Pages

Pages - Menu

Tuesday, September 24, 2013

မရမ်းကုန်းမြို့နယ် ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းတိုက်တွင် ကိုရီးယားနိုင်ငံသားတစ်ဦး မီးလောင်ဒဏ်ရာများဖြင့်သေဆုံး

RangonNewsDaily:: September 24, 2013

မရမ်းကုန်းမြို့နယ် ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းတိုက်တွင် မီးပုံပေါ်သို့ ပြုတ်ကျခဲ့သည့် ကိုရီးယား နိုင်ငံသား တစ်ဦး ဆေးကုသနေရာမှ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီတွင် သေဆုံးသွားခဲ့သည်။အမှုတွင် စက်တင်ဘာ ၂၂ ရက် နံနက်က ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းဝင်းအတွင်းရှိ ကရုဏာရှင်ကုသိုလ်ဖြစ် ဆေးခန်းတွင် ကိုရီးယား နိုင်ငံသားတစ်ဦး သေဆုံးကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြသည်။

မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး

မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး


kolatt(PBDN): September. 24. 2013

ရန်ကုန် ။ ။ ယခု ၂၀၁၃-ခုနှစ်တွင် မက္ကာမြို့သို့ ဟာ့ဂ်ျသွားရောက်ကြမည့် ဟာဂျီလောင်းများအနေဖြင့် ခရီးစဉ်တွင် လွယ်ကူမှုရှိစေရန်အတွက် မွမ်းမံသင်တန်းများကို ဟာဂ်ျကူညီရေးအဖွဲ့ချုပ်မှ စက်တင်ဘာလ ၂၁-ရက်နေ့မှ ၃၀-ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ဟာဂ်ျကူညီရေးအဖွဲ့ချုပ်တွင် ဟာဂ်ျနှင့်ပတ်သက်သည့် စည်းကမ်းချက်များ၊ ဟာဂ်ျလုပ်ဆောင်ချက်များ၏ ကြီးမြင့်မှုနှင့်အကျိုးတရားများကိုလည်း ရှင်းလင်းပြောပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားမှုများကို မနေ့က နေ့လည် ၂-နာရီမှ ၄-နာရီထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ မွမ်းမံသင်တန်းများ ပြုလုပ်ရခြင်းမှာ ဟာဂ်ျသွားရောက်မည့် ဟာဂျီလောင်းများ လွယ်ကူစေရန်နှင့် အခက်အခဲနည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဟာဂျီဦးသိန်းဦးမှ ပြောပြခဲ့ပါသည်။

မနေ့ကပြုလုပ်သော ဟာဂျီလောင်းများအတွက် မွမ်းမံသင်တန်းသို့ တက်ရောက်သူ (၁၂၀)ခန့်ရှိကြောင်းနှင့် ဟာ့ဂ်ျကူညီရေးအဖွဲ့ချုပ်ရုံးသည် အမှတ်(၇)၊ ဒုတိယထပ်(ယာ)၊ ဒေါ်သိန်းတင်လမ်း၊ ကန်/ရှေ့ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရှိကြောင်းလည်း သိရပါသည်။

M-Media::--

See More News: (www.rangonnewsdaily.blogspot.com)
ဓါတ်ပုံအညွှန်း - ၂၀၁၂ ခုနှစ် က ဟဂ်ျ သွားရောက်ခဲ့သည့် မြန်မာမွတ်စလင်မ်ဟာဂျီများ
RangonNewsDaily:: September 24, 2013

ရန်ကုန် ။ ။ ယခု ၂၀၁၃-ခုနှစ်တွင် မက္ကာမြို့သို့ ဟာ့ဂ်ျသွားရောက်ကြမည့် ဟာဂျီလောင်းများအနေဖြင့် ခရီးစဉ်တွင် လွယ်ကူမှုရှိစေရန်အတွက် မွမ်းမံသင်တန်းများကို ဟာဂ်ျကူညီရေးအဖွဲ့ချုပ်မှ စက်တင်ဘာလ ၂၁-ရက်နေ့မှ ၃၀-ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်

ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု ရဲက စုံစမ်းနေ

RangonNewsDaily:: September 24, 2013

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာနှင့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင် သေဆုံးနေမှုကို မဂင်္လာတောင်ညွှန့် ရဲက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိသည်။ဖြစ်စဉ်တွင် ကန်တော်ကြီးပတ်လမ်း ရှန်ဂရီလာ ဆောက်လုပ်ရေးဝန်းရှေ့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြသည်။

မြေးဖြစ်သူကို အဓမ္မကျင့်ရန် ကြံစည်ဟု အဘွားဖြစ်သူက တိုင်တန်း

RangonNewsDaily:: September 24, 2013

အသက်မပြည့်သေးသည့် မြေးဖြစ်သူကို လူတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ဟု အဘွားဖြစ်သူ၏ တိုင်တန်းမှုကို သုံးခွရဲစခန်းက စက်တင်ဘာ ၂၂ တွင် အမှုဖွင့်လိုက်သည်။::
အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်က သုံးခွမြို့နယ်အတွင်း ကျေးရွာတစ်ခုရှိ လယ်ကွင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု (၄၇)နှစ်အရွယ် အဘွားဖြစ်သူက အမှုဖွင့်ရာတွင်
ပြောထားခြင်းဖြစ်သည်။

ရန်ကုန်ပြည်ကားလမ်းမကြီး ၀ဲယာရှိ မလွတ်ကင်းသော ဆိုင်ခန်းများ ဖယ်ရှားပေးရတော့မည်

ရန်ကုန်ပြည်ကားလမ်းမကြီး ၀ဲယာရှိ မလွတ်ကင်းသော ဆိုင်ခန်းများ ဖယ်ရှားပေးရတော့မည်


kolatt(PBDN): September. 24. 2013

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အတွင်းရှိ ရန်ကုန်ပြည် မကွေးကားလမ်းမကြီး လမ်းဘေးဝဲယာ တစ်လျှောက် လမ်းနယ်နမိတ်အတွင်း မလွတ်ကင်းသော နေရာ ဆိုင်ခန်းများကို စက်တင်ဘာ(၂၉)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်း ပေးရန် မြို့နယ်ဆောက်လုပ်ရေးမှ အကြောင်းကြားစာ ပေးပို့လာကြောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။
::
“စာထဲမှာ မြို့တွင်းရွာတွင်း လမ်းအကျယ် ပေ(၁၀၀)အတွင်းနဲ့ မြို့ပြင်ပ ပေ(၁၅၀) အတွင်း မလွတ်တာမှန်သမျှ (၇)ရက်အတွင်း ဖျက်ပေးရမယ်။ မဖျက်ရင် ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်လို့ ပါပါတယ်”ဟု ၎င်းက ပြောသည်။
::
၎င်းအကြောင်းကြားစာနှင့်ပတ်သက်၍ ကွမ်းယာဆိုင်ရှင် တစ်ဦးကလည်း “ ဒီနေရာလေးကို မှီပြီး ထမင်းစားနေရတာပါ ။ဖယ်ရမယ် ဆိုတော့လည်း စားဝတ်နေရေး အတွက် စိုးရိမ်စရာ ဖြစ်လာမှာပါ၊”ဟု ပြောသည်။
မြို့နယ်ဆောက်လုပ်ရေးမှ ၀န်ထမ်းတစ်ဦးကမူ “ ခရိုင်က ညွှန်ကြားမှုအရ ဆောင်ရွက်တာပါ အခြားမြို့နယ်တွေလည်း ဆောင်ရွက်နေကြတာပါပဲ။ 
::
ခုက ပထမအကြိမ် အကြောင်းကြားတာပါ။ မရရင် နောက် ဒုတိယ၊ တတိယ ဆက်လက် အကြောင်းကြားပေးမယ်။ မလုပ်ရင်တော့ ဥပဒေအရ ဆောင်ရွက် သွားမှာပါ”ဟု ပြောသည်။
::
အောင်လံမြို့နယ်အတွင်ရှိ ရန်ကုန်ပြည် မကွေး ကားလမ်းမဘေး ကျေးရွာများဖြစ်ကြသော ပြလို့စံပြကျေးရွာနှင့် မိုးကောင်းကျေးရွာတို့ကိုလည်း လွန်ခဲ့သော ရက်အနည်းငယ်က အထက်ပါအတိုင်း အကြောင်း ကြားစာများ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။

လင်းသက်
Myanmar Age ::--

RangonNewsDaily:: September 24, 2013

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အတွင်းရှိ ရန်ကုန်ပြည် မကွေးကားလမ်းမကြီး လမ်းဘေးဝဲယာ တစ်လျှောက် လမ်းနယ်နမိတ်အတွင်း မလွတ်ကင်းသော နေရာ ဆိုင်ခန်းများကို စက်တင်ဘာ(၂၉)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်း ပေးရန် မြို့နယ်ဆောက်လုပ်ရေးမှ အကြောင်းကြားစာ ပေးပို့လာကြောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။

