါပြီးသား။ 
အဓိက နိုင်ငံတစ်ခု တည်ဆောက်တဲ့အခါ အာဏာသုံးရပ်ကို ဘယ်လိုမျှတအောင် စီမံပြီးသွားကြမယ် ဆိုတဲ့ စနစ်က အရေးကြီးတာ။ နောက်ပိုင်းမှာ အဲဒါကို ဘယ်လိုဖြစ်သင့်တယ် ဘယ်လိုသွားကြမယ် ဆိုတာ လူတွေကသတ်မှတ်ပြီး ရေးဆွဲတာ အခြေခံဥပဒေ ဆိုပြီး ဖြစ်လာတာ။ အဲဒီမှာ အခြေခံဥပဒေကို အာဏာသုံးရပ်ကို ဘယ်လိုစီမံကြမယ် ဆိုတဲ့အပေါ်မှာ အခြေခံပြီး ဆွဲတာတော့ မှန်တယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုနဲ့တစ်ခု ဓလေ့ထုံးတမ်းချင်း မတူတဲ့အခါ အခြေခံဥပဒေ တွေလည်း တစ်ခုနဲ့တစ်ခု တူတယ်လို့မပြောနိုင်ဘူး၊ ဆင်တယ်လို့တော့ ပြောနိုင်တယ်။ အဲဒီ တော့ တို့အခြေခံဥပဒေသည် တို့ရဲ့ နိုင်ငံရေး ယဉ်ကျေးမှု Political Culture နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ အခြေခံဥပဒေ ဖြစ်ဖို့တော့ လိုအပ်တယ်။

"အခြေခံဥပဒေကို ဖျက်ဖို့ပြောနေတဲ့ သူတွေသည် တပ်မတော်ကို အာဏာသိမ်းပါတော့လို့ ပြောနေတာနဲ့ အတူတူပဲ..."

Voice : ဒါဆို လက်ရှိအခြေခံဥပဒေ က နိုင်ငံယဉ်ကျေးမှုနဲ့ ဘယ်လောက် လိုက်လျောညီထွေမ ရှိတယ်လို့ ယူဆပါသလဲ။

USMM : ၂၀၀၈ ဖွဲ့စည်းပုံက အဲဒါတွေနဲ့ ကိုက်ညီပြီလားဆိုတော့ မကိုက်ညီသေးဘူး။ ကိုက်ညီအောင် လုပ်ကြရဦးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည့်စုံတဲ့ အခြေခံဥပဒေ မဟုတ်တာတော့ သေချာတယ်။ ပြင်ရမယ်။ ဘယ်လိုပြင်ကြမလဲ ဆိုတော့ ပြင်ပုံပြင်နည်း တွေကို အခြေခံဥပဒေထဲမှာ ရေးထားတာ ရှိတယ်။ ပြင်ဖို့ခက်တယ် ဆိုတာလည်း ဟုတ်တာပဲ။ သို့သော် တချို့ ဒီအခြေခံဥပဒေ က ပြည်သူတွေရဲ့ သဘောထားနဲ့ ဆွဲထားတာမှ မဟုတ်ဘဲလို့ အကြောင်းပြတယ်။ အဲဒီလို အကြောင်းပြကြစတမ်း ဆိုရင် ၁၉၇၄ ဖွဲ့စည်းပုံသည် ပထမမူကြမ်း၊ ဒုတိယမူကြမ်း တတိယမူကြမ်း အဆင့်ဆင့်နဲ့ ပြည်သူကိုချပြပြီး ခေတ်စကားနဲ့ဆို အလွန်စနစ်ကျတဲ့ ရေးဆွဲမှုမျိုးနဲ့ ရေးဆွဲတာ။ ပြည်သူတွေရဲ့ သဘောတူညီချက် ပါတယ်။ အဲဒါကို ခုဘာလို့ လက်မခံနိုင်လဲ။ ပြည်သူတွေရဲ့ သဘောထားကို ထည့်သွင်း စဉ်းစားရမယ် ဆိုတာတော့ မှန်တယ်။ သို့သော် အဲဒါတွေမပါလို့ ဒီအခြေခံဥပဒေ ကြီးသည် မကောင်းဘူးလို့ ယတိပြတ် ပြောလို့တော့မရဘူး။ 
၂၀၀၈ အခြေခံဥပဒ ပေါ်လာပုံကတော့ သိပ်ဟန်မကျဘူး။ ဒါတော့မှန်တယ်။ ခုက ပေါ်လာပြီးပြီ။ တရားဝင်နိုင်ငံ တစ်ခုမှာ ပြဋ္ဌာန်းပြီးပြီဆိုရင် နိုင်ငံသားတစ်ယောက် အနေနဲ့ ဒါ လိုက်နာရမယ်။ မလိုက်နာချင်ရင် ဒီနိုင်ငံမှာ မနေ ရုံပဲ။ နေရင်တော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လိုက်နာရရိုး ထုံးစံ ရှိတယ်။ မကောင်းဘူးဆိုတော့ ရအောင် ပြင်ရမယ်။ ခက်တာ လွယ်အောင်ပြင်ရမယ်။ ပြင်မယ်ဆိုတဲ့အခါ လက်ရှိ ပြောနေကြတာတောင် သိပ်မရှိဘူး။ တကယ်တမ်းကျ အများကြီးပဲ။

အခြေခံဥပဒေထဲမှာ ပုဒ်မ ၅၅ ခုလောက်က သူနဲ့ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းရမယ်လို့ ပါတယ်။ အဲဒါတွေပြီးအောင် မပြဋ္ဌာန်းနိုင်သေးဘဲ အခြေခံ ဥပဒေကြီးက လိပ်ပတ် လည်သွားပြီလို့ မဆို နိုင်ဘူး။ ဒီမှာက အဲဒီဥပဒတွေ မပြုရသေးဘူး။ လောလောဆယ် မပြည့်စုံသေးတဲ့ အခြေခံဥပဒေကြီး။ အဲဒါတွေ လုပ်စရာ ကျန်သေးတယ်။ အခြေခံဥပဒေ ပြင်မယ်ဆိုတာ လက်ခံပေမယ့် အုပ်ချုပ်ရေးစနစ်တစ်ခု ကျင့်သုံးတာ ၂ နှစ်ကျော်ကျော်ပဲ ရှိသေး တယ်။ ကမ္ဘာမှာ စနစ်တစ်ခုကို အနည်းဆုံး ၁၀ နှစ်လောက် ကျင့်သုံးရတယ်။ အဲဒီလို ကျင့်သုံးပြီးမှ ဒီစနစ်တစ်ခုက တကယ်ကို အလုပ်မဖြစ်တော့ဘူး ပြင်ကြမယ်ဆိုပြီး ဒီလိုသွားတာ။
ကောင်းနေပါတယ်လို့ ယူဆထားတဲ့ အုပ်ချုပ်ရေးစနစ် တစ်ခုတောင်မှ ဆယ်နှစ်ကြာရင် ပြန် Review လုပ်ရရိုး ထုံးစံရှိတယ်။ ဆိုလိုတာက စနစ်တစ်ခုကို ကျင့်သုံးဖို့ ကာလတစ်ခုလည်း လိုအပ်တယ်။ လိပ်ပတ်လည်အောင် ကျင့်သုံးဖို့ မပြည့်စုံတဲ့ အချိန်ကာလမှာ ခုရေး ခုပြင်ဆိုရင် နိုင်ငံရေး တည်ငြိမ်မှုကို ထိခိုက်နိုင်တယ်။