ဂျာမနီရွေးကောက်ပွဲ အန်ဂျလာမာကယ်ပါတီအနိုင်ရ

Photo: ဂျာမနီရွေးကောက်ပွဲ အန်ဂျလာမာကယ်ပါတီအနိုင်ရ
Tuesday, September 24, 2013

ဥရောပကြွေးမြီ အကျပ်အတည်းကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဦးဆောင် လှုပ်ရှားခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ ပါတီသည် ယမန်နေ့က ပြုလုပ်ခဲ့သော ဂျာမနီရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရ ဦးဆောင်ခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အန်ဂျလာမာကယ်၏ နိုင်ငံရေးပါတီမှာ ခရစ်ယာန်ဒီမိုကရက် ဖြစ်ပြီး ပါလီမန်တွင် အမတ်နေရာ အများစု ပြည်သူ့ထောက်ခံမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ဥရောပ၏ ထိပ်တန်းစီးပွားရေးနိုင်ငံ ဂျာမနီကို အသက် ၅၉ နှစ်အရွယ် အန်ဂျလာမာကယ်က ဝန်ကြီးချုပ် တတိယမြောက် သက်တမ်းဖြင့် ဆက်လက်ဦးဆောင်နိုင်ပြီ ဖြစ်သည်။

ရွေးကောက်ပွဲနိုင် ခရစ်ယာန်ဒီမို ကရက်များသည် အဓိကအတိုက်အခံ ဆိုရှယ်ဒီမိုကရက်များနှင့် ပါလီမန်အတွင်း ညှိနှိုင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့ရန်အတွက် ပြင်ဆင်ကြမည့်ပုံ ရှိသည်။
ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများ ဆက်တိုက် ဆက်လက်အောင်ပွဲခံနိုင်မှု အဖြစ် ယခု အန်ဂျလာမာကယ်နှင့် ၄င်း၏ပါတီတို့က မှတ်တမ်းဝင်သွားခဲ့သည်။

"ပါတီခေါင်းဆောင်မှု အပိုင်းက အဖြေနောက်ဆုံးပိတ် ထွက်လာခဲ့ပြီးရင်
ညှိနှိုင်းဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီညခင်းတော့ အောင်ပွဲခံနိုင်ပါပြီ" ဟု အိန်ဂျလာမာကယ်က ထောက်ခံသူများကို ပြောကြားသည်။

လူရှေ့သူရှေ့သို့ ထွက်လာခဲသော ဝန်ကြီးချုပ်၏ ခင်ပွန်း ဓာတုဗေဒပညာရှင် နှင့် ဂီတဝါသနာရှင် ဂျိုအာကင်ဆာအူရာ လည်း အောင်ပွဲခံအခမ်းအနားသို့ ရောက်ရှိလာခဲ့သည်။

ရွေးကောက်ပွဲနိုင် အင်အားစု ကွန်ဆာဗေးတစ် များသည် စုစုပေါင်းနေရာ၏ ၄၁ ဒသမ ၅ရာခိုင်နှုန်း ရရှိပြီး အတိုက်အခံ အင်အားစု ဆိုရှယ်ဒီမိုကရက် ပါတီက ၂၅ ဒသမ ၇ ရာခိုင်နှုန်းသာ နေရာရသည်။
သဘာဝပတ်ဝန်းကျင်အရေး လှုံ့ဆော် သည့် Green ပါတီက ၈ ဒသမ ၄ နေရာ ရရှိပြီး လက်ဝဲပါတီက ၈ ဒသမ ၆ နေရာ ရရှိသည်။

"ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ အန်ဂျလာမာကယ်ကို ကျွန်တော် ဂုဏ်ပြုပါတယ်" ဟု ဥရောပသမဂ္ဂကောင်စီ ဥက္ကဋ္ဌဗန်ရွန်ပိုင်က ချီးကျူးစကား ပြောကြားခဲ့သည်။

The Voice Weekly

RangonNewsDaily:: September 24, 2013

ဥရောပကြွေးမြီ အကျပ်အတည်းကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဦးဆောင် လှုပ်ရှားခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ ပါတီသည် ယမန်နေ့က ပြုလုပ်ခဲ့သော ဂျာမနီရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရ ဦးဆောင်ခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

တေးသံရှင် မေခလာနှင့် တွေ့ဆုံခြင်း

Photo: တေးသံရှင် မေခလာနှင့် တွေ့ဆုံခြင်း
Tuesday, September 24, 2013

(သန့်ဇင်ဦး)

ဂီတနယ်ပယ်တွင် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိနေသော တေးသံရှင် မေခလာကို တွေ့ဆုံပြီး မကြာမီ ပြုလုပ်ရန် စီစဉ်နေသည့် ၎င်းနှင့် တေးသံရှင် မေဆွိတို့၏ ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ပြင်ဆင် ဆောင်ရွက်ထားမှု များကို The Voice က မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်သည်။

Voice ။ ။ မမေဆွိနဲ့ နှစ်ယောက်တွဲ ရှိုးလုပ်ဖို့ စပြီးစီစဉ်ဖြစ်ပုံလေး သိပါရစေ။

MKL ။ ။ ချစ်ငယ်တို့ နှစ်ယောက်က ခရီးတွေ အတူသွားခဲ့ဖူးတယ်။ စတိတ်ရှိုး တွေလည်း အတူဆိုခဲ့ကြဖူးတယ်။ ဒါပေမဲ့ ချစ်ငယ်တို့ နှစ်ယောက်တည်း ရှိုးပွဲကတော့ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ဟိုတုန်းကတော့ ချစ်ငယ်တို့ နှစ်ယောက်ကို ရှိုးလုပ်ပေးဖို့ စီစဉ်ခဲ့ကြဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့တာပေါ့နော်။

အဲဒါနဲ့ မဆွေနဲ့ ချစ်ငယ် ဂျပန်မှာလုပ်တဲ့ ပွဲတစ်ခုမှာ ဆုံကြတော့ မဆွေရယ် ချစ်ငယ်တို့ ညီအစ်မတွေ အမှတ်တရ ပွဲလေးတစ်ခု လုပ်ရအောင်လို့ ပြောတော့ သူကလည်း ဝမ်းပန်းတသာပဲ လက်ခံတယ်။ ဒီပွဲကို အဓိက စီစဉ်တာက ချစ်ငယ်စီစဉ်တာပါ။ ဒါပေမဲ့ ချစ်ငယ်ရဲ့ အပေါင်းအသင်းတွေက သူတို့လည်း ပါချင်တယ်လို့ ပြောလို့ ချစ်ငယ် ပါခွင့်ပေးလိုက်ပါတယ်။ ပွဲကိုတော့ သီတင်းကျွတ် လပြည့်နေ့၊ အမျိုးသားကဇာတ်ရုံမှာ လုပ်နိုင်အောင်လို့တော့ ချစ်ငယ်ကြိုးစားနေပါတယ်။

Voice ။ ။ ဒီပွဲမှာ အစ်မတို့ နှစ်ယောက်အပြင် ဧည့်သည်တေးသံရှင်တွေ ပါဦးမလား။

MKL ။ ။ လူငယ်တေးသံရှင် လေးယောက်လောက်တော့ ပါပါမယ်။ သီချင်းတွေကတော့ ချစ်ငယ်က အပုဒ် ၂၀ လောက် ဆိုမယ်။ မဆွေက ၁၅ ပုဒ်လောက် ဆိုမယ်။ အဆိုတော် အငယ်လေး လေးယောက်ကတော့ တစ်ယောက်ကိုနှစ်ပုဒ်စီ ဆိုကြလိမ့်မယ်။ တီးဝိုင်းကတော့ Lazy Club နဲ့ Plus Three တစ်ခုခု ဖြစ်မယ်။ ချစ်ငယ်တို့ နှစ်ယောက်အပြင် ဧည့်သည် အဆိုတော်လေးတွေလည်း ဆိုဦးမှာဆိုတော့ သီချင်းပုဒ်ရေတွေ အများကြီး နားထောင်ပြီး ပရိသတ်တွေ ငြီးငွေ့သွားမှာ၊ အရမ်း ညဥ့်နက်သွားမှာလည်း ချစ်ငယ်စိုးတယ်။ အဲဒီတော့ ပွဲကို ချစ်ငယ် Right Time စပြီး ည ၁၁ နာရီလောက် သိမ်းမယ်လို့ စဉ်းစားထားတယ်။