Voice : ဒါဆို အခြေခံဥပဒေကို အသစ်ပြန်ရေးကြမယ် ဆိုတဲ့ အပေါ်မှာရော ဆရာ ဘာများပြောချင်လဲ။

USMM : ကြားပါတယ်။ ဖျက်ပစ်လိုက်ကြပါစို့ ဆိုတာတွေ။ အဲဒါ အင်မတန် လွဲမှားတဲ့ အမြင်လို့ ယူဆတယ်။ အခြေခံဥပဒေကို ဖျက်မယ်ဆိုရင် ဘယ်သူကဖျက်မှာလဲ။ အစိုးရက ဖျက်လို့မရဘူး။ လွှတ်တော်ကလည်း ဖျက်လို့မရဘူး။ တရားရုံးကလည်း ဖျက်လို့မရဘူး။ ဒါကို ဘယ်သူက ဖျက်မှာတုန်း။ တစ်နည်းပဲရှိတယ်။

အခြေခံဥပဒေ ပျက်ပြီဆိုတာနဲ့ လွှတ်တော်မရှိတော့ဘူး၊ အစိုးရမရှိတော့ဘူး၊ တရားရုံးတွေလည်း တရားစီရင်ပိုင်ခွင့်တွေ ပျက်ပြီ၊ ဒါ တိုင်းပြည်ပျက်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါဆို မပျက်အောင်ထိန်းတဲ့ အင်အားစုတစ်ခု ပေါ်ပေါက်ဖို့လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ်။ အဲဒီအင်အားစုက ဘယ်သူဖြစ်မလဲ။ လက်တွေ့ကျကျ စဉ်းစားရင် တပ်မတော်ပဲ ရှိတယ်။ အခြေခံဥပဒေကို ဖျက်ဖို့ပြောတဲ့ သူတွေသည် တပ်မတော်ကို အာဏာသိမ်းပါတော့လို့ ပြောတာနဲ့ အတူတူပဲ။

နောက်တစ်ခု လက်ရှိတပ်မတော် ကိုယ်၌က သူတို့ ဒီလမ်းကြောင်းကို မလိုက်ဘူးလို့ ပြောတယ်။ အာဏာသိမ်းတာ သူတို့မလုပ်ဘူး။ ဆိုတော့ ဒီအခြေခံဥပဒေကို ဖျက်ဖို့ဆိုတာ လုပ်လို့မှ မရတာ။ နောက် ဒီအခြေခံဥပဒေ တည်ဆောက်ထားပုံသည် အာဏာသုံးရပ် အပြန်အလှန် ထိန်းကျောင်းတဲ့ ပုံသဏ္ဌာန်ကို ဖော်ထားတယ်။ ဒီလိုစနစ်မျိုးသည် နိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ အများစု တွေးကြတာ ပါတီတစ်ရပ်က သူအာဏာရရင် ထင်သလို ချယ်လှယ်မယ်ပေါ့။ လွှတ်တော်ထဲမှာလည်း အများစု၊ အစိုးရကိုလည်း သူကဖွဲ့မယ်။ သူလုပ်ချင်သလို လုပ်မှာပေါ့ ဆိုပြီး ပြောကြတယ်။ ခု အဲဒီလို ဖြစ်သလား။ ဒီအစိုးရနဲ့ ဒီလွှတ်တော်က အများမြင်သလို တစ်သဘောတည်းနဲ့ လုပ်နေတာ ဟုတ်သလား။ လွှတ်တော်နဲ့ အစိုးရ သဘောမတူလို့ ရန်ဖြစ်နေကြပြီ ပြောကြတာတောင် ရှိတယ်။ ဒါမျိုး နိုင်ငံမှာ ကြုံဖူးသလား။ ဒါသည်ပင် လက်ရှိအခြေခံဥပဒေရဲ့ ထူးခြားချက်လို့ ယူရမယ်။ ဒီပါတီကြီးသည် လွှတ်တော်ထဲမှာလည်း အားကောင်းတယ် အစိုးရသည်လည်း သူပဲ ဆိုတာတောင် ဒီပါတီကနေ ကြိုးကိုင်တာ မဟုတ်ဘူးဆိုတာ ပေါ်နေတယ်။ အစိုးရကလည်း အစိုးရ အလုပ်လုပ်တယ်။ လွှတ်တော်ကလည်း လွှတ်တော်အလုပ် လုပ်တယ်။ ဒီနှစ်ခု အပြန်အလှန် ထိန်းကျောင်းမှုရှိတယ်။ ဒါကိုလည်း သဘောပေါက်ဖို့လိုတယ်။

ငါတို့ပါတီက လွှတ်တော်ထဲမှာ အများစုရရင် ငါတို့ ကြိုက်သလို လုပ်နိုင်လိမ့်မယ် ဆိုတာ မဟုတ်ဘူး။ မှားတယ်။ အစိုးရအဖွဲ့ ကောင်းသည် ဆိုးသည်ဆိုတာ အစိုးရအဖွဲ့ရဲ့ အရည်အသွေး ပေါ်မှာ မူတည်တယ်။ အဲဒီမှာ အခရာသည် သမ္မတပဲ။ လွှတ်တော်က ဝင်စွက်လို့မရဘူး။ ခြုံငုံသုံးသပ်ရရင် ဒီအခြေခံဥပဒေသည် ပြင်စရာတွေ များလှတယ် မှန်သော်ငြားလည်း လတ်တလော အရေးတကြီးပြင်စရာ မလိုသေးဘူးလို့ ယူဆတယ်။

Voice : အခြေခံဥပဒေမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို ပြောပါဦး။

USMM : တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ဆိုတာတော့ မလွဲမသွေ လုပ်ရမယ့်ဟာ။ ဒီအခြေခံဥပဒေမှာ ဖက်ဒရယ်ကို သွားလို့ရအောင် လမ်းခင်းပေးထားတာ ပါတယ်။ ပါတဲ့ဟာကို ပြင်ရင်းနဲ့ ဖက်ဒရယ်စနစ် ရောက်အောင်သွားရမှာ။ လက်ရှိဖွဲ့စည်းပုံကို တကယ်စနစ်ကျတဲ့ ဖက်ဒရယ်ကို သွားနိုင်ဖို့ရာ ပြင်သွားရင်းနဲ့ ရတယ်။ လက်ရှိမှာတော့ လမ်းခင်းပေးထားရုံပဲ ပါတယ်၊ အသေးစိတ် ဘယ်လိုခွဲဝေ ကျင့်သုံးရမယ် ဆိုတာ မပါသေးဘူး။