Voice ။ ။ ဒီပွဲအတွက် ဘယ်သီချင်းတွေဆိုဖို့ ရွေးထားလဲ။

MKL ။ ။ ချစ်ငယ်ထွက်ခဲ့တဲ့ စီးရီးတွေကခွေ တစ်ရာကျော်လောက် ရှိတာဆိုတော့ ပွဲအတွက် သီချင်းရွေးတဲ့အခါ ချစ်ငယ်အတွက် အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ ပရိသတ်ကြိုက်မယ့် သီချင်းတွေ အကုန်လုံး ပါနိုင်အောင်တော့ ချစ်ငယ်ကြိုးစားမှာပါ။ သီချင်းတွေကတော့ Pop တွေလည်းပါမယ်၊ Rock တွေလည်းပါမယ်၊ လူကြီးပရိသတ်တွေ ကြိုက်တဲ့ မြန်မာသံသီချင်းတွေလည်း ချစ်ငယ်တို့နှစ်ယောက် ဆိုကြမှာပါ။

Voice ။ ။ နှစ်ယောက်လုံးက ဂီတလောကမှာ ခေတ်ပြိုင်ပေါ်ခဲ့တာဆိုတော့ မဆွေရဲ့ သီချင်းတွေထဲကရော ဘယ်သီချင်းတွေကို ကြိုက်လဲ။

MKL ။ ။ တစ်ခေတ်တည်း ပေါ်ခဲ့ကြတာ ဆိုပေမယ့် မဆွေက ချစ်ငယ်ရဲ့ ကြားဆရာဆိုလည်း မမှားပါဘူး။ သူ့ရဲ့သီချင်းတွေ တော်တော်များများ ချစ်ငယ်ကြိုက်ပါတယ်။ အကြိုက်ဆုံး သီချင်းတွေကတော့ ကိုကိုမကောင်းဘူးတို့၊ အင်းလေးမှာ ရွာတဲ့မိုးတို့၊ ကမ်းစပ်နဲ့ရေလှိုင်း တို့ကို ကြိုက်တယ်။ ဒီသီချင်းတွေက သူ့အသံနဲ့လည်း လိုက်တယ်။

Voice ။ ။ ဒီပွဲမှာ ဦးကိုင်ဇာကိုရော ခေါ်ဆိုဖို့ အစီအစဉ် ရှိလား။

MKL ။ ။ ဒီပွဲက မိန်းကလေးနှစ်ယောက်တည်း ပွဲဆိုတော့ ကိုညီ (ကိုင်ဇာ) ပါမှာမဟုတ်ဘူး။ ဒါပေမဲ့ ချစ်ငယ်နဲ့ တစ်ခေတ်တည်း ပေါ်ခဲ့ကြတဲ့ ချစ်ကောင်း၊ တူးတူး၊ ကော်နီ၊ ဟေမာနေဝင်းတို့လို ခေတ်ပြိုင် အဆိုတော်တွေချည်းပါတဲ့ ဖျော်ဖြေပွဲတစ်ခုလုပ်ဖို့ ချစ်ငယ် အစီအစဉ် ရှိပါတယ်။ အဲဒီအခါကျရင်တော့ ပါနိုင်မှာပါ။

Voice ။ ။ စီးရီးတွေထွက်ဖို့ အစီအစဉ်ရှိလား။

MKL ။ ။ စီးရီးကတော့ လုပ်မယ်ကြံလိုက်၊ စတိတ်ရှိုးဆိုဖို့ ခရီးတွေ သွားလိုက်ရနဲ့ဆိုတော့ အကောင်အထည် မပေါ်သေးဘူး။ ချစ်ငယ်က သီချင်းလည်းကြေး (ဂျီး) များ တယ်။ နောက်ပြီး ဟဲလေးနဲ့ ဆိုခဲ့တဲ့ မပြောချင်လို့ ကြည့်နေတာ ကြာပြီဆိုတဲ့ သီချင်းကလည်း အရမ်း ပေါက်ခဲ့တာဆိုတော့ အဲဒီသီချင်းကို မီတဲ့သီချင်းကောင်းတွေ ချစ်ငယ်လက်ထဲမှာ စုမိရင်တော့ စီးရီးထုတ်ဖြစ်မှာပါ။

Voice ။ ။ တစ်ခေတ်က မေခလာဆိုတာ ပွဲထိန်းကောင်းတဲ့ တေးသံရှင် တစ်ယောက်လို့ ပြောကြတယ်။ ရှိုးပွဲတစ်ခုမှာ ပရိသတ်နဲ့ တစ်သားတည်းဖြစ်ဖို့၊ ကိုယ့်ရဲ့ သီဆိုမှုမှာ စီးမျောလိုက်ပါဖို့ ဘယ်လိုအားထုတ်လဲ။

MKL ။ ။ အဲဒါကတော့ ကိုယ်ဆိုရမယ့်ပွဲက လူကြီးပရိသတ်များလား၊ လူငယ်ပရိသတ်များလား၊ ဒီပွဲက ဘယ်လိုပွဲမျိုးလဲ၊ ဘယ်မှာ လုပ်တာလဲဆိုတာကို ကြည့်ပြီး ကိုယ့်ရဲ့ စကားအပြောအဆိုနဲ့ Performance ကို ချစ်ငယ် ပြင်ဆင်တယ်။ လူကြီးပရိသတ် များတဲ့ပွဲမှာ ခေတ်သီချင်းတွေ သွားဆိုလို့ အဆင်မပြေသလို၊ လူငယ်ပရိသတ် များတဲ့ပွဲမှာလည်း ဟိုတုန်းက သီချင်းတွေ ချစ်ငယ်သွားဆိုလို့ မရဘူး။ ပွဲအနေအထားကိုကြည့်ပြီး ပရိသတ်ကို ဆွဲခေါ်ရတာပေါ့။ ဆွဲခေါ်တဲ့နေရာမှာလည်း ပရိသတ် ကိုယ့်ဘက်ပါအောင်ဆိုပြီး စကားတွေ အများကြီး သွားပြောရင်လည်း ပရိသတ်က မုန်းတယ်။ မလျှော့မတင်းပုံစံနဲ့ ပရိသတ်ကို ဆွဲခေါ်ရတာပေါ့။

Voice ။ ။ အခုအချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာရှိရင် ပြောပေးပါဦး။

MKL ။ ။ ယနေ့ထက်ထိ ဂီတလောကမှာ ချစ်ငယ် ရပ်တည်နိုင်တာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။ အဲဒီအတွက် ပရိသတ်တွေက ချစ်ငယ်ရဲ့ ထမင်းရှင်ပါပဲ။ မေခလာလို့ ဖြစ်လာအောင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ချစ်ငယ် ဘယ်တော့မှ မစော်ကားပါဘူး။ အမြဲတမ်း မေတ္တာပို့ပါတယ်။ အနုပညာရှင် တစ်ယောက်ဟာ ကိုယ့်ရဲ့ပရိသတ်ကို စော်ကားတဲ့နေ့ဟာ ကျရှုံးတဲ့နေ့ပဲလို့ ချစ်ငယ် မှတ်ယူထားပါတယ်။

The Voice Weekly

RangonNewsDaily:: September 24, 2013

ဂီတနယ်ပယ်တွင် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိနေသော တေးသံရှင် မေခလာကို တွေ့ဆုံပြီး မကြာမီ ပြုလုပ်ရန် စီစဉ်နေသည့် ၎င်းနှင့် တေးသံရှင် မေဆွိတို့၏ ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ပြင်ဆင် ဆောင်ရွက်ထားမှု များကို The Voice က မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်သည်။

စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူရာ၌ လိုက်နာရမည့် စည်းကမ်းသစ်များ ထုတ်ပြန်

Photo: စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူရာ၌ လိုက်နာရမည့် စည်းကမ်းသစ်များ ထုတ်ပြန်
Tuesday, September 24, 2013

ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန် လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုစည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များ အနေနှင့် ပညာရှင်အဆင့် ဝန်ထမ်းခေါ်ယူရာတွင် နိုင်ငံခြားသား အလုပ်သမား မခေါ်ယူမီ စင်ကာပူ နိုင်ငံသားများအတွက် မျှမျှတတ စဉ်းစားပေးရမည် ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားက စင်ကာပူ နိုင်ငံသားထက် မိမိတို့အလုပ်နှင့် အမှန်တကယ် ပို၍သင့်လျော်သည် ဆိုမှသာ နိုင်ငံခြားသား အလုပ်သမားကို ခေါ်ယူရမည် ဖြစ်သည်။

အဆိုပါ စည်းကမ်းချက် အသစ်များကို ပညာရှင်အဆင့် နိုင်ငံခြားသား ဝန်ထမ်းအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားသည့် ကုမ္ပဏီများ လိုက်နာရမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ကာ သက်ရောက်မှုရှိမည် ဖြစ်သည်။ 