Voice : လက်ရှိ အခြေခံဥပဒေကို ပြင်ကြမယ် ဆိုတဲ့နေရာမှာ အတားအဆီး တွေက များလွန်းတော့ ဘယ်အတိုင်းအတာထိ ပြင်နိုင်စွမ်း ရှိမယ်လို့ ထင်ပါသလဲ။

USMM : ပြင်မယ်ဆိုတော့ ဆန္ဒခံယူပွဲ လုပ်ရမယ်။ ဆန္ဒခံယူပွဲက ခဏခဏထလုပ် လို့ ရကောင်းတာမျိုး မဟုတ်ဘူး။ ဒီတော့ ပြင်ဖို့ရာ အရေးကြီးဦးစားပေး ပုဒ်မတွေ စိစစ်ပြီး အပိုင်းလိုက် ဖြည်းဖြည်းချင်း ပြင်သွားမှဖြစ်မယ်။ အဲဒီလိုမဟုတ်ဘဲ အငြင်းပွားစရာတွေ ပေါ်လာမယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုကို သွားထိခိုက်နိုင်တယ်။ နောက် ဒါကြီးကို လုပ်နေချိန်မှာ စီးပွားရေးလည်ပတ်မှုက တစ်နေရာရာမှာ အထစ်အငေါ့တွေ ဖြစ်နိုင်တယ်။

Voice : ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်တယ်လို့ ဆိုထားတယ်။ ဒါဆို အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်မှရမယ်။ ဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါလဲ။

USMM : လူတစ်ယောက်အတွက် ပြင်ရမယ်ဆိုရင် အများက ဆုံးဖြတ်ပေါ့။ အဲဒီပုဒ်မမှာ သားသမီးသည် နိုင်ငံခြားသား မဖြစ်ရဆိုတဲ့ တစ်ချက်နဲ့ သူက သွားငြိနေတာပေါ့။ အဲဒီလို ငြိနိုင်တာသည် ဒေါ်အောင်ဆန်းစုကြည် အပြင် မြန်မာနိုင်ငံရဲ့ အရှေ့ဘက်စည်းရိုးနဲ့ အနောက်ဘက် စည်းရိုးမှာရော မရှိနိုင်ဘူးလား။ ၄၇ နဲ့ ၇၄ ဖွဲ့စည်းပုံတွေ မှာတော့ မပါဘူးမှန်တယ်။ ဒါပေမဲ့ ဒီအဆိုက ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ထားတာ။ အသစ်မဟုတ်ဘူး။ အန္တရာယ်က အဲဒီအချိန် ကတည်းကရှိခဲ့တာ။

Voice : ခုဖွဲ့စည်းပုံကို ပြင်မယ့်သူနဲ့ ဖျက်မယ့်သူနဲ့ အင်အားစုတွေ အကြား ၂၀၁၅ကို ဘယ်လိုညှိနှိုင်းပြီး ဆက်သွား သင့်ပါသလဲ။

USMM : ဒါက သဘောတူညီချက်နဲ့ လုပ်လို့ရတယ်။ ပြင်မယ်ဆိုတဲ့ နေရာမှာ ဥပဒေမှာ ပါထားတာက လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းအထက် ဆိုတာအပြင် ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့မှဆိုတာ ပါတယ်။ အဲဒီဟာကို အရင်ပြင်ရဦးမှာ။ ဒါကြောင့် အရေးကြီးတာတွေ အရင်ထုတ်ပြင်ပြီးရင် ကျန်ပြင်စရာတွေကို လွှတ်တော်တွင်းမှာပဲ ပြင်လို့ ရသွားနိုင်စရာ ရှိတာပေါ့။ 
အခြေခံဥပဒေကြီး တစ်ခုလုံးကို စပြီး စဉ်းစားတော့မယ် ဆိုရင် အရေးကြီးဆုံးဟာ အရင်ပြင်တာမျိုး လုပ်သင့်တယ်။ ကိုယ်ဖြစ်ချင်တာကို တွန်းပြီး လုပ်လိုက်တဲ့အတွက် လက်ရှိရရှိနေတဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်သွားမှာလည်း စိုးရိမ်ရတယ်။ ဘာပဲလုပ်လုပ် လက်ရှိရထားတဲ့ နိုင်ငံရေးတည်ငြိမ်မှုကို မထိခိုက်သင့်ဘူး။ တို့လူမျိုးတွေရဲ့ Political Culture ကြောင့် အချိန်လိုတယ်။ ၂၀၁၅ မတိုင်မီ ပြင်ရမယ်ဆိုရင် လိုအပ်တယ်လို့ ယူဆတဲ့ အချိန်တော့ မရနိုင်သေးဘူးလို့ တွက်တာ။

Voice : အခြေခံဥပဒေ ပြင်တဲ့နေရာမှာ ဘယ်အဆင့် ဘယ်နေရာ တွေသည် အခက်ခဲဆုံး ဖြစ်ပြီး ဘယ်လို ကျော်လွှားနိုင်မလဲ။

USMM : တစ်ဦးချင်းစီက နိုင်ငံရေးအမြင်မှာ ဒါသည် မလုပ်ရင်မဖြစ်တော့ဘူး ဆိုတဲ့ အဆင့်ရောက်ဖို့ လိုတယ်။ လက်ရှိ ကြံ့ခိုင်ရေးပါတီဝင် တင်တဲ့အဆို တစ်ခုကို လွှတ်တော်မှာရှိတဲ့ သူ့ပါတီဝင် အားလုံးက ထောက်ခံသလား။ အားလုံးက တိုင်းပြည် အကျိုးစီးပွားအတွက် မြင်လာတဲ့အမြင်မျိုး ရှိမှ လုပ်လို့ရမယ်။ လက်တွေ့မှာ ကြံ့ခိုင်ရေးက ပြောတိုင်း တပ်မတော်ဘက်က မထောက်ခံသလို တပ်မတော်တင်တဲ့ အဆိုကိုလည်း ကြံ့ခိုင်ရေးဘက်က ကန့်ကွက်တာတွေ အများကြီး။ ကြံ့ခိုင်ရေးမှာ၊ တပ်မတော်မှာ၊ NLD မှာ၊ နောက်ပြီး အခြားပါတီတွေမှာ တော်တဲ့သူတွေ ရှိတယ်။ အဲဒီလူတွေကို မွေးရမယ်။