ယခု စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ အသစ်ပြဋ္ဌာန်းလိုက်သော စည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များသည် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမည့် ရာထူး နေရာတိုင်းအတွက် စင်ကာပူ နိုင်ငံသားများကိုလည်း လျှောက်ထားခွင့် ပေးရမည်ဖြစ်ပြီး အလုပ်ခေါ် ကြော်ငြာကိုလည်း စင်ကာပူ နိုင်ငံသားများအတွက် အလုပ်အကိုင် ရှာဖွေပေးနေသော ဌာနတွင် အနည်းဆုံး ၁၄ ရက် ကြော်ငြာထားပြီးမှသာ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားနိုင်မည် ဖြစ်သည်။

ထို့အပြင် လုပ်ငန်းရှင်များသည် ၎င်းတို့အနေနှင့် စင်ကာပူ နိုင်ငံသား အလုပ်သမား ခေါ်ယူရန် ကြိုးစားပြီးပြီ ဖြစ်ကြောင်း သက်သေပြနိုင်ရန် စင်ကာပူနိုင်ငံသား အလုပ်သမားများနှင့် အင်တာဗျူးထားသည့် မှတ်တမ်းများကိုလည်း သိမ်းဆည်းထားရမည် ဖြစ်သည်။

ယခုကဲ့သို့ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှုအပေါ် စည်းကမ်းချက် အသစ်များ ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်ပြီး စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနက စည်းကမ်းချက် အသစ်များမှာ စင်ကာပူ နိုင်ငံသားများကိုသာ ဦးစားပေး အလုပ်ခန့်ထားစေရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ လုပ်ငန်းရှင်များအနေနှင့် စင်ကာပူ နိုင်ငံသားများ အပေါ်တွင် မျှမျှတတ စဉ်းစားပေးစေရန် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်အပ်ထားသော ကုမ္ပဏီများ အနေနှင့်လည်း ယခုထုတ်ပြန်လိုက်သော စည်းကမ်းချက် အသစ်များနှင့်အညီ ပြောင်းလဲလုပ်ဆောင် သွားရမည် ဖြစ်ပြီး ထိုသို့ပြောင်းလဲ လုပ်ဆောင်ရန် လုံလောက်သော အချိန်ရရှိမည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မှ ဇူလိုင်လ ၃၀ ရက်နေ့အတွင်း သက်တမ်း ကုန်ဆုံးမည့် EP ကတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသား အလုပ်သမားများ အနေနှင့် ၎င်းတို့၏ ကတ်များကို လက်ရှိ စည်းမျဉ်း စည်းကမ်းများ အတိုင်း တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် ရဦးမည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: September 24, 2013

ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန် လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။

iPhone 5S နဲ့ 5C ပထမတစ်ပတ်အတွင်း အလုံးရေ ၉ သန်းရောင်းချရ

Photo: Tuesday, September 24, 2013

iPhone 5S နဲ့ 5C ပထမတစ်ပတ်အတွင်း အလုံးရေ ၉ သန်း ရောင်းချနိုင်ခဲ့တယ်တဲ့။ iPhone 5S နဲ့ 5C ကို ဝယ်ယူဖို့ ရက်ပေါင်းများစွာ စောင့်ဆိုင်းဝယ်ယူတဲ့ သူတွေ အများကြီးပါ။ Apple ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။

iOS 7 Update ကို စက်တင်ဘာ ၁၈ ရက်နေ့မှာ စပေးခဲ့တယ်။ အခုချိန်ထိ Update လုပ်သူ သန်း ၂၀၀ နီးပါးအထိ ရှိနေပြီ။ ဒါက သမိုင်းတစ်လျှောက်မှာ အမြန်ဆုံး Update လုပ်တဲ့ OS ဗားရှင်းအဖြစ် စံချိန်တင်နိုင်ခဲ့တယ်။

Guide Magazine

Tuesday, September 24, 2013
iPhone 5S နဲ့ 5C ပထမတစ်ပတ်အတွင်း အလုံးရေ ၉ သန်း ရောင်းချနိုင်ခဲ့တယ်တဲ့။ iPhone 5S နဲ့ 5C ကို ဝယ်ယူဖို့ ရက်ပေါင်းများစွာ စောင့်ဆိုင်းဝယ်ယူတဲ့ သူတွေ အများကြီးပါ။ Apple ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။

အရှေ့အနောက်လှည့်ပြီး သုံးနိုင်တဲ့ 13MP ကင်မရာနဲ့ Oppo N1 စမတ်ဖုန်းသစ်

Photo: အရှေ့အနောက်လှည့်ပြီး သုံးနိုင်တဲ့ 13MP ကင်မရာနဲ့ Oppo N1 စမတ်ဖုန်းသစ်
Tuesday, September 24, 2013

တရုတ်နိုင်ငံ ဘေဂျင်းမှာ Oppo အမှတ်တံဆိပ် N1 စမတ်ဖုန်းကို မိတ်ဆက်လာခဲ့တယ်။ ထူးခြားတာက Android 4.2 ကို အခြေခံ တည်ဆောက်ထားတဲ့ Color OS ကို အသုံးထားလို့ပါပဲ။ Android OS ကို အခြေခံထားတယ်ဆိုတော့ Android App တွေ အသုံးပြုမယ်လို့တော့ ထင်ရတာပဲ။ 

Oppo N1 ရဲ့ စွမ်းရည်က ၅.၉ လက်မ full HD ရတဲ့ IPS မျက်နှာပြင်၊ 16GB နဲ့ 32GB Memory ဗားရှင်းနှစ်ခု၊ စိတ်မကောင်းစရာက microSD card slot မပါဝင်ဘူး။ နောက်ပြီး 1.7GHz Quad-core Snapdragon 600, Adreno 320 GPU နဲ့ 2GB of RAM တွေ ပါဝင်တယ်။ 

အခြားဖုန်းတွေနဲ့ လုံးဝကွာခြားတဲ့အချက်က ဖုန်းရဲ့ ထိပ်ပိုင်းမှာ 13MP ကင်မရာကို တပ်ဆင်ထားတယ်။ အဲဒီကင်မရာက အရှင်၊ လှုပ်ရှားလို့ရတယ်။ ၂၀၆ ဒီဂရီအတွင်း လှည့်လည်သုံးစွဲနိုင်တယ်။ ကင်မရာတစ်လုံးတည်းနဲ့
နောက်ကင်မရာဖြစ်တော့ ရှေ့ကင်မရာ အဖြစ်ပါ အသုံးပြုနိုင်တယ်။ LED မီးကလည်း နှစ်လုံးတောင်မှ တပ်ထားတာနော်။ ရှေ့ကင်မရာအားနည်းတဲ့ ဖုန်းတွေအတွက် Oppo N1 က ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါ။ 

ဖုန်းကင်မရာကို မီတာ ၅၀ အကွာအဝေးကနေ ထိန်းချုပ်နိုင်ဖို့ O-Click Accessories ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Oppo N1 ဖုန်းက အမေရိကန်ဒေါ်လာ ၅၇၁ ရှိမယ်လို့ ကြေညာထားပါတယ်။ အောက်တိုဘာလ မှာ ဈေးကွက်ထဲမှာ စပြီးရောင်းချတော့မှာပါ။

မေသဇင်
Guide Magazine

RangonNewsDaily:: September 24, 2013

တရုတ်နိုင်ငံ ဘေဂျင်းမှာ Oppo အမှတ်တံဆိပ် N1 စမတ်ဖုန်းကို မိတ်ဆက်လာခဲ့တယ်။ ထူးခြားတာက Android 4.2 ကို အခြေခံ တည်ဆောက်ထားတဲ့ Color OS ကို အသုံးထားလို့ပါပဲ။ Android OS ကို အခြေခံထားတယ်ဆိုတော့ Android App တွေ အသုံးပြုမယ်လို့တော့ ထင်ရတာပဲ။

တာချီလိတ်မြို့ ကလေးများပျောက်ဆုံးမှု လူထုအစိုးရိမ်

RangonNewsDaily:: September 24, 2013

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ကလေးငယ်တဦးပျောက်ဆုံး ရာ တာချီလိတ်မြို့နေ ဒေသခံ ကလေးငယ်များဆက်တိုက်ပျောက်ဆုံးနေသည် ဆိုသည့်သတင်းများကြောင့် တာချီလိတ်လူထု အထူးစိုးရိမ် နေသည်ဟု ကြားသိရပါသည်။

တန်ဖိုးရှိသော ဘဝတစ်ခု

RangonNewsDaily:: September 24, 2013

ဆေးရုံတစ်ခုထဲက အခန်းတစ်ခန်းထဲမှာပေါ့။ လူနာ ၂ ယောက်အတူနေတယ်။ တစ်ယောက်က အဝင်တံခါးဝမှာ။ တိုက်ပွဲ ဗုံးဒဏ်၊ ကျည်ဒဏတ်ကြောင့် မျက်လုံး ပက်တီးစီးထားရပြီး တစ်ကိုယ်လုံး ကြေမွနေသူ။ အသက်ရှင်ဖို့ စိတ်အားပြင်းထန်မှ လူပြန်ဖြစ်မယ့်အနေအထားတစ်ခုမှာ ဖြစ်ပါတယ်။

ဇနီးက ခင်ပွန်းကို မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်မှုဖြင့် တိုင်ကြားရာမှ လေးဦးအမှုဖွင့်ခံရ

RangonNewsDaily:: September 24, 2013

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်တွင် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို နိုင်ငံသားစိစစ်ရေးကတ် နှစ်ခုကိုင်ဆောင်မှုဖြင့် တိုင်ကြားရာမှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တိုင်ကြားသူအပါအဝင် လေးဦး အမှုဖွင့် ခံခဲ့ရကြောင်း မြင်းခြံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

Toyota Belta အကြောင်း တစေ့တစောင်း ......

RangonNewsDaily:: September 24, 2013
Toyota Belta ဆိုသည်မှာ ...
ဒီတစ်ခါတော့ Toyota Belta အကြောင်းရေးကြည့်မယ်နော်။ ၁၃၀၀စီစီတွေထဲမှာ များသောအားဖြင့် Hatchback လို့ခေါ်တဲ့ ကားနောက်ပိုင်းလုံးလုံး၊ ခုံးခုံးလေးတွေ များကြပါတယ်။
မော်ဒယ်အမြင့်ပိုင်းမှာကလည်း ၁၃၀၀စီစီမှသာ အခွန်နှုန်းသက်သာတာမို့ ၁.၃ ဆိုရင် Saloon Type အနေနဲ့ ရွေးချယ်စရာက အရမ်းရှားပါး၊ နည်းပါးပါတယ်။

အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်

RangonNewsDaily:: September 24, 2013

မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင်
ဖြစ်ပွားခဲ့သည်။

အရောင်းအ၀ယ်ကိစ္စဖြင့် ဘုန်းကြီးကျောင်းကို လာရောက်တည်းခိုသည့်မိန်းကလေးအား သံဃာတစ်ပါးမှ သားမယားအဖြစ် ပေါင်းသင်နေထိုင်ရန် ခိုးယူထွက်ပြေး.....

RangonNewsDaily:: September 24, 2013

ရွှေဘိုမြို့မရဲစခန်း၌ ယခုလ ၂၂ ရက်နေ့ မွန်းလွှဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က အရောင်းအ၀ယ်ကိစ္စဖြင့် ဘုန်းကြီးကျောင်းကို လာရောက်တည်းခိုသည့်မိန်းကလေးအား သံဃာတစ်ပါးမှ သားမယားအဖြစ် ပေါင်းသင်း နေထိုင်ရန် ခိုးယူထွက် ပြေး သွားသည့် အပေါ် တရားဥပဒေအရ အရေးယူပေးစေလိုကြောင်း လာရောက်တိုင်တန်းချက်များအရ ရဲစခန်းမှ အမှုဖွင့်ခဲ့ ကြောင်းသိရသည်။

Star Model Int’L နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ခင်ဝင့်ဝါက ငွေကျပ်သိန်း ၃၀ ပေးဆောင်၍ ရုပ်သိမ်း

Photo: Star Model Int’L နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ခင်ဝင့်ဝါက ငွေကျပ်သိန်း ၃၀ ပေးဆောင်၍ ရုပ်သိမ်း


Miss Supranational ပြိုင်ပွဲတွင် ဆု လေးဆုဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါသည် Star model Int’l နှင့် ချုပ်ဆို ထားသည့် စာချုပ...်ပါ စည်းကမ်းချက်အချို့ကိုဖောက်ဖျက်ခဲ့သဖြင့် ငွေကျပ် သိန်း ၃၀ လျော်ကြေး ပေးအပ် ၍ ရုပ်သိမ်း လိုက်ကြောင်း ခင်ဝင့်ဝါက မဇ္ဈိမသို့ပြောကြားလိုက်သည်။

ထို့အတွက်ကြောင့် ခင်ဝင့်ဝါအနေဖြင့် Miss Supranational Myanmar Organization ဖြင့် ချုပ်ဆို ထားသည့် အတိုင်း တစ်နှစ်တာ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောဆိုလိုက်သည်။

“သမီး Star မော်ဒယ်လ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အတွက် လျော်ကြေးငွေကို ဒီလလယ်မှာ Miss Supranational Myanmar Organization က ပြုလုပ်တဲ့ အနုပညာလုပ်ငန်းတွေမှာပဲဆက်ပြီး အလုပ်တွေ လုပ်သွား မှာပါ၊ ဆရာဂျွန်လွင်နဲ့ ဘာမှတော့ ပြဿနာမရှိပါဘူး၊ အေးအေးဆေးဆေးပါပဲ”ဟု ခင်ဝင့်ဝါက ပြော သည်။

ခင်ဝင့်ဝါသည် Star Model int’l တွင် ၂၀၁၂ ဇွန်၊ ဇူလိုင်လတွင် စတင်ပြီး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းပြီးဆုံးချိန်တွင် ခင်ဝင့်ဝါက ၎င်းအေဂျင်စီနှင့် ငါးနှစ်တာ အနုပညာအလုပ်များကို အတူတကွ လုပ်ကိုင်မည့် စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စာချုပ်အား ပယ်ဖျက်ခြင်းအပေါ် Star Model int’l မှ ဂျွန်လွင်က ““အခု အချိန်မှာ မပြေလည်စရာ အကြောင်း မရှိပါဘူး။ သူလည်း သူ့အလုပ် သူလုပ်နေတာပါ။ ကျွန်တော်တို့ အေဂျင်စီအနေနဲ့ ကလေးတွေ ကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ပေးထားတယ်၊ စာချုပ်ချုပ်ထားပေမယ့်လည်း သူတို့တွေ အလုပ်လုပ်ခွင့် ရနေမှာ ပါ။ ပြည်ပကို သွားပြိုင်ကြတဲ့ သူတွေအနေနဲ့ ပို့ပေးတဲ့ organizer တွေက အကျိုးမြတ်လိုလို့ လွှတ်ပေး တာလား။ စေတနာနဲ့ လွှတ်ပေးတာလား ဆိုတာကို သိရမှာပါ။ စာချုပ်ဆိုတာက စည်းနဲ့ဘောင်နဲ့ အလုပ် လုပ်ဖို့ အတွက် လုပ်ထားတာပါ။ အကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ စာချုပ်အတိုင်း တကယ်ပေးလျော် ရမယ်ဆိုရင် ဟိုဘက်ကို သိန်းတစ်ထောင်လျော်ရမှာ ကိုယ့်ဘက်က သိန်း ၃၀ ပဲ လျော်ရမှာ ဆိုတော့ ဘယ်ဘက်ကိုလျော်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ သူ့အနေနဲ့ ဟိုဘက်ကို စာချုပ်ချုပ် ထားတော့ အခက်အခဲဖြစ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ ငါးနှစ် စာချုပ် ချုပ်ထားပေမယ့် သိန်းကျပ် ၃၀ သတ် မှတ်ပြီး စာချုပ်ကို ဖျက်ပေးခဲ့တာပါ”ဟု ပြောသည်။

Mizzima - News in Burmese
မဇ္ဈိမ

RangonNewsDaily:: September 24, 2013

Miss Supranational ပြိုင်ပွဲတွင် ဆု လေးဆုဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါသည် Star model Int’l နှင့် ချုပ်ဆို ထားသည့် စာချုပ...်ပါ စည်းကမ်းချက်အချို့ကိုဖောက်ဖျက်ခဲ့သဖြင့် ငွေကျပ် သိန်း ၃၀ လျော်ကြေး ပေးအပ် ၍ ရုပ်သိမ်း လိုက်ကြောင်း ခင်ဝင့်ဝါက မဇ္ဈိမသို့ပြောကြားလိုက်သည်။

KTM X bow အမိုးပွင့် ပြိုင်ကား

Photo: KTM X bow အမိုးပွင့် ပြိုင်ကား
Monday, September 23, 2013

တကယ်စက်ရုပ်အတိုင်းပါပဲ။ နာမည် ကိုတော့ KTM X bow လို့ ပေးထား ပါတယ်။

အပြာရောင်အမိုးပွင့်ဖြစ်ပြီး အရွယ်သေး ပြိုင်ကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၂၅၀ စီစီ ၊ ဆလင်ဒါ ငါးလုံးပူး တာဘိုတပ်ထားပြီး မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၃၈၀ ရှိပါတယ်။ အားအရမ်းကြီးတာ သုံးမထားပါဘူး။ သို့ပေမယ့် ပုံစံလှလှ ပြိုင်ကား တစ်စီးအတွက် လုံလောက်တဲ့ အင်္ဂါတွေ စုံပါတယ်။ တစ်နာရီမိုင် မိုင် ၂၀၀ နီးနီး မောင်းနိုင်ပြီး အော်တိုနဲ့ ရိုးရိုး နှစ်မျိုး လုံး ထုတ်လုပ်ထားပါတယ်။