ပါတီတိုင်း ဘက်တိုင်းမှာ လူတော်တွေရှိတယ်။ အကုန်တော် အကုန်ညံ့တာတော့ ဘယ်မှာမှ မရှိဘူး။ ဘယ်ပါတီ ဘယ်အုပ်စုက ဖြစ်ဖြစ် တော်တဲ့သူတွေ ကိုပဲ တက်စေချင်တယ်။ တိုင်းပြည်ရဲ့အကျိုးစီးပွားကို အမြင်ကျယ်ကျယ်နဲ့ ပြုပြင်သွားမှာ သူတို့ပဲ။ ဘယ်ပါတီ အဖွဲ့အစည်းကဖြစ်ဖြစ် တော်တဲ့သူတွေ လွှတ်တော်တွင်း အစိုးရတွင်း နေရာရသွားရင် နိုင်ငံတိုးတက်မယ်။ လက်ရှိ ဗျူရို ကရေစီယန္တရားကြီးက ထောင့်စုံက ပျက်နေတယ်။ အဲဒါကို ပြန်ပြင်ဖို့ အချိန်ပေးရမယ်။ သူက လူတွေနဲ့ လုပ်ယူရတာ။ လူဆိုတာ လေ့ကျင့်ရတယ်။ မျိုးဆက်တစ်ခုလောက် လိုတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေးတွေ အောက်ခြေမရောက်ဘူး ဆိုတာ အဲဒါကြောင့်ပဲ။ သူ့ရဲ့ မူဝါဒတွေကို ပြီးပြည့်စုံအောင် ဆောင်ရွက်မယ့် ဗျူရိုကရေစီ ယန္တရား မရှိဘူး။ လတ်တလော အရေးတကြီး ပြောင်းဖို့လိုတာ ဗျူရိုကရေစီ ယန္တရားကို ပြင်ဖို့။ ဒါကို အခြေခံဥပဒေကိုပဲ ဝိုင်းပြီး လက်ညှိုးထိုးနေတာတော့ မဟုတ်သေးဘူး။

Voice : ကြံ့ခိုင်ရေးက လတ်တလော ထုတ်ပြန်ထားတာမှာ အခြေခံဥပဒေကို အသစ်ပြန်ရေးလို့ ဆိုးကျိုးဖြစ်ပေါ်ခဲ့ရင် ပြည်သူလူထုပဲ ခံရမယ်လို့ ပြောတယ်။ ဆရာ့အနေနဲ့ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

USMM : သူပြောတာ အဓိပ္ပာယ်ဖွင့်ရရင် နိုင်ငံရေးမတည်ငြိမ်မှုကို ဦးတည်လိမ့်မယ်လို့ ပြောတယ်။ နိုင်ငံရေး မတည်ငြိမ်ရင် အများဆုံး ထိခိုက်နစ်နာမှာ ပြည်သူပဲလေ။ ဒါရှင်းနေတာပဲ။

Voice : ခုလွှတ်တော်ထဲမှာ တပ်မတော်သားတွေ ပါဝင်မှုနဲ့ပတ်သက်ပြီး ဘယ်လို ဖြစ်သင့်တယ်လို့ ဆရာ ယူဆပါသလဲ။

USMM : လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေ ပါဝင်လာတာသည် နိုင်ငံရေးဆိုတာ ဒီလိုပါလား၊ ဒီမိုကရေစီဆိုတာ ဒီလိုပါလားဆိုတာ သူတို့ သဘောပေါက်သွားတယ်။ သူတို့တွေသည် အရင်က တပ်မတော်သားတွေလို တုံးတိုက်တိုက် ကျားကိုက်ကိုက် လူတွေ မဟုတ်တော့ဘူး။ စဉ်းစားဆင်ခြင်တတ်တဲ့ တပ်မတော်သားတွေအဖြစ် ပြောင်းသွားတယ်။ နိုင်ငံရေး သဘောထားမှာ အရည်အသွေး မြင့်လာတယ်။ အဲဒီလို တပ်မတော်အဖြစ် ပြောင်းလာနေတာက တပ်မတော်က အာဏာပြန်သိမ်းမှာမျိုး သူတို့မစဉ်းစားတော့ဘူး။

Voice : ဒါဆို ခုတပ်မတော်ကလည်း အာဏာသိမ်းတဲ့ နောက်ကြောင်းပြန်မှုမျိုး မလုပ်ဘူးလို့ ဆိုတယ်။ ဒီဘက်က အင်အားစု အသီးသီးကလည်း ပြင်ရေးဖျက်ရေး လွန်ဆွဲ နေကြတာတွေနဲ့ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းကို ဘယ်လိုများ မြင်ပါသလဲ။

USMM : ပြောကြဆိုကြ ငြင်းကြခုံကြ တာတွေတော့ သွားနေဦးမှာပေါ့။ အားပြိုင်တာတော့ ရှိနေမှာပေါ့။ သို့သော် ဒီမိုကရေစီအတွက် ပြောရင်းနဲ့ ဒီမိုကရေစီကို ပျက်စီးစေတဲ့ လမ်းကြောင်းပေါ် ရောက်နိုင်တယ် ဆိုတာ သိဖို့လိုတယ်။

လက်ရှိမြင်သလောက်ကို အုပ်စုသုံးစု ခွဲကြည့်မယ်ဆို တစ်စုသည် ဒီမိုကရေစီလမ်းကြောင်း ကနေ ဘေးချော်အောင် တိုက်ချင်တဲ့သူရှိတယ်။ နောက်တစ်ခု က ဒီမိုကရေစီအတွက်လို့ ပြောနေရင်း ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ကို ရောက်အောင် တွန်းပို့နေတဲ့ အင်အားစုတွေ။ တတိယ အုပ်စုကတော့ တကယ်ကို ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုပြီး ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစားနဲ့ သွားနေတဲ့ အဲဒီလို အုပ်စုသုံးမျိုး ရှိတယ်။ တကယ်တမ်း ဒီမိုကရေစီ မရအောင် လုပ်တဲ့အုပ်စုက နှစ်စုဖြစ်နေတယ်။ မကြိုက်လို့ ဖျက်တာနဲ့ ကြိုက်ပါတယ် ပြောပြီး ဖျက်နေတာ ရှိတယ်။ အားအနည်းဆုံးက ဒီမိုကရေစီကို စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင်နဲ့ သွားနေတဲ့ အုပ်စုပဲ။

The Voice Weekly

RangonNewsDaily:: October. 10 .2013
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲအမီ ပြင် ဆင်ရေး နိုင်ငံရေးပါတီနှင့် အဖွဲ့
အစည်း အသီးသီးက စတင် လုပ်ဆောင်နေပြီ ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ရာတွင် တပ်
မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ

ကဗျာဆရာ ၁၀၉ ဦးရေးတဲ့ “စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး” စာအုပ် ဖြန့်ချိ

Photo: ကဗျာဆရာ ၁၀၉ ဦးရေးတဲ့ “စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး” စာအုပ် ဖြန့်ချိ
Thursday, October 10, 2013

ပြည်တွင်းစစ်ကို ကဗျာနဲ့ ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒနဲ့ ကဗျာဆရာတွေ စုစည်းပြီးတော့ သူတို့တွေရဲ့ ငြိမ်းချမ်းရေးအပေါ် ခံယူထားတဲ့ ခံစားချက်၊ သဘောထားတွေကို ထင်ဟပ်ပေါ်လွင်နေတဲ့ စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး ခံစားမှု ကဗျာများ စာအုပ်ကို ဒီနေ့ စတင်ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။

“စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး” စာအုပ်က ငြိမ်းချမ်းရေး ငတ်မွတ်နေတဲ့ ပြည်တွင်းစစ်ဒဏ်သင့် ဒေသအသီးသီးမှာရှိတဲ့
ပြည်သူတွေအတွက် ရည်ရွယ်ပြီးတော့ ထုတ်ဝေတာဖြစ်ပြီး ကဗျာစာအုပ် ရောင်းရငွေတွေကို ပြည်တွင်း စစ်ဒဏ်သင့် ဒေသတွေက ပြည်သူတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဒီနေ့ပြုလုပ်တဲ့ စာအုပ်မိတ်ဆက်ပွဲနဲ့ ရောင်းရငွေ လှူဒါန်းပွဲမှာ ပွဲစီစဉ်သူတဦးက ပြောသွားပါတယ်။

“ကဗျာစာအုပ်ကို စီစဉ်ခဲ့တာ လွန်ခဲ့တဲ့နှစ်နှစ်နီးပါး ကချင်ဒေသမှာ စစ်ပွဲတွေ အလွန် ပြင်းထန်နေခဲ့တဲ့ အချိန်ကတည်းက ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဘက်ဘက်က လိုလားတောင့်တ ကြိုးစား ဆောင်ရွက်နေကြသလို၊ ကျနော်တို့ ကဗျာ ရေးသူများ ဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ခံစား ရပ်တည်ချက်တွေ စုစည်းနိုင်သလောက် စုစည်းဖော်ပြ လိုက်တာပါ။ ဒါဟာ ကဗျာရေးသူများ ဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထား ဖြစ်ပါတယ်” လို့ ကျနော်တို့ မလိုချင်ဆုံးအရာ “စစ်” ကျနော်တို့ အလိုချင်ဆုံးအရာ “ ငြိမ်းချမ်းရေး” ဆိုတဲ့ စီစဉ်သူများရဲ့ အမှာစာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

“စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး” ကဗျာစာအုပ်ကို စီစဉ်ကြ သူတွေကတော့ ကဗျာဆရာ ကိုရွေး၊ မိုးဝေးနဲ့ အံ့ဘွယ်ဇင်တို့ ဖြစ်ကြပါတယ်။

ဒီကဗျာစာအုပ်မှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က “ကဗျာ အချို့ကိုဖတ်ပြီးတော့ ခိုင်မာလာတဲ့ အတွေးကတော့ ရိုးရိုးပါပဲ။ အစဉ်တကယ် ငြိမ်းချမ်းရေး လိုချင်ရင် မေတ္တာအင်အားကို မြှင့်တင်ရမယ် ဆိုတာပါပဲ” လို့ အဖွင့် အမှာ ရေးပေးထားပါတယ်။

ကဗျာစာအုပ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ဒဂုန်တာရာတို့ရဲ့ ကဗျာတွေ အပါအဝင် ကဗျာဆရာ၊ ဆရာမ စုစုပေါင်း ၁၀၉ ဦးက ပြည်တွင်းစစ်မီး ငြိမ်းအေးပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိစေဖို့ ရည်ရွယ်ရေးဖွဲ့ထားတဲ့ ကဗျာများ ပါရှိပါတယ်။

ဆရာကြီး ဒဂုန်တာရာရဲ့ “သွေးချင်းသားချင်း ကချင်ပြည်သူတို့ ဘေးမသမ်း အေးချမ်းကြပါစေ၊ တစ်ကမ္ဘာလုံးလည်း ကြည်ရွှင် စည်ပင်ကြပါစေ” လို့ ရေးဖွဲ့ထားတဲ့ မေတ္တာရေစင် ကဗျာ၊ ကဗျာဆရာ အောင်ချိမ့်ရဲ့ “ကမ္ဘာစစ်မှ ပြည်တွင်းစစ်သို့၊ ပြည်တွင်း စစ်မှ စစ်မဲ့၊ သေနတ်မဲ့ ပေါက်ကွဲဗုံးမဲ့ အနုမြူဗုံးမဲ့၊ စစ်နဲ့ ပတ်သက် ဆက်စပ် ဒုက္ခဆင်းရဲ၊ အဝဝ အစစ ပြန်မလာစေရ” ဆိုတဲ့ စစ်မဲ့ကဗျာ၊ ဆရာသစ္စာနီရဲ့ “သေနတ်သံတွေကို မုန်းတယ်၊ စစ်ဆိုတာ ချောကလက်သာ ဖြစ်မယ်ဆိုရင် ကိုယ်မစားဘူးကွယ်” ဆိုတဲ့ ခေါင်းစဉ်မရှိတဲ့ ကဗျာလို့ အမည်ပေးထားတဲ့ ကဗျာအသီးသီးအပြင် စာအုပ်မှာပါဝင်တဲ့ ကဗျာတိုင်းဟာ ပြည်တွင်းမှာ စစ်ငြိမ်းချမ်းပြီး တနိုင်ငံလုံးကို ငြိမ်းချမ်းအောင် ဆိုတဲ့ အဓိပ္ပာယ်ပေါင်းများစွာနဲ့ ရေးဖွဲ့ထားကြပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲနဲ့ ရောင်းရငွေ လှူဒါန်းပွဲမှာလည်း ကဗျာဆရာကြီးတွေဖြစ်တဲ့ ဆရာသစ္စာနီ၊
ဆရာအောင်ဇင်မင်း၊ မအိ စတဲ့ ကဗျာဆရာ ဆရာမတွေက ငြိမ်းချမ်းရေး သရုပ်ဖော်ညွှန်းတဲ့ ကဗျာတွေကို ရွတ်ဆိုသွားတာ တွေ့ရပါတယ်။

စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး ခံစားမှုကဗျာများ စာအုပ်ကို နှစ်ကာလများစာအုပ်တိုက်က ဖြန့်ချိပြီး စာအုပ်တန်ဖိုးကတော့
၂၅၀၀ ကျပ် ဖြစ်ပါတယ်။

ဧရာဝတီ

စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး ခံစားမှု ကဗျာစာအုပ်
စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး ခံစားမှု ကဗျာစာအုပ်
RangonNewsDaily:: October. 10 .2013
ပြည်တွင်းစစ်ကို ကဗျာနဲ့ ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒနဲ့ ကဗျာဆရာတွေ စုစည်းပြီးတော့ သူတို့တွေရဲ့ ငြိမ်းချမ်းရေးအပေါ် ခံယူထားတဲ့ ခံစားချက်၊ သဘောထားတွေကို ထင်ဟပ်ပေါ်လွင်နေတဲ့ စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး ခံစားမှု ကဗျာများ စာအုပ်ကို ဒီနေ့ စတင်ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။

မော်ဒယ်မြင့် Samsung ရဲ့  ခေါက်ဖုန်းသစ် W2014

Photo: မော်ဒယ်မြင့် Samsung ရဲ့  ခေါက်ဖုန်းသစ် W2014
Thursday, October 10, 2013

Samsung ဟာ Galaxy စီးရီးကိုပဲ ထုတ်လုပ်နေခြင်း မဟုတ်ပါ ဘူး။ ခေါက်ဖုန်းဈေးကွက်ကိုလည်း ဆက်လက် ကိုင်တွယ်ထားဖို့ ရည်ရွယ် ချက် ရှိပြီး Hennessy လို့အမည်ရတဲ့ ခေါက်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး ဖြစ် ပါတယ်။ ဒီတစ်ခါ ဖုန်းကတော့ W2014 လို့အမည်ရတဲ့ ခေါက်ဖုန်းပါ။