ကာလတန်ဖိုးဘယ်လောက်နဲ့ဖြန့်ချိမယ်ဆိုတော့ မသိသေးပါဘူး။ ဂျနီဗာ မော်တော်ယဉ် ပြပွဲမှာ ဝင်ရောက်ပြသထားပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း လောက် ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
ColayAutomobile

RangonNewsDaily:: September 24, 2013

တကယ်စက်ရုပ်အတိုင်းပါပဲ။ နာမည် ကိုတော့ KTM X bow လို့ ပေးထား ပါတယ်။

*** အင်ဂျင်နီယာ များသတိထား *** (ဟာသ)

RangonNewsDaily:: September 24, 2013

ဓာတုဗေဒ ပညာရှင်တစ်ဦး ဇီဝဗေဒ ပညာရှင်တစ်ဦး လျှပ်စစ် အင်ဂျင်နီယာ ပညာရှင်တစ်ဦး တို့ လျှပ်စစ်ထိုင်ခုန်ဖြင့် စီရင်ရမည်ဟု ပြစ်ဒဏ်ချလိုက်သည်။::
ပြစ်ဒဏ် စီရင်မည့်နေ့ တွင် အဆိုပါ သုံးဦးစလုံး ကိုတာဝန်ရှိသူ များက လျှပ်စစ်ထိုင်ခုံ ရှိရာ အခန်းသို့ ခေါ်ဆောင်လာသည်။

မြန်မာ ပြောင်းလဲမှုက တဖက်သတ် ဆန်တဲ့ ပြောင်းလဲမှုလို့ ဒေါ်စုဆို

Photo: မြန်မာ ပြောင်းလဲမှုက တဖက်သတ် ဆန်တဲ့ ပြောင်းလဲမှုလို့ ဒေါ်စုဆို
Monday, September 23, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းကို ပြောင်းရမယ်လို့ ပြောခဲ့သလို မြန်မာနိုင်ငံမှာ

ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲမှု တွေဟာလည်း အတိုက်အခံနဲ့ အစိုးရတို့ ညှိနှိုင်း တိုင်ပင် လုပ်ဆောင်သွားတဲ့ ပြောင်းလဲမှုမဟုတ်ပဲ တဖက်သတ်ဆန်တဲ့ ပြုပြင်ပြောင်းလဲမှုသာ ဖြစ်တယ်လို့ ပြောလိုက်
ပါတယ်။

စင်္ကာပူ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာ မိ သား စု တွေ နဲ့ တွေ့ဆုံ စဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဟန်ဂေရီ၊ ချက်နဲ့ ပို လန် နိုင် ငံ မှာ ဖြစ် ခဲ့ တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တွေမှာ အတိုက် အခံဖက်နဲ့ အာဏာရှင်ဖက် ဆွေးနွေး ညှိနှိုင်းပြီးမှ ဆုံးဖြတ်ချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥ ပ ဒေ တွေ ရေး ဆွဲ ကြတာ ဖြစ်ပေမယ့် မြန်မာ နိုင်ငံမှာတော့ အစိုးရ ဖက်ကနေ တဖက်သတ် ဆုံးဖြတ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိပဲ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဆက်ဖြစ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံလိုသူတွေ ဝင်ရောက်ရဲမှာမဟုတ်ဘူးလို့လည်း ပြောလိုက်ပါတယ်။

ရင်းနှီးမြုပ်နှံသူတွေအနေနဲ့လည်း တဖက်သတ်အမြတ်ကိုသာ မကြည့်ပဲ တာဝန်သိတဲ့ ရင်းနှီးမြုပ်နှံမှုမျိုး ဖြစ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

တဆက်တည်းမှာပဲ စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ ပညာတတ်မြန်မာတွေအနေနဲ့ တတ်နိုင်သလောက် တစ်နည်းတစ်လမ်းအားဖြင့် မြန်မာနိုင်ငံကို အကူအညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ တွေ့ဆုံဖို့ ရှိကြောင်းလည်း သိရပါတယ်။

ABC Radio Australia

RangonNewsDaily:: September 24, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူနိုင်ငံ ခရီးစဉ်အတွင်း မြန်
မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းကို ပြောင်းရမယ်လို့ ပြောခဲ့သလို
 မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲမှု တွေဟာလည်း အတိုက်အခံနဲ့ အစိုးရတို့ ညှိနှိုင်း တိုင်ပင် လုပ်ဆောင်သွားတဲ့ ပြောင်းလဲမှုမဟုတ်ပဲ တဖက်သတ်ဆန်တဲ့ ပြုပြင်ပြောင်းလဲမှုသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကင်ဆာဖြင့် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာ ကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ရာနှုန်းပြည့် နီးပါးမှာ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်နေ

Photo: ကင်ဆာဖြင့် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာ ကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ရာနှုန်းပြည့် နီးပါးမှာ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်နေ
Monday, September 23, 2013

ကင်ဆာရောဂါဖြင့် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာ ကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ ခန့်မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နေကြောင်း ကျန်းမာရေး ဦးစီးဌာန၊ ကင်ဆာရောဂါ တိုက်ဖျက်ရေး စီမံချက်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆုတ်ကင်ဆာသည် မြန်မာနိုင်ငံရှိ အမျိုးသားများ၌ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ ပြီးပါက တတိယ အများဆုံး ကင်ဆာဖြစ်နေကြောင်းနှင့် ဆေးလိပ်သောက်သုံး သူသည် ဆေးလိပ်မသောက်သော သူထက် ၁၅ ဆ မှ ၂၅ ဆအထိ ပို၍ အဆုတ်ကင်ဆာ ဖြစ်ရန် အလားအလာ ရှိကြောင်း သိရသည်။

ဆေးလိပ်သောက်သုံးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်စေသော အဓိက အကြောင်းရင်း တစ်ခုဖြစ်ပြီး ဆေးလိပ်သောက်သည့် အလေ့အကျင့် ကြာရှည်ခြင်း၊ ဆေးလိပ် သောက်သည့် အရေအတွက် များပြားခြင်း၊ သောက်သုံးသည့် ဆေးလိပ်တွင် ကတ္တရာနှင့် နီကိုတင်း များခြင်းများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားခြင်း ဖြစ်သည်။

လက်ရှိ မြန်မာကျောင်းသား ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်သောက်သုံးမှုနှုန်း မြင့်တက်နေကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tabacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင် နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည် ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည် မြင့်တက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကို တိုက်ရိုက်သုံးစွဲမှု မရှိသော်လည်း တစ်ဆင့်ခံရှူရှိုက် မိခြင်းကြောင့် အသက်သေဆုံး ရသူများအနက် ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်နေကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများဆိုင်ရာ သတင်းအချက် အလက်များအရ သိရသည်။

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် တစ်နှစ်လျှင် လူဦးရေ ခြောက်သန်းခန့် သေဆုံးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် အမျိုးသားဦးရေ ၁၀၀ လျှင် ၁၉ ဦးနှုန်း၊ အမျိုးသမီး ဦးရေ ၁၀၀ လျှင် ၁၈ ဦးမှာ သေဆုံးလျက်ရှိကြောင်း သိရသည်။ ဆေးလိပ်ငွေ့အတွင်း ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော် ပါဝင်ပြီး ယင်းတို့အနက်မှ ရာပေါင်းများစွာသည် အဆိပ်အတောက် ဖြစ်စေနိုင်သော အရာများ ဖြစ်ပြီး ၆၉ မျိုးမှာ ကင်ဆာ ဖြစ်စေနိုင်ကြောင်း သိရသည်။

Eleven Media Group

ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် ဆေးရုံတက်ရောက် ကုသနေသည့် ဝေဒနာရှင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် ဆေးရုံတက်ရောက် ကုသနေသည့် ဝေဒနာရှင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
RangonNewsDaily:: September 24, 2013

ကင်ဆာရောဂါဖြင့် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာ ကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ ခန့်မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နေကြောင်း ကျန်းမာရေး ဦးစီးဌာန၊ ကင်ဆာရောဂါ တိုက်ဖျက်ရေး စီမံချက်၏ ထုတ်ပြန်ချက်အရ သိရသည်။

သတ်မှတ်တန်ချိန်ထက် မပိုသောကြောင့် သစ်လုံးတင်ကားများ ရန်ကုန်တွင် မောင်းခွင့်ပြုခြင်းဖြစ်သည်ဟု ဝန်ကြီးဆို