ခေါက်ဖုန်းဆိုလို့ အထင်သေးလို့ မရပါဘူး။ သူ့မှာ ပါတဲ့ Specification က လက်ရှိ Samsung Galaxy Note 3 နဲ့ ယှဉ်လို့ ရပါတယ်။ 2.3 GHz quad core Qualcomm Snapdragon 800 Processor အသုံးပြုထားပြီး Android 4.3 Jelly Bean OS နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဘက် ကင်မရာက 13 Megapixel, အရှေ့ မှာက 2 MP ပါဝင်ပြီး ဖုန်း မျက်နှာပြင် အရွယ်စား ကတော့ ၃.၆၇ လက်မရှိပါတယ်။ OLED Display မို့လို အရည်အသွေး လည်း ကောင်းမှာပါ။ ရွှေရောင်အခွံနဲ့ ထုတ်လုပ်ဖန်တီး ထားခြင်း ဖြစ် ပါတယ်။

Samsung ရဲ့  အခြားသော Feature ပေါင်းများစွာလည်း ပါဝင်လာအုံးမှာပါ။ SM-W2014 လို့အမည်ပေး ထားတဲ့ ယင်း ခေါက်ဖုန်းကို ၂၀၁၃ နှစ်ကုန် မှာ ဈေးကွက် ဖြန့်ချိသွားဖွယ် ရှိကြောင်း သိရပါတယ်။
.

Ref: pocketlint
Aung Kham ( TSJ Team )

TechSpace Journal

RangonNewsDaily:: October. 10 .2013
Samsung ဟာ Galaxy စီးရီးကိုပဲ ထုတ်လုပ်နေခြင်း မဟုတ်ပါ ဘူး။ ခေါက်ဖုန်းဈေးကွက်ကိုလည်း ဆက်လက် ကိုင်တွယ်ထားဖို့ရည်ရွယ်ချက်ရှိပြီးHennessy လို့အမည်ရတဲ့ ခေါက်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး ဖြစ် ပါတယ်။ ဒီတစ်
ခါ ဖုန်းကတော့ W2014 လို့အမည်ရတဲ့ ခေါက်ဖုန်းပါ။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ယခုလအတွင်း မှတ်ပုံတင်မည်

RangonNewsDaily:: October. 10 .2013
ရှစ်လေးလုံး အရေးတော်ပုံတွင် ဦးဆောင် ပါဝင်ခဲ့သူများဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ကို အောက်တိုဘာလအတွင်း မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပြောကြားသည်။

ကာယိနြေ္ဒပျက်စေမှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အမှုဖွင့်ခံထားရ

RangonNewsDaily:: October. 10 .2013
ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အောက်တိုဘာ ၈ ရက်က အမှုဖွင့် တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။ (၁၀)ရပ်ကွက်၊ သံလွင်လမ်းနေသူ ဒေါ်------ ၎င်း၏ အိမ်ငှားဖြစ်သူ မ---- တန်ဖိုးနည်းဆင်းကတ်လျှောက်ထားသည

ရေနံနှင့်သဘာဝဓါတ်ငွေ့ကုန်းတွင်းလုပ်ကွက်(၁၈) ကွက်အတွက် တင်ဒါအောင် နိုင်ငံခြားကုမ္ပဏီ (၁၂)ခု ထုတ်ပြန်ကြေညာ

RangonNewsDaily:: October. 10 .2013
ရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေတူးဖော်ရေးလုပ်ငန်းထုတ်လုပ်မှု ကုန်းတွင်း လုပ်ကွက်(၁၈) ကွက်အတွက် တင်ဒါအောင်မြင်သည့် နိုင်ငံခြားကုမ္ပဏီ (၁၂)ခုကို စွမ်းအင်ဝန်ကြီး ဌာနမှ ယနေ့ ထုတ်ပြန်ကြေညာသည်။ စွမ်းအင်ဝန်ကြီးဌာနသည် ၄င်းလုပ်ကွက်(၁၈)ကွက်ကို လုပ်ကိုင်နိုင်ရန် နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့

တူးဖော်ရေးလုပ်ငန်းများအား ထုတ်လုပ်မှု အပေါ်

အမေရိကန်၏ နျူလက်နက်များကို ကြီးကြပ်ရသည့် သေနာပတိ ရာထူးပြုတ်ဖွယ်ရှိ

Photo: အမေရိကန်၏ နျူလက်နက်များကို ကြီးကြပ်ရသည့် သေနာပတိ ရာထူးပြုတ်ဖွယ်ရှိ
Thursday, October 10, 2013

တင်မ်ဂီရာဒီနာသည် မရိုးသားသော နည်းလမ်းများဖြင့် လောင်းကစားမှု ပြုလုပ်ခဲ့ကြောင်း စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ရာထူးတစ်ဆင့်လျှော့ ခံထားရသလို အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက အလုပ်ပါ ထုတ်ခံရမည်ဟု သိရှိရ

အမေရိကန်၏ နျူကလီးယား လက်နက်များကို ကိုင်တွယ်သည့် တပ်ဖွဲ့များကို ကြီးကြပ်ရသည့် ရေတပ်သေနာပတိ တစ်ဦးသည် ရာထူးမှ ထုတ်ပယ်ခံရမည့် အရေးနှင့် ကြုံနေရပြီ ဖြစ်သည်။ ဒုတိယ သေနာပတိ တင်မ်ဂီရာဒီနာသည် အမေရိကန် မဟာဗျူဟာ ကွပ်ကဲရေးဌာန၏ ဒုတိယအကြီးအကဲ အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။ ၎င်းသည် မရိုးသားသော နည်းလမ်းများဖြင့် လောင်းကစားမှု ပြုလုပ်ခဲ့ကြောင်း စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ရာထူးတစ်ဆင့်လျှော့ ခံထားရသလို အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက အလုပ်ပါ ထုတ်ခံရမည်ဟု သိရှိရသည်။ ရေတပ်က ဒုတိယ သေနာပတိ ဂီရာဒီနာသည် ကြယ်နှစ်ပွင့် ဗိုလ်ချုပ်အဆင့်သို့ ရာထူးလျှော့ချ ခံရကြောင်းနှင့် စုံစမ်းမှု ရလဒ်ကို အခြေခံကာ အရေးယူမှုများ ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။ ၎င်းသည် အိုင်အိုဝါရှိ ကာစီနိုရုံ တစ်ခုတွင် ငွေကြေးအမြောက်အမြား တန်ဖိုးရှိသည့် တိုကင်ပြား အတုများကို အသုံးပြုကာ လောင်းကစားခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဗုဒ္ဓဟူးနေ့က ရေတပ်၏ ထိပ်တန်း ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ နောက်တန်း သေနာပတိ ဂျွန်ကာဘီက ဂီရာဒီနာကို အမေရီကန် မဟာဗျူဟာ ကွပ်ကဲရေးဌာန ဒုတိယအကြီးအကဲ ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ကြေညာခဲ့သည်။ ဂီရာဒီနာသည် ရေငုပ်သင်္ဘော အရာရှိ တစ်ဦးအဖြစ် ရေတပ်တွင် စတင်အမှုထမ်းခဲ့သူ ဖြစ်သည်။ စက်တင်ဘာ (၃)ရက်နေ့မှ စတင်ကာ ရာထူးမှ ဆိုင်းငံ့ခံထားရသည့် ဂီရာဒီနာ အနေဖြင့် တိုကင်ပြားအတု မည်၍မည်မျှထိ အသုံးပြုခဲ့ကြောင်းမူ တိတိကျကျ မသိရချေ။ ရေတပ်မှ တာဝန်ရှိသူ တစ်ဦးကမူ အတော်များသော ပမာဏဟု မှတ်ချက်ပေးခဲ့သည်။

ဂီရာဒီနာသည် နီဘရာစကာ အရှေ့ပိုင်းရှိ ၎င်း၏ အခြေစိုက်စခန်းအနီး ကာစီနိုရုံတွင် မရိုးမသား နည်းလမ်းများဖြင့် ကစားခဲ့ကြောင်း စွပ်စွဲခံရခြင်း ဖြစ်သည်။ အမေရိကန် မဟာဗျူဟာ ကွပ်ကဲရေး ဌာနသည် အမေရိကန်၏ မြေပြင်အခြေစိုက် နျူကလီးယား ဒုံးကျည်များမှအစ အစိုးရ၏ စစ်ဘက်သုံး အာကာသ ဂြိုဟ်တုများထိ အရေးပါသော စစ်ရေးကဏ္ဍ အားလုံးကို စီမံအုပ်ချုပ်ရသည်။ ယင်းဌာနသည် နီဘရာစကာ အရှေ့ပိုင်းရှိ အော့ဖ်တက်ဖ် လေတပ်စခန်း အနီးတွင် တည်ရှိသည်။ 

Planet Myanmar Network

RangonNewsDaily:: October. 10 .2013
အမေရိကန်၏ နျူကလီးယားလက်နက်များကိုကိုင်တွယ်သည့် တပ်ဖွဲ့များကို ကြီးကြပ်ရသည့် ရေတပ်သေနာ
ပတိ တစ်ဦးသည် ရာထူးမှ ထုတ်ပယ်ခံရမည့် အရေးနှင့် ကြုံနေရပြီ ဖြစ်သည်။ ဒုတိယ သေနာပတိ တင်မ်ဂီ
ရာဒီနာသည် အမေရိကန် မဟာဗျူဟာ ကွပ်ကဲရေးဌာန၏ ဒုတိယအကြီးအကဲ အဖြစ်လည်း တာဝန်ယူထား
သူ ဖြစ်သည်။

လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွင် မထည့်ရန် လွှတ်တော်ဆုံးဖြတ်

Photo: လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွင် မထည့်ရန် လွှတ်တော်ဆုံးဖြတ်
Thursday, October 10, 2013

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အခြေခံပညာ အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းရန် အဆိုကို ကျောင်းသင်ခန်းစာများတွင် ထည့်သွင်း အသုံးမပြုဘဲ မှတ်တမ်းအဖြစ် သာထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဝင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ကန့်ကွက်ခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒာကျော်စွာက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးများအတွက် အထောက်အကူ ဖြစ်စေရန်နှင့် သိရှိနားလည်နိုင်ရန် ရည်ရွယ်ကာ ယင်းအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း ဒေါ်တင်နွယ်ဦးက ဆိုသည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းခဲ့သည့်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီ ဖြစ်သောကြောင့် ယနေ့ခေတ်စနစ်နှင့် ညီညွတ်မှု မရှိတော့သောကြောင့် အထက်တန်း ပညာရပ်များတွင် ထည့်သွင်းရန် အားနည်းချက်များ ရှိနေပြီ ဖြစ်ကြောင်း ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။
“အင်မတန်အားနည်းတဲ့ အချက်တွေ ရှိနေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ကန့်ကွက်ပါတယ်” ဟု ဦးသိန်းညွန့်က လွှတ်တော် အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

၁၉၅၄ ခုနှစ်ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အထက်တန်းကျောင်းများ၏ သင်ခန်းစာများတွင် ထည့်သွင်း သင်ကြားမည် ဆိုပါက နိုင်ငံတော်က အသိအမှတ် ပြုထားသော အခြားဘာသာ သာသနာများနှင့် ခွဲခြား ဆောင်ရွက်ရာရောက်မည် ဖြစ်သောကြောင့် ကျယ်ပြန့်စွာ စဉ်းစားသင့်ကြောင်း၊ ထို့ကြောင့် လွှတ်တော်တွင် မှတ်တမ်းတစ်ခု အဖြစ်သာ ထားရှိရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ထောက်ပြ ပြောဆိုသည်။

The Voice Weekly

http://www.myanmaronlinenews.net/2013/10/blog-post_7167.html

RangonNewsDaily:: October. 10 .2013
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အခြေခံပညာ အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းရန် အဆိုကို ကျောင်းသင်ခန်းစာများတွင်

ဥက္ကံမြို့တွင် ခင်မင်သူတစ်ဦးက အမျိုးသမီးတစ်ဦးအား အဓမ္မကျင့်ဟုဆိုကာ အမှုဖွင့်

RangonNewsDaily:: October. 10 .2013
တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ခင်မင်ရင်းနှီးသူ တစ်ဦး၏ အဓမ္မပြုကျင့်မှုခံရသည်ဆိုကာ အောက်တိုဘာ ၈ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။::
အောက်တိုဘာ ၈ ရက်ည ၉နာရီအချိန်က နေအိမ်ရှေ့ခန်းတွင် ထိုင်နေစဉ် လူတစ်ဦးက

မြန်မာနိုင်ငံ၌ဆရာဝန်လုပ်အားလိုအပ်နေချိန် ဆရာဝန်တစ်ထောင်ကျော်ကို Black List စာရင်းမှ ပယ်ဖျက်

RangonNewsDaily:: October. 10 .2013
မြန်မာနိုင်ငံ၌ ဆရာဝန်များစွာလိုအပ်နေချိန် ကျန်းမာရေးဝန်ကြီးဌာနမှ Black List သတ်မှတ်ထားသူ
များအနက် ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ပေးလိုက်သည်ဟု နိုင်ငံတော်သမ္မတ
ရုံးဝဘ်ဆိုက်ဒ်မှ အောက်တိုဘာလ(၁၀)ရက်က ပူးတွဲပါအမည်စာရင်းများနှင့်တကွ သတင်းထုတ်
ပြန်သည်။

တရုတ်လူမျိုးတစ်ဖြစ်လဲ မြန်မာအလှမယ်ဘွဲ့ရယူလိုက်သူ မိုးစက်ဝိုင် နေရာ မှာ လူစား မထိုး ရ ဘူး လို့  နေရွှေသွေးအောင် ညွှန်ကြားထား