RangonNewsDaily:: September 24, 2013

သတ်မှတ်ထားသည့် တန်ချိန်ထက် မပိုသောကြောင့် သစ်လုံးတင်ကားကြီးများကို ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖြတ်သန်းမောင်းနှင့်ခွင့်ပြုခြင
်းဖြစ်သည်ဟု ရန်ကုန်တိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက စက်တင်ဘာ ၂၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် အမတ်တစ်ဦး၏ မေးခွန်းကို ဖြေကြား လိုက်သည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ထူးထွက်ရှိနှုန်း အများဆုံးဖြစ်

Photo: ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ထူးထွက်ရှိနှုန်း အများဆုံးဖြစ်
Monday, September 23, 2013

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ထူးထွက်ရှိမှု နှုန်းမှာ အများဆုံး နေရာတွင် ရပ်တည်နေသော်လည်း ဂုဏ်ထူးရရှိသူ ဦးရေမှာ ယခင်နှစ်ကထက် လျော့နည်းကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ယခင်နှစ်က ရန်ကုန်တိုင်း ဒေသကြီး၌ ဂုဏ်ထူးရရှိသူ ဦးရေမှာ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၇၂ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၇၂၉ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ဦးရေ ၁၀၅၄၇ ဦးရှိခဲ့သည်။ ယခုနှစ်၌ ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၉၇ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၄၅ ဦးဖြင့် ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်ရှိမှု နှုန်းမှာလည်း ကျဆင်းသွားကြောင်း သိရသည်။

''ဂုဏ်ထူးထွက်ရှိမှု ရာခိုင်နှုန်းတွေကတော့ ခုမှတွက်နေတုန်း ရှိပါသေးတယ်။ အသေးစိတ်တော့ အတိအကျတော့ မရနိုင်သေးပါဘူး။ ရန်ကုန်တိုင်း ဒေသကြီးကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဂုဏ်ထူး အများဆုံး ထွက်ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကထက်တော့ မတိုးပါဘူး။ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ဂုဏ်ထူးရရှိမှုကတော့ မနှစ်ကထက် လျော့ပါတယ်'' ဟု အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဂုဏ်ထူးထွက်ရှိမှု အများဆုံးအဖြစ် ရန်ကုန်တိုင်း ဒေသ ကြီးမှာ ပထမနေရာတွင် ရပ်တည်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးမှာ ဒုတိယအများဆုံးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ တတိယ အများဆုံး နေရာတွင် ရပ်တည်ခဲ့သည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ မွန်ပြည်နယ်မှာ ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အောင်ချက် အကောင်းဆုံး ပြည်နယ်အဖြစ် ပထမနေရာတွင် ရှိနေကြောင်း သိရသည်။ ကချင်ပြည်နယ်မှာ ၄၃ ဒသမ ၇၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၄၁ ဒသမ ၈၈ ရာခိုင်နှုန်းဖြင့် တတိယ အဆင့်တွင် ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ ၃၃ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမ အဆင့်တွင် ရပ်တည်နေကြောင်း သိရသည်။

Eleven Media Group

အ .ထ .က (၁) ဒဂုံ၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခဲ့ကြသူများကို တွေ့ရစဉ်
အ .ထ .က (၁) ဒဂုံ၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခဲ့ကြသူများကို တွေ့ရစဉ်
RangonNewsDaily:: September 24, 2013

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ရန်ကုန်တိုင်း ဒေသကြီး၏ ဂုဏ်ထူးထွက်ရှိမှု နှုန်းမှာ အများဆုံး နေရာတွင် ရပ်တည်နေသော်လည်း ဂုဏ်ထူးရရှိသူ ဦးရေမှာ ယခင်နှစ်ကထက် လျော့နည်းကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

တရုတ် ၀ါရင့်နိုင်ငံရေးသမားဘိုရှီလိုင်း ထောင်ဒဏ် တသက်ချမှတ်ခံရ

Photo: ဘိုရှီလိုင်းကို ထောင်ဒဏ် တသက်ချ
 Monday, September 23, 2013

တရုတ်နိုင်ငံက ၀ါရင့်နိုင်ငံရေးသမား Bo Xilai ကို အာဏာအလွဲသုံးမှု၊ ငွေကြေးအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုစတဲ့ ပြစ်မှုတွေမှာ အပြစ်ရှိကြောင်းထင်ရှားတဲ့အတွက် တရုတ်နိုင်ငံ ပြည်သူ့တရားရုံးတခုက သူ့ကို ထောင်ဒဏ် တသက်တကျွန်းချမှတ်လိုက်ပါတယ်။

Jinan ပြည်သူ့တရားရုံးက တနင်္ဂနွေနေ့က ခုလိုစီရင်ချက် ဆုံးဖြတ်ချမှတ်လိုက်တာဖြစ်ပြီး ဒီအမှုဟာ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံမှာ အနီးကပ် စောင့်ကြည့်အခံရဆုံး နိုင်ငံရေးအရှုပ်တော်ပုံ အမှုတွေထဲက တခုဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့တရားဥပဒေမှာ ဆယ်စုနှစ်တခုကျော်ကြာ ကျင့်သုံးတဲ့အယူခံခွင့်အရ Bo Xilai အနေနဲ့ ဒီပြစ်ဒဏ်ချမှတ်မှုကို အယူခံလွှာတင်သွင်းခွင့် ရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ တရားရုံးဆုံးဖြတ်ချက်အရ Bo Xilai ရဲ့ တသက်တာ နိုင်ငံရေးလုပ်နိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒါဟာ တခါက အောင်မြင်ထင်ရှားခဲ့တဲ့ Bo Xilai ရဲ့ နိုင်ငံရေး သမားဘ၀ ကို ထိထိရောက်ရောက်အဆုံးသတ်စေ လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၃ သန်းကျော်တန်တဲ့ Bo Xilai ပိုင်ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းဖို့ ရုံးတော်က ဆုံးဖြတ်လိုက်ပါတယ်။

အသက် ၆၄ နှစ်အရွယ် ပေါလစ်ဗြူရို အဖွဲ့ဝင်ဟောင်း Bo Xilai ဟာ အရင်လက သူ့ကို အမှုစစ်ဆေးတဲ့တရားခွင်ထဲမှာ မကြုံစဖူး ပြင်းထန်တဲ့ ခုခံချေပမှုတွေလုပ်ခဲ့ပါတယ်။ သူအမှားလုပ်ခဲ့တယ်ဆိုတာ ၀န်ခံပေမဲ့ တရားရုံး စွဲဆိုချက်အတော်များများကို ငြင်းဆန် ခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်တသက် ချမှတ်ခံရသော တရုတ်ဝါရင့်နိုင်ငံရေးသမား Bo Xilai

VOA
အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်တသက် ချမှတ်ခံရသော တရုတ်ဝါရင့်နိုင်ငံရေးသမား Bo Xilai
RangonNewsDaily:: September 24, 2013
တရုတ်နိုင်ငံက ၀ါရင့်နိုင်ငံရေးသမား Bo Xilai ကို အာဏာအလွဲသုံးမှု၊ ငွေကြေးအလွဲသုံးစားမှုနဲ့ အဂတိလိုက်
စားမှုစတဲ့ ပြစ်မှုတွေမှာအပြစ်ရှိကြောင်းထင်ရှားတဲ့အတွက်တရုတ်နိုင်ငံ ပြည်သူ့တရားရုံးတခုကသူ့ကို ထောင်
ဒဏ် တသက်တကျွန်းချမှတ်လိုက်ပါတယ်။

ဂျာမဏီရွေးကောက်ပွဲ ၀န်ကြီးချုပ်မာကဲလ် မဲအသာစီးရ

Photo: ဂျာမဏီရွေးကောက်ပွဲ ၀န်ကြီးချုပ်မာကဲလ် မဲအသာစီးရ
Monday, September 23, 2013

ဂျာမဏီနိုင်ငံက ရွေးကောက်ပွဲမှာ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် Angela Merkel ဟာ တတိယအကြိမ် သက်တမ်းကို ဆက်လက် တာဝန်ယူရဖွယ် ရှိနေပါတယ်။

မဲရလဒ်တွေအရ သူဦးဆောင်တဲ့ ရှေးရိုးစွဲ Conservatives တွေအနေနဲ့ လွှတ်တော်မှာ အများစုနေရာရမယ့် အလားအလာတွေလည်း ထွက်ပေါ်နေတာပါ။ ဂျာမဏီနိုင်ငံက ARD နဲ့ ZDF ရုပ်မြင်သံကြား စစ်တမ်းအရ ၀န်ကြီးချုပ်ရဲ့ Christians Democrats တွေက မဲအားလုံးရဲ့ ၄၂ % ကျော် ရရှိခဲ့တဲ့အတွက် အားလုံး ပေါင်းရင်တောင်မှ လွှတ်တော်မှာ နေရာရရုံလောက်သာရှိတဲ့ အတိုက်အခံပါတီတွေထက် အပြတ်အသတ် အသာရခဲ့တာလည်း ဖြစ်ပါတယ်။

မဲရလဒ်တွေကို အတည်ပြုနိုင်ပြီဆိုရင်တော့ ၀န်ကြီးချုပ်ရဲ့ရှေးရိုးစွဲအုပ်စုဖြစ်တဲ့ Christian Democratic Union နဲ့ Bavarian Christian Social Union တို့ဟာ မဟာမိတ်ညွန့်ပေါင်း မလိုဘဲနဲ့ အစိုးရဖွဲ့နိုင်တော့မှာပါ။ ၀န်ကြီးချုပ်ရဲ့ အဓိကစိန်ခေါ်ဘက်ဖြစ်တဲ့ အလယ်လက်ဝဲယိမ်းဝါဒီ Peer Steinbrueck ရဲ့ ဆိုရှယ်ဒီမိုကရက် ပါတီကတော့ မဲအားလုံးရဲ့ ၂၆.၅% နဲ့ ပြတ်ကျန်ခဲ့ပါတယ်။

အကြိုရလဒ်တွေအရ ၀န်ကြီးချုပ်ရဲ့ ညွန့်ပေါင်းပါတီတခုဖြစ်တဲ့ စီးပွားရေး ဦးစားပေးပါတီ Free Democrats ကတော့ မဲအရေအတွက် ၄.၇% သာ ရခဲ့တာကြောင့် လွှတ်တော်တွင်းမှာ အနည်းဆုံး ကိုယ်စားလှယ် ၅% ရှိရမယ့် သတ်မှတ်ချက်ကို မပြည့်မီပဲ ဖြစ်ခဲ့ရတာပါ။ အဖွဲ့ဝင် ၁၇ နိုင်ငံ ပါဝင်တဲ့ ယူရိုဇုန်ကို စနစ်တကျ ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းနေတဲ့ နိုင်ငံရေး ပါတီသစ်ဖြစ်တဲ့ Alternative for Germany ကလည်း ၄.၉% သာ ရခဲ့တဲ့အတွက် လွှတ်တော်မှာ ပါဝင်ခွင့်ရနိုင်ရေး မရေမရာ ဖြစ်နေပါတယ်။

တတိယသက်တမ်းပြန်အနိုင်ရဖွယ်ရှိနေတဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel (စက်တင်ဘာ ၂၂၊ ၂၀၁၃)

VOA
တတိယသက်တမ်းပြန်အနိုင်ရဖွယ်ရှိနေတဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel (စက်တင်ဘာ ၂၂၊ ၂၀၁၃)
RangonNewsDaily:: September 24, 2013

ဂျာမဏီနိုင်ငံက ရွေးကောက်ပွဲမှာ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် Angela Merkel ဟာ တတိယအကြိမ် သက်တမ်းကို ဆက်လက် တာဝန်ယူရဖွယ် ရှိနေပါတယ်။

မြေငလျင်သတင်း (Earthquake News Update)

RangonNewsDaily:: September 24, 2013

(၂၄-၉-၂၀၁၃)ရက် နံနက် (၅း၄၈) နာရီ အချိန်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ တစ်နေရာတွင် အင်အား ရစ်ခ်ျတာစကေး (၄.၇) ရှိသော အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။

ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများဖြင့် လူငယ်တစ်ဦးသေဆုံး

RangonNewsDaily:: September 24, 2013

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်း တိုက်ညီနောင်နှင့် အထက် ပန်းဆိုးတန်းမီးပွိုင့်အနီး နံနက် ၅ နာရီခွဲခန့်က အသက်(၂၅)နှစ်အရွယ် လူငယ်တစ်ဦး

တိုင်ဖွန်း မုန်တိုင်း Usagi တိုက်ခတ်မှုကြောင့် တရုတ်တွင် သေဆုံးသူ ၃၃ ဦးအထိရှိလာ

ပေကျင်း ၊ ၂၄-၉-၂၀၁၃

ယခုနှစ်တွင် တိုက်ခတ် ခဲ့သည့် မုန်တိုင်းများအနက် အင်အား အပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်သော Usagi မုန်တိုင်းသည် တရုတ်နိုင်ငံသို့ ဝင်ရောက် တိုက်ခတ်ခဲ့ရာ သေဆုံးသူ ဦးရေမှာ ၃၃ ဦးအထိ မြင့်တက် လာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ များက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

ကုရ်ဗာနီကြီးကြပ်ရေးဗဟိုကော်မတီဖွဲ့စည်း

RangonNewsDaily:: September 24, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက(ဟိဂ်ျဂျရီ ၁၄၃၄)၂ဝ၁၃ ခုနှစ် ကုရ်ဗာနီကြီး
ကြပ်ရေးဗဟိုကော်မတီကို အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၅ ဖွဲ့မှ အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း မမလ ဌာနချုပ် ဖဘ စာမျက်နှာတွင် ဖေါ်ပြထားသည်။

ပရီးမီးယားလိဂ် ပွဲစဉ်(၅)၏အကောင်းဆုံးအသင်း

ပရီးမီးယားလိဂ် ပွဲစဉ်(၅)၏အကောင်းဆုံးအသင်း

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ စုစုပေါင်းသွင်းဂိုး(၂၉)ဂိုးရှိခဲ့ပြီး လီဗာပူး ခြေချော်ချိန်မှာ စတုတ်စီးတီးကိုအနိုင်ရခဲ့တဲ့ အာဆင်နယ်ကတော့ အမှတ်ပေးဇယား ဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ နေရာအလိုက်ခြေစွမ်းအပြနိုင်ဆုံး ကစားသမားတွေကို Goal.com က ၄-၄-၂ ပုံစံနဲ့ ရွေးချယ်ခဲ့ပြီး မန်စီးတီး ကစားသမား(၃)ဦးထိ ပါဝင်လာခဲ့ပါတယ်။

ဒီလူစာရင်းမှာ အကောင်းဆုံး ဂိုးသမားအဖြစ်မာရှယ်(ခရစ္စတယ်ပဲလေ့စ်)
ရွေးချယ်ခံရပြီးနောက်ခံလူတွေအဖြစ် ဘာကူနာ(ဗီလာ)၊ ကွန်ပနီ(မန်စီးတီး)၊ လိုဗရန်(ဆောက်သမ်တန်)၊လေတန်ဘိန်းစ်(အဲဗာတန်)တို့ ပါဝင်လာသလို ကွင်းလယ်လူတွေကတော့အမယ်ဖီတာနို(၀က်စ်ဘရွန်း)၊ အော်စကာ(ချဲလ်ဆီး)၊ အိုဇဲလ်(အာဆင်နယ်)၊ နာဆရီ(မန်စီးတီး)တို့ပါပဲ။ ဒါ့အပြင် အကောင်းဆုံး တိုက်စစ်မှူးတွေအဖြစ် (၂)ဂိုးစီ သွင်းယူနိုင်ခဲ့ကြတဲ့ အဂူရို(မန်စီးတီး)နဲ့ ရီမီ(နယူးကာဆယ်)တို့ ရွေးချယ်ခံခဲ့ရပါတယ်။
http://yoyarlay.com/sport/football/38074-2013-09-23-17-38-32
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: September 24, 2013
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ စုစုပေါင်းသွင်းဂိုး(၂၉)ဂိုးရှိ
ခဲ့ပြီး လီဗာပူး ခြေချော်ချိန်မှာ စတုတ်စီးတီးကိုအနိုင်ရခဲ့တဲ့ အာဆင်နယ်ကတော့ အမှတ်ပေးဇယား ဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။

လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သော မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရေး- ထားဝယ် ရထားလမ်းပိုင်း ပြင်ဆင်ပြီးစီး

မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရေး- ထားဝယ် ရထားလမ်းပိုင်း မိုင်တိုင်အမှတ် ၂၈၁ အနီးတွင်

၂၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က အလျား ပေ ၃ဝ ၊ အနံ ၁ ပေခန့်ရှိ မြေသားများ ပြိုကျခဲ့ပြီး လမ်းပိတ်ဆို့မှုကြောင့် တပ်မတော်သားများနှင့် ရထားဝန်ထမ်းများ ပူးပေါင်း၍ မြေသားများ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက် ပေးခဲ့ရာ နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

(မြ၀တီ)

RangonNewsDaily:: September 24, 2013
မြေသားများပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သော မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရေး- ထား
ဝယ် ရထားလမ်းပိုင်း ပြင်ဆင်ပြီးစီးပြိးဖြစ်ကြောင်းသတင်းရရှိသည်။