Photo

RangonNewsDaily:: October. 10 .2013
ဘယ်လောက် ပဲ ဆန္ဒ ပြ ပြ မိုးစက်ဝိုင် က လွဲ ပြီး အခြား သူ တစ်ဦးဦး ကို အစား ထိုး တာ မျိုး မလုပ် ရ ဘူး လို့  နေ ရွှေသွေးအောင် က ညွှန်ကြားထား တယ်လို့  ယဉ်ကျေးမှုဝန်ကြီးဌာန က အမည် မဖော် လို တဲ့ အရာရှိ တစ်ဦး မှ FNG ကို ပြောသည်။

“ ကျွန်မတို့ကို အသက်ချမ်းသာပေးပါ ” ( အကြမ်းဖက်ခံတို့ရဲ့ ရှိုက်သံများ )

thandwe

RangonNewsDaily:: October. 10 .2013
သံတွဲမြို့နယ် သပြုချိုင်ကျေးရွာက မွတ်စ်လင်မ်နဲ့ဗုဒ္ဒဘာသာဝင် နယ်ခံဒေသခံတို့ဟာ မျိုးဆက်အလီလိ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာပါ။

"မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပေါ်ရှိ ပေါ်ဦးရွှေဆိုင် ဖောက်ထွင်း မှု ကြီးဖြစ်ပွား"

"မုံရွာမြို့  ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပေါ်ရှိ ပေါ်ဦးရွှေဆိုင် ဖောက်ထွင်း မှု ကြီးဖြစ်ပွား"
========================================
မုံရွာမြို့၏ အထင်ကရ လမ်းမကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး  
ဘေးတွင် ဖွင့်လှစ်ထားသော ပေါ်ဦးရွှေရတနာဆိုင် အား ယနေ့(9-10-2013) နေ့ နံနက်ပိုင်းတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ရာတွင် ကျပ်သိန်း(၅၀၀)နီးပါးခန့်ရှိသော ရွှေထည်ပစ္စည်းများ ပါသွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နှုင်းရေးရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီးတစ်ဦး မှ သလ္လာဝတီတိုင်းမ်ကို အတည်ပြုပြောကြားခဲ့ပါသည်။
    "ဖောက်ထွင်းခံရတာကတော့ နံနက်ပိုင်းမှာသိရတယ်ဆိုပြီး မုံရွာမြို့ မြို့မ ရဲစခန်း ကနေတက်လာတဲ့ ကြေးနန်းစာမှာပါတယ်။ ကောင်တာမှာချိတ်ဆွဲ ထားတဲ့ ရွှေဆွဲကြိုးတွေ အများဆုံးပါသွားတယ်။ ဖောက်ထွင်းမှုမှာပါသွားတဲ့ 
ရွှေထည် ပစ္စည်းတွေရဲ့ တန်ဘိုးက အတိအကျပြောရရင် (၄၉၈၂၀၀၀၀ိ-/) လို့ သိရတယ်။ အမှုမှန်ကို အမြန်ဆုံးပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ဘို့ အတွက် မုံရွာမြို့မရဲစခန်းက အပူတပြင်းကြိုးစားဆောင်ရွက်နေပါတယ်။ "ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူက သလ္လာဝတီတိုင်းမ်ကိုပြောပါတယ်။

 အဆိုပါအမှုအား မုံရွာမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ခင်ဇော်လတ် မှ အမှုစစ်အဖြစ်လိုက်ပါဆောင်ရွက်ပြီး (ပ)၅၄၄/၂၀၁၃ ပစ်မှု ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက် 
လျှက်ရှိကြောင်းလည်းသိရပါသည်။

 ယခုကဲ့သို့ အမှုများပေါ်ပေါက်ရခြင်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက် သည့်အတွက် ဖြစ်ကြောင်း   မုံရွာခရိုင်အတွင်း  သာမက စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးနီးပါးတွင် ရဲစခန်းတစ်ခု၏ ဖွဲ့စည်းပုံပြည့်မှီ 
သော ရဲတပ်ဖွဲ့ဝင်အင်းအားမရှိသည့်အတွက် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းများ အင်အားနည်းပါးရသည့်အတွက် ယခုလို အမှုများအား ကြိုတင်ကာကွယ်နိုင်ခြင်းမရှိကြောင်း တစ်ကယ်တန်းသာ တပ်ဖွဲ့ဝင် အင်အား သတ်မှတ်ချက်ပြည့်မှီပါက ညဦးပိုင်းလှည့်ကင်း ညနက်ပိုင်းလှည့် ကင်း နံနက်ပိုင်းလှည့်ကင်း ဆိုပြီး ထားရှိနိုင်ပါမှ ပြည်သူ့ကိုလုံခြုံမှုပေးနိုင် မှာဖြစ်ကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ၇ဲအရာရှိတစ်ဦး မှ ပြောပါသည်။
  အခုလက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တွေ့ကြုံနေရတာက နေ့ခင်းဘက် မှာလည်း ဒီရဲတွေဘဲ အလုပ်တာဝန်ထမ်းဆောင်ရတယ် ညပိုင်းမှာလည်း ဒီရဲတပ်ဖွဲ့ဝင်တွေဘဲ တာဝန်ထမ်းဆောင်နေရတယ် ဒီကြားထဲမှာ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွက် လုံခြုံရေး ၊ အရေးကြီးပုဂ္ဂိုလ်လမ်းကြောင်းလုံခြုံရေး ၊ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကအစ ၀င်ပါနေရတော့ ဘယ်လိုလုပ်ပြီး ပြည်သူအတွက် လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နိုင်တော့မှာလဲ ကင်းလှည့်ရပြန်တော့လည်း
 ဆိုင်ကယ်ဆီဘိုးကအစ ကိုယ်ဆီနဲ့ကိုယ် ကင်းလှည့်နေကြရတယ် လိုလည်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိငယ်တစ်ဦးက သလ္လာဝတီတိုင်းမ်ကို ပြောပါ တယ်။
=========================================
"မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ပေါ်ဦးရွှေဆိုင်အား တွေ့မြင်ရပုံ"
"မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ပေါ်ဦးရွှေဆိုင်အား တွေ့မြင်ရပုံ"
RangonNewsDaily:: October. 10 .2013
မုံရွာမြို့၏ အထင်ကရ လမ်းမကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ဘေးတွင်ဖွင့်လှစ်ထားသော ပေါ်
ဦးရွှေရတနာဆိုင် အား ယနေ့(9-10-2013) နေ့ နံနက်ပိုင်းတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ရာတွင် ကျပ်သိန်း
(၅၀၀)နီးပါးခန့်ရှိသော ရွှေထည်ပစ္စည်းများ ပါသွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နှုင်း
ရေးရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီးတစ်ဦး မှ သလ္လာဝတီတိုင်းမ်ကို အတည်ပြုပြောကြားခဲ့ပါသည်